Showing posts with label မြန်မာ့ အရေးကျွမ်းကျင်သူ (ယူနန်ပြည်နယ်အစိုးရအကြံပေး). Show all posts
Showing posts with label မြန်မာ့ အရေးကျွမ်းကျင်သူ (ယူနန်ပြည်နယ်အစိုးရအကြံပေး). Show all posts
Tuesday, 17 February 2015
မြန်မာ့ အရေးကျွမ်းကျင်သူ (ယူနန်ပြည်နယ်အစိုးရအကြံပေး) ဒေါက်တာလီချန်ယန်းနှင့် တွေ့ဆုံခြင်း
-စိုင်းထွန်းအောင်လွင် တွေ့မေးသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုး တက်ကောင်းမွန်လာမှုနဲ့အတူ တရုတ်နဲ့ မြန်မာနိုင်ငံ အကြားမှာလည်း ဆက်ဆံရေး ဆက်လက်ကောင်းမွန်လာ အောင် ကြိုးစားနေတာ တွေ့ရပါတယ်။ လက်ရှိအချိန်ကို ကြည့်မယ်ဆိုရင် လက်ပံတောင်းကိစ္စ၊ ကချင်ပြည်နယ် မှာ သစ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမှု၊ နယ်စပ်အနီး လက်နက်ကိုင်တွေနဲ့ ပဋိပက္ခ တွေ ဖြစ်နေမှု စတဲ့အကြောင်းရာတွေပေါ် မူတည်ပြီး နှစ်နိုင်ငံဆက်ဆံရေးအပေါ် သင်္ကာမကင်းဖြစ်မှုတွေ ရှိ လာပါတယ်။
အဲဒီကိစ္စတွေ အပါအဝင် ပထဝီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မြန်မာ့အရေးကျွမ်း ကျင်သူလည်းဖြစ်၊ ယူနန်တက္ကသိုလ် ပါမောက္ခလည်းဖြစ်ပြီး ယူနန်ပြည်နယ်အစိုးရရဲ့ အကြံပေးလည်းဖြစ်သူ၊ မြစ်ဆုံ၊ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာလီချန်ယန်းကို ဖလားဝါးနယူးစ်ဂျာနယ်မှ အမှုဆောင်အယ်ဒီတာ စိုင်းထွန်းအောင် လွင်က တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
မေး - တရုတ်-မြန်မာ ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်ကြည့် မယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ကာလကစလို့ ခေတ် ကာလအလိုက် အနိမ့်အမြင့် အတက်အကျတွေရှိခဲ့တာ
Subscribe to:
Posts (Atom)


