မြန်မာနိုင်ငံသို့ 
 အာရှဒေသတွင်းရှိ မိုက်ခရိုဆော့ဖ်  ကုမ္ပဏီမှ အရာရှိများ စက်တင်ဘာ ၁၆ 
ရက်တွင်  နည်းပညာနှင့် ပတ်သက်သော လုံခြုံရေး ကိစ္စရပ်များ 
ပံ့ပိုးကူညီနိုင်ရန်  လာရောက် ဆွေးနွေး
ကြမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ  သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် 
အာရှဒေသတွင်းရှိ မိုက်ခရိုဆော့ဖ် အရာရှိများသည် မြန်မာနိုင်ငံ၏ နည်းပညာများ
 လုံခြုံမှုအပိုင်းကို တာဝန်ယူ ဆောင်ရွက်နေသူများ ဖြစ်သည့်အပြင် 
စီးပွားရေး၊လူမှုရေးနှင့် ပညာရေးများ၏ နည်းပညာ အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်
လာစေရန်၊ အကြံပေးကူညီမှုများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
''နည်းပညာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ 
ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်တွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှာ
 ပြုလုပ်ပြီးတော့ စက်တင်ဘာ ၁၇ ရက်မှာ နေပြည်တော်မှ အစိုးရအဖွဲ့ဝင် 
လူကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာပါ'' ဟု  ယင်းအသင်းချုပ်မှ တာဝန်ရှိ 
သူတစ်ဦးက ပြောကြားခဲ့သည်။ မိုက်ခရိုဆော့ဖ် အရာရှိများသည် မြန်မာနိုင်ငံ၏ 
နည်းပညာ လုံခြုံရေးကိစ္စများ အပြင် အစိုးရ၏ e-Government ရေးဆွဲရာတွင် 
လိုအပ်သော နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်များကိုလည်း ကူညီနိုင်မည့် 
အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။    



0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်