မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label NLD အတွင်း သဘောထားကွဲ. Show all posts
Showing posts with label NLD အတွင်း သဘောထားကွဲ. Show all posts

Thursday, 16 January 2014

ဦးကိုနီကို အကြောင်းပြု၍ NLD အတွင်း သဘောထားကွဲ

ဦးကိုနီကို အကြောင်းပြု၍ NLD အတွင်း သဘောထားကွဲ

ရန်ကုန်၊ ဇန်န၀ါရီ ၁၅

ပါတီဝင်အဟောင်းများနှင့် အသစ်များအကြား တင်းမာမှုများ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနေသော NLD ဗဟိုရုံးချုပ်၌ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို အကြောင်းပြု၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနေကြောင်း သိရှိရသည်။

NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် မူဝါဒအသစ်များ ရေးဆွဲရန် ဆောင်ရွက်ကြရာ၌ လွှတ်တော်အမတ် ဦးဝင်းမြင့်ကတစ်ဆင့် ပြင်ဆင်ရေးဆိုင်ရာ ဆောင်းပါးများ ရေးသားလျက်ရှိသော တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို CEC အတွင်း ထည့်သွင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရှေ့နေကြီးဦးကိုနီသည် ယခုအခါ NLD အတိုင်ပင်ခံများ ဖြစ်ကြသော ဦးတင်ဦး၊ ဦးဝင်းတင်တို့နှင့် တစ်တန်းတည်းထားကာ ဆက်ဆံခြင်း ခံခဲ့ရသောကြောင့် လူဟောင်းများက မကျေမနပ် ဖြစ်လာကြခြင်း ဖြစ်ကြောင်း တက္ကသိုလ်ရိပ်သာလမ်း ရုံးမှ အတွင်းသိများက ပြောဆိုသည်။

NLD ပါတီအပေါ် အစ္စလာမ်ဘာသာဝင်များ အကြောင်းပြု၍ ဝေဖန်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေချိန်တွင် ဦးကိုနီအား ထိပ်ပိုင်းတွင် တာဝန်ပေးအပ်ခဲ့ပါက ပိုမိုဆိုးရွားလာနိုင်ကြောင်း ရန်ကုန်အဖွဲ့က တုံ့ပြန်ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်အဖွဲ့ တို့က ပယ်ချခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်အဖွဲ့တွင် ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း ဦးဆောင်သော ၀င်း-၀င်းဂိုဏ်း ဖြစ်ပြီး နေပြည်တော်အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည်။ နေပြည်တော်အဖွဲ့သည် ၀င်း-၀င်းဂိုဏ်းကို အလေးမထားသည့်အပြင် ဦးကိုနီအား NLD ဥပဒေ အကြံပေးအဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် မိတ်ဆက်ပေးကာ အမေရိကန်နိုင်ငံသို့ ၁ လကျော်ကြာ စေလွှတ်ရာတွင် လိုက်ပါစေခဲ့သည်။

လွှတ်တော်အမတ်များ ပါဝင်သော အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ဦးကိုနီအား ခေါင်းဆောင်တင်၍ စေလွှတ်မှုကို ရန်ကုန်NLD က ကျေနပ်ခြင်း မရှိဘဲ ပြည်သူများ၏ ဆန့်ကျင်မှုများ ပိုမိုခံရနိုင်သည် ဟု ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

သို့သော်လည်း NLD နေပြည်တော်အဖွဲ့ကမူ ဦးကိုနီကို ကန့်ကွက်နေလျှင် ဦးကိုနီလောက် မည်သူ အရည်အချင်း ရှိသနည်း ဟု ပြန်လည်မေးမြန်းခဲ့ရာ ဦးဥာဏ်ဝင်းနှင့် ရန်ကုန်အဖွဲ့က အမျက်ထွက်လျက်ရှိကြောင်း သိရှိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး NLD ပြောခွင့်ရသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

Credit To >> ပြည်သူ့အာဏာ


 ရန်ကုန်၊ ဇန်န၀ါရီ ၁၅ ပါတီဝင်အဟောင်းများနှင့် အသစ်များအကြား တင်းမာမှုများ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနေသော NLD ဗဟိုရုံးချုပ်၌ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို အကြောင်းပြု၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနေကြောင်း သိရှိရသည်။ NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် မူဝါဒအသစ်များ ရေးဆွဲရန် ဆောင်ရွက်ကြရာ၌ လွှတ်တော်အမတ် ဦးဝင်းမြင့်ကတစ်ဆင့် ပြင်ဆင်ရေးဆိုင်ရာ ဆောင်းပါးများ ရေးသားလျက်ရှိသော တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို CEC အတွင်း ထည့်သွင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရှေ့နေကြီးဦးကိုနီသည် ယခုအခါ NLD အတိုင်ပင်ခံများ ဖြစ်ကြသော ဦးတင်ဦး၊ ဦးဝင်းတင်တို့နှင့် တစ်တန်းတည်းထားကာ ဆက်ဆံခြင်း ခံခဲ့ရသောကြောင့် လူဟောင်းများက မကျေမနပ် ဖြစ်လာကြခြင်း ဖြစ်ကြောင်း တက္ကသိုလ်ရိပ်သာလမ်း ရုံးမှ အတွင်းသိများက ပြောဆိုသည်။ NLD ပါတီအေပၚ အစၥလာမ္ဘာသာ၀င္မ်ား