ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်က
င်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်တစ်ခုဖြန့်နှံ့
လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
  
 ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။
  
 " Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့ 
အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့
 Website တွေကိုတစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။
  
 လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူထားသည့်ဟူသည့် သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့လျက်ရှိပြီးအဆိုပါသတင်းများမှာလည်းမှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။
  
 "ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယိုစတာတွေတင်တဲ့ 
လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT 
ဌာနမှကိုဘိုဘိုဦးမှပြောသည်။
  
 အဆိုပါ ဗွီဒီယိုနှင့်ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။
  လူမှုကွန်ယက်များတွင်ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့်ပတ်သက်ပြီးသတင်းလွှင့်ခြင်းများသည်သက်ဆိုင်ရာကုမ္ပဏီများ၏အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန်ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသယဖြစ်မိကြောင်းအိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။
  
 " Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။ အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ်လုပ်ဆောင်လာတာလို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။
  
 ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကိုဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။
  
 အဆိုပါဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ 
ထွက်ပေါ်လာချိန်တွင် Blink Hacker Group (BHG) မှဖြစ်သည် 
ဟုပြောဆိုမှုများရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်းမဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။
  
 Smart Pro Journal 
 
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်