နိုဝင်ဘာလ ၁၄ ရက် ၂၀၁၄
ထိုင်းနိုင်ငံ စတွန်းခရိုင်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းခလေး - ခနစ်ထာ ကျန်ဆဝမ် (နောင့်လိုင်လာ့) ဟာ ကောက်ညှင်းပေါင်းနဲ့ကြက် သားကြော်ထုပ်ပျောက်လို့ မကျေမနပ်မှုကို ဗီဒီယိုခလစ်နဲ့ရင်ဖွင့်ပြီး အွန်လိုင်းပေါ်တင်လိုက်တာနဲ့ ၁ ရက် ၂ ရက်အတွင်းမှာ ပရိသတ်သန်းကျော် ကြည့်ရှုအားပေးလို့ ယခုပတ်အတွင်း ထိုင်းနိုင်ငံတဝှမ်းမှာ နာမည်အကြီးဆုံး ဖြစ်နေပါတယ်။
အခုဆိုရင် နောင့်လိုင်လာ့ကို လက်ကိုင်ဖုန်းအရောင်း ကိုယ်စားလှယ်တော်တော် များများက ပရီစင်တာ လုပ်ပေးဖို့ ဖုန်းဆက်ပြော ဆိုလာကြတဲ့အထိဖြစ် လာတာပါ။
နောင့်လိုင်လာ့ဟာ စတွန်းခရိုင် စတွန်းမြို့တွင်းမြို့နယ် မှာနေထိုင်တဲ့ ဆင်းရဲသားမိသားစု က ပေါက်ဖွားလာတာဖြစ်ပါတယ်။ သူမဟာ အဖွားနဲ့ အတူနေထိုင်ပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က သူတို့ ရပ်ကွက်ရဲ့လမ်းထိပ် ဆဲဗင့်အီလဲဗင့်စတိုးရဲ့ရှေ့က