တိုင်ပေ   သြဂုတ် ၁ဝ
ထိုင်ဝမ် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်
 ကြီးလီရှောင်ချုံသည် တပ်ကြပ် ချင်းဆို့ဟုန် သေဆုံး သွားခဲ့ ရမှု 
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အပြစ်ပေး ခံရ မှုကြောင့် ဒုတိယ အကြိမ်မြောက်
၎င်း၏ နုတ်ထွက်စာကို ကာကွယ်ရေး ဝန်ကြီး ထံသို့ တင်သွင်း ခဲ့ကြောင်း သြဂုတ် ၁ဝ ရက် အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
 ဗိုလ်ချုပ်ကြီး  လီရှောင်ချုံသည် ၎င်း၏ 
နုတ်ထွက် စာကို သြဂုတ် ၉ ရက် တွင် ကာကွယ်ရေး ဝန်ကြီး ထံသို့ တင်သွင်း 
ခဲ့သော်လည်း 
 ပယ်ချခြင်း ခံခဲ့ရ ကြောင်း၊ ၎င်းသည် ဇူလိုင်လ အတွင်း ကလည်း 
ရာထူးမှ နုတ်ထွက်ခွင့် တင်ခဲ့ကြောင်း သိရသည်။ ထိုင်ဝမ်တွင် ကာကွယ်ရေး 
ဝန်ကြီးနှစ်ဦး  ရာထူးမှ နုတ် ထွက်သွား ခဲ့ပြီးနောက် တပ်ကြပ် ချင်းဆို့ဟုန်
 သေဆုံး ခဲ့မှုနှင့် ပတ်သက်၍ စစ်ဘက်မှ အရာရှိ ၁၈ ဦး စွဲချက်တင် 
ခံထားရကြောင်း သိရသည်။ တပ်ကြပ် ချင်းဆို့ဟုန်သည် စစ် အခြေစိုက် စခန်း 
အတွင်းသို့ ဖုန်း ကင်မရာ ယူဆောင် ခဲ့မှုနှင့် တာဝန်ဝတ္တရားများ ထမ်းဆောင်ရန် 
ငြင်းဆန်မှုကြောင့် အပြစ်ပေး ခံရစဉ် ဇူလိုင် ၄ ရက် က  အပူလျှပ် သေဆုံး 
သွားခဲ့ခြင်း ဖြစ်သည်။(အင်တာနက်)


0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်