နိုဝင်ဘာလ ၁၄ရက်၊ ၂၀၁၄
ဗုဒ္ဓဘာသာ ရဟန်းတော်များအား မိုက်မိုက်ရိုင်းရိုင်း ထိပါးစော်ကားခဲ့သော NLD
ပါတီ ဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးထင်လင်းဦးအား
သာသနာတော်ညှိုးနွမ်းစေခြင်းကြောင့် ကာယကံရှင်နှင့် NLD ပါတီက
တစ်နိုင်ငံလုံးရှိ သံဃာတော်များ အားလုံးကို ၀န်ချတောင်းပန်ရန်
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက မိန့်ကြားသည်။
“NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးထင်လင်းဦးရဲ့ ချောင်းဦးမြို့နယ်ထဲက ဟောပြောပွဲမှာ
တော်တော်ကြီးကို မိုက်မိုက်ရိုင်းရိုင်း ပြောသွားတယ်။ မုံရွာဘက်က NLD ပါတီ တာဝန်ရှိသူတွေက အရက်မူးပြီး လျှောက်ပြောတာပါ ဆိုပြီး ကာကွယ်တယ်။ တော်တော်ကြီးကို စိတ်ထိခိုက်ရပါတယ်။ ဘယ်လိုမှ လက်မခံနိုင်တဲ့ အသုံးအနှုံးမျိုးတွေနဲ့ ပြောသွားလိုက်တာ။ နားထောင်ဖို့တောင် မသင့်တဲ့ ပြောကြားချက်တွေပါပဲ။ တော်တော်လည်း တုန်လှုပ်မိပါတယ်။ သံဃာတော်တွေကို သိမ်းကျုံးပြီး မိုက်မိုက်ရိုင်းရိုင်း စော်ကားလိုက်တာ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ပါတီလူကြီး တဲ့။ ဘုန်းကြီးတို့ ဘယ်လိုမှ သည်းခံလို့၊ လက်ခံလို့ မရတော့ဘူး။ မကြာခင်မှာ တရားဝင်