Showing posts with label Anonymous ဟက်ကာတွေရဲ့ နောက်ထပ်လက်ချက်?. Show all posts
Showing posts with label Anonymous ဟက်ကာတွေရဲ့ နောက်ထပ်လက်ချက်?. Show all posts
Wednesday, 20 November 2013
Anonymous ဟက်ကာတွေရဲ့ နောက်ထပ်လက်ချက်?
အမေရိကန် FBI ၏ မှတ်တမ်းများအရ အမည်မသိ ဟက်ကာများအဖွဲ့ ‘Anonymous’ သည် အမေရိကန်အစိုးရအဖွဲ့ ကွန်ပျူတာများကို တစ်နှစ်နီးပါးခန့် ဖောက်ထွင်းဝင်ရောက် ခဲ့ကြောင်း သိရပါသည်။ ထိုသို့ ဖောက်ထွင်းဝင်ရောက် ခဲ့ရာတွင် Anonymous အနေဖြင့် အစိုးရ၏ ဆက်စပ်အေဂျင်စီများမှ တစ်ဆင့် ဒီဇင်ဘာ ၂၀၁၂မှစကာ ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သည့်လ ကမှ Hacking လုပ်ခြင်းကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါသတင်းမှာ FBI ၏ ကြေညာချက်ကို Reuters သတင်းဋ္ဌာနမှ တစ်ဆင့် သိရှိခဲ့ရခြင်း ဖြစ်ပြီး အမေရိကန်အစိုးရ အနေဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာအတွက် ယခုဖြစ်စဉ်ကို ‘မတော်တဆမှု’ တစ်ခုအဖြစ်သာ ခေါင်းစဉ်တပ်ခဲ့သည်။ အစိုးရ၏ ကွန်ပျူတာသမားများကလည်း Hack ခံလိုက်ရခြင်း
Subscribe to:
Posts (Atom)

![Anonymous ဟက်ကာတွေရဲ့ နောက်ထပ်လက်ချက်?
=============================
အမေရိကန် FBI ၏ မှတ်တမ်းများအရ အမည်မသိ ဟက်ကာများအဖွဲ့ ‘Anonymous’ သည် အမေရိကန်အစိုးရအဖွဲ့ ကွန်ပျူတာများကို တစ်နှစ်နီးပါးခန့် ဖောက်ထွင်းဝင်ရောက် ခဲ့ကြောင်း သိရပါသည်။ ထိုသို့ ဖောက်ထွင်းဝင်ရောက် ခဲ့ရာတွင် Anonymous အနေဖြင့် အစိုးရ၏ ဆက်စပ်အေဂျင်စီများမှ တစ်ဆင့် ဒီဇင်ဘာ ၂၀၁၂မှစကာ ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သည့်လ ကမှ Hacking လုပ်ခြင်းကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါသတင်းမှာ FBI ၏ ကြေညာချက်ကို Reuters သတင်းဋ္ဌာနမှ တစ်ဆင့် သိရှိခဲ့ရခြင်း ဖြစ်ပြီး အမေရိကန်အစိုးရ အနေဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာအတွက် ယခုဖြစ်စဉ်ကို ‘မတော်တဆမှု’ တစ်ခုအဖြစ်သာ ခေါင်းစဉ်တပ်ခဲ့သည်။ အစိုးရ၏ ကွန်ပျူတာသမားများကလည်း Hack ခံလိုက်ရခြင်း အတွက် မည်သည့်ထိခိုက်မှုများ ရှိခဲ့သည်ကို စစ်ဆေးလျက်ရှိသည်။ FBI ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ယခုသတင်းနဲ့ စပ်လျဉ်း၍ တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆန်ခဲ့သော်လည်း Anonymous ဟက်ကာအဖွဲ့ အနေဖြင့် အစိုးရကို ဦးတည်သော ဆိုက်ဘာ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားနိုင်ဖွယ် ရှိသည်။
အမေရိကန်၏ စွမ်းအင်ဝန်ကြီးဋ္ဌာန၊ ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ အမေရိကန် စစ်တပ်နှင့် အခြားသော ဋ္ဌာနများပါ ယခုတိုက်ခိုက်မှု၏ အကျိုးဆက်များကို ခံစားခဲ့ရသည်။ ၀န်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ၊ ဘဏ်အကောင့်ပေါင်း ၂၀၀၀ ခန့်၏ အချက်အလက်များလည်း ခိုးယူခံခဲ့ရသည်။
ယခုတိုက်ခိုက်မှုတွင် Photoshop, Illustrator စသည်တို့ကို ထုတ်လုပ်သော Adobe ဆော့ဖ်ဝဲလ် ကုမ္ပဏီ၏ ‘Adobe ColdFusion’ ကို အသုံးချခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီကမူ ၎င်းတို့၏ ဆော့ဖ်ဝဲလ်ကို သုံး၍ ဆိုက်ဘာ တိုက်ခိုက်မှုများစွာ ပြုလုပ်နေကြကြောင်း သိရှိသော်လည်း ယခုဖြစ်စဉ်ကို မသိရှိကြောင်း ငြင်းဆန်ထားသည်။
Ref: Techspot
Kangyi ( @[384466751661427:274:Myanmar Consumer Guide] )](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn2/s403x403/1457539_500603886714379_1212043064_n.jpg)