မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday, 20 July 2015

ကညနဝန်ထမ်းများ အဂတိ လိုက်စားမှုကြောင့် အခွန်ဘဏ္ဍာ ကျပ်သိန်းပေါင်းတစ်သိန်း နစ်နာဟု သူရဦးအောင်ကို ဆို


Aung Than Tun's photo.
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် စက်မှုဇုန်ကား ထုတ်လုပ်သူများ ပူးပေါင်း လုပ်ဆောင်နေကြသည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေကျပ် သိန်းပေါင်းတစ်သိန်းနစ်နာခဲ့သည်ဟု ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ပြောကြားလိုက်သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၄ ရက်မြောက်နေ့ ဖြစ်သည့် ဇူလိုင်လ ၁၃ ရက်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“စက်မှုဇုန်က နောက်ပိုင်းထုတ် - အပ်စနစ်နဲ့ စုစုပေါင်းအရေအတွက် ၂၀၀၀ ကျော် အတွက်ဆိုရင် စလစ်တစ်စောင်အတွက် သိန်း ၅၀ နစ်နာ ခဲ့လို့ ကားအစီးရေ ၂၀၀၀ အတွက် နိုင်ငံ့ဘဏ္ဍာ သိန်းပေါင်းတစ်သိန်း နစ်နာခဲ့ပါတယ်” ဟု သူရဦးအောင်ကိုက

ရခိုင် အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟုဆို

Aung Than Tun's photo.

ရန်ကုန်၊ ဇူလိုင်၂၀ ရက် (ဆင်ဟွာ)
ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၀ ကျော်ကို ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း စာရင်းကို အတည်ပြုပြီး ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်က ဆင်ဟွာကို ယနေ့ပြောသည်။
ရခိုင် အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ မဲဆန္ဒနယ် အားလုံး ၆၀ ကျော်ရှိတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရော တောင်ပိုင်းရော၊ ပြည်နယ် လွှတ်တော်ရော မဲဆန္ဒနယ် အကုန်လုံးကို ဝင်ပြိုင်မှာ ဖြစ်တယ်’’ ဟု ပြောသည်။
ရခိုင် အမျိုးသားပါတ်ီမှ ဥက္ကဌ ဒေါက်တာ အေးမောင်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင်

Sunday, 19 July 2015

(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် စပ်လျဉ်း၍ အာဇာနည်ခေါင်းဆောင်ကြီးများ ၏ မိသားစုဝင်တို့၏ သဘောထားအမြင်များ ( ဆောင်းပါး)

MOI Webportal Myanmar's photo.MOI Webportal Myanmar's photo.MOI Webportal Myanmar's photo.


ရန်ကုန် ဇူလိုင် ၁၉
၂ဝ၁၅ ခုနှစ် (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည့် အာဇာနည်ခေါင်းဆောင်ကြီး များ၏ မိသားစုဝင်များ၏ သဘောထား အမြင်များကို ကောက်နုတ် စုစည်းဖော်ပြလိုက်ရပါသည်
ဒေါက်တာဒေါ်ခင်လှချို
(ဒီးဒုတ်ဦးဘချို၏ မြေးအကြီးဆုံး)

အာဇာနည်နေ့ ရောက်တိုင်း ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးသွား တဲ့ အာဇာနည် ခေါင်းဆောင်တွေ အားလုံးကို သတိတရနဲ့ သူတို့ရဲ့စိတ်ဓာတ်၊ သူတို့ရဲ့စည်းကမ်းနဲ့ သူတို့တိုင်းပြည် အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့ရတာတွေ နောက်ပြီးတော့ သူတို့ ရဲ့ တိုင်းပြည် အပေါ်မှာ ထားတဲ့ စေတနာ၊ အလုပ်ဆိုတာ စေတနာနဲ့ တိုင်းရတာပေါ့။ အဲဒါတွေ အသိ အမှတ်ပြုပေးဖို့နဲ့ ကောင်းအောင် ကြိုးစားဖို့ ပြောချင်ပါတယ်။ အခမ်း အနားကို

ကန့်ဘလူ၊ ကောလင်းနယ်များတွင် မိုးကြီး၍ ရထားများရပ်တန့်နေ

          
ဧရာဝတီ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် မနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ချောင်း ဘူတာနှင့် ကံကြီးဘူတာအကြားတွင် ရထားသံလမ်းသို့ တပေခန့် ရေကျော်သည့်အတွက် မန္တလေးမှလာသည့် ၅၅ အဆန် အမြန်ရထားနှင့် ကောလင်းမှလာသည့် ၄၅ အဆန်ရထားတို့ ချပ်သင်းဘူတာတွင် ရပ်တန့်ထားရပြီး မိုးညှင်းလူစီးရထားနှင့် ကုန်ရထားတို့လည်း ချပ်ကြီး ဘူတာတွင် ရပ်တန့်ထားရသည်။
ထို့အပြင် ကောလင်း- ကျွန်းလှ- ကန့်ဘလူ နတလလမ်း ကောလင်း မြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ဒေါင်းမြူးချောင်း တံတားတောင်ဘက် ကားလမ်းပေါ်တွင်

၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းများ.

Eleven Media Group
Eleven Media Group's photo.

Eleven Media Group's photo.

၂၀၁၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော ၆၈ နှစ်မြောက် အာဇာနည်နေ့၌ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရ၀ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပါအ၀င်