မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ NLD ပါတီမှ ရွေးကောက်ပွဲ ၀င်မည်. Show all posts
Showing posts with label နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ NLD ပါတီမှ ရွေးကောက်ပွဲ ၀င်မည်. Show all posts

Monday, 20 July 2015

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ NLD ပါတီမှ ရွေးကောက်ပွဲ ၀င်မည်


Nainglin Aung's photo.


နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတဆင့် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ်၊ ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ နော်စူစန်နာ လှလှစိုး၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးဝင်းချို၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ၊ ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါက်တာ သက်သက်ခိုင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဒေါ်သက်သက်အောင်၊ ဘလော့ဂါ ဦးနေဘုန်းလတ်တို့သည် NLD ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဇူလိုင် ၁၈ ရက်နေ့က လျှောက်လွှာတင်ထားကြောင်း သိရသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ နိုင်ငံရေး အကျဉ်းသူဟောင်း