ဖုန်းလည်းဟုတ်၊ tablet လည်းဟုတ်တဲ့ Phablet(အပြားကြီးကြီးဖုန်း) တွေကို
ခုခေတ် နောက်ပိုင်း တော်တော်လေး အသုံးပြုလာ ကြတာကို တွေ့ရပါတယ်။ ဒီအထဲမှာ
တောင်ကိုးရီးယားအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Samsung က နောက်ဆုံး
ထုတ်လုပ်လိုက်တဲ့ Galaxy Note 3 ဟာလည်း နာမည်ကြီးတစ်ခု အပါအ၀င်ဖြစ်ပါတယ်။
Samsung ဟာ ဒီလို ဆိုဒ်ကြီးတဲ့ ဖုန်းအမျိုးအစားများစွာကို ထုတ်လုပ်ရန်
ရည်ရွယ်ခဲ့သူပါ။ အဲဒီထဲကမှ Note 3 ဟာလည်း တစ်ခုပေါ့။
Note 3 မှာတော့ အင်မတန်ကောင်းမွန်တဲ့ Hardware နဲ့ Software စွမ်းဆောင်ချက်အသစ်တွေ ပါဝင် လာပါတယ်။
Samsung Galaxy Note 3 မှာ ကျယ်ပြန်တဲ့ s-pen ကို support လုပ်ပေးနိုင်တဲ့ 5.7 လက်မ FullHD မျက်နှာပြင်ပါဝင်လာ ပါတယ်။ Processor ပိုင်းဆိုင်ရာမှာတော့