မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်မှစ၍ ဒင်္ဂါးများကို အသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသော ဝေါဟာရကို ပါဠိစကားလုံး “ဋင်္က မှ ထုတ်ယူသုံးစွဲသည်ဟု အဆိုရှိသည်။ “ဘုရင့်တံဆိပ်လက်ရာရှိသောငွေကြေး”ဟု အဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတဘာသာ “တင်္က” ဟူသော စကားလုံးမှ ရွေ့လျောလာသည်ဟု ဆိုသည်။
ဒင်္ဂါး ဟူသော ဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက စာပေ ကဗျာ
လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့ နားရည်ဝနေသည်မှာ ကြာပြီဖြစ်သည်။
မြန်မာလင်္ကာဆရာကြီး ဖိုးသူတော်ဦးနု၏ အလင်္ကာတစ်ခုတွင် “ဒင်္ဂါး – ဒင်္ဂါး
အရင်းစကားမှာ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး သူပါလျှင်


