သောကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ 
လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
 
မငြိမ်မသက်မှုများ ရှိနေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် 
အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခု သောကြာနေ့ နှောင်းပိုင်းက ဖြစ် 
ပွားခဲ့ရာ ကျပန်း အလုပ်ကြမ်းသမား ၉ ဦးသေဆုံးပြီး အခြား ၂၁ ဦး 
ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ ယနေ့ ပြောကြားသည်။ သော 
ကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ 
လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဗုံးကို 
ယာယီရွက်ဖျင်တဲ တစ်ခုအတွင်း တပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး 
ပေါက်ကွဲအားပြင်းထန်ကြောင်း Manipur ရဲတပ်ဖွဲ့အကြီးအကဲ
 အမ်ကေ ဒက်စ်က AFP 
သို့ ပြောကြားသည်။
  လူ ၉ 
ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို ဒေသခံ 
ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက အတည်ပြုသည်။ 
ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် 
အခြေအနေဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ သေဆုံး ဒဏ်ရာရရှိသူများမှာ 
ကိုလ်ကတ္တားအခြေစိုက် ကုမ္ပဏီတစ်ခုမှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြော င်း
 သိရသည်။ ဗုံးခွဲတိုက်ခိုက်ခြင်း၏ အကြောင်းရင်း အတိအကျကို မသိရှိရသေးချေ။ 
အိန္ဒိယရှိ သူပုန်အုပ်စုကလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားမှု 
မရှိကြောင်း သတင်းများက ဖော်ပြသည်။
  ယခု ဗုံးပေါက်ကွဲမှု 
ဖြစ်ပွားရာဒေသမှာ သူပုန်အုပ်စုများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် 
ကာလရှည်ကြာ မတည်ငြိမ်မှုများ ရှိခဲ့ပြီး ဒါဇင်နှင့်ချီသော 
လူမျိုးစုအဖွဲ့အစည်း နေထိုင်လျက်ရှိသည်။ ထို့အပြင် လက်နက်ကိုင် 
ပြောက်ကျားအုပ်စုငယ်များလည်း ရှိနေပြီး ၎င်းတို့က အိန္ဒိယအစိုးရကို 
ပုန်ကန်တော်လှန်နေကြသည်။ အဆိုပါ လက်နက်ကိုင် သူပုန်အုပ်စုများသည် 
ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်မှုနှင့် ဆက်စပ်၍ ၎င်းတို့အချင်းချင်းလည်း 
မကြာခဏ ရင်ဆိုင်တိုက်ခိုက်လေ့ရှိသည်။
  ၁၉၄၇ ခုနှစ်က 
ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ 
အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၇ ခုအနက် ပြည်နယ် ၆ ခုတွင် ပေါ်ပေါက်ခဲ့သော 
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်
 အနည်းဆုံး လူ ၅၀,၀၀၀ သေဆုံးခဲ့ပြီးဖြစ်ကြောင်း အာဏာပိုင်များက 
ပြောကြားသည်။ လက်နက်ကိုင် ပုန်ကုန်တော်လှန်နေသည့် အုပ်စုများက 
၎င်းတို့နေထိုင်ရာ နိုင်ငံ အရှေ့မြောက်ပိုင်းဒေသကို 
အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များက လစ်လျူရှုထားကြကြောင်း စွပ်စွဲထားသည်။
  
 Planet Myanmar Network ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
 
သောကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
မငြိမ်မသက်မှုများ ရှိနေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခု သောကြာနေ့ နှောင်းပိုင်းက ဖြစ် ပွားခဲ့ရာ ကျပန်း အလုပ်ကြမ်းသမား ၉ ဦးသေဆုံးပြီး အခြား ၂၁ ဦး ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ ယနေ့ ပြောကြားသည်။ သော ကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ဗုံးကို ယာယီရွက်ဖျင်တဲ တစ်ခုအတွင်း တပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကြောင်း Manipur ရဲတပ်ဖွဲ့အကြီးအကဲ
အမ်ကေ ဒက်စ်က AFP သို့ ပြောကြားသည်။
လူ ၉ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို ဒေသခံ ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက အတည်ပြုသည်။ ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ သေဆုံး ဒဏ်ရာရရှိသူများမှာ ကိုလ်ကတ္တားအခြေစိုက် ကုမ္ပဏီတစ်ခုမှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြော
ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာဒေသမှာ သူပုန်အုပ်စုများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကာလရှည်ကြာ မတည်ငြိမ်မှုများ ရှိခဲ့ပြီး ဒါဇင်နှင့်ချီသော လူမျိုးစုအဖွဲ့အစည်း နေထိုင်လျက်ရှိသည်။ ထို့အပြင် လက်နက်ကိုင် ပြောက်ကျားအုပ်စုငယ်များလည်း ရှိနေပြီး ၎င်းတို့က အိန္ဒိယအစိုးရကို ပုန်ကန်တော်လှန်နေကြသည်။ အဆိုပါ လက်နက်ကိုင် သူပုန်အုပ်စုများသည် ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်မှုနှင့် ဆက်စပ်၍ ၎င်းတို့အချင်းချင်းလည်း မကြာခဏ ရင်ဆိုင်တိုက်ခိုက်လေ့ရှိသည်။
၁၉၄၇ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၇ ခုအနက် ပြည်နယ် ၆ ခုတွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင
Planet Myanmar Network ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။



0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်