SSA(ရွက်ဆစ်) အဖွဲ့မှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသဖြင့် တိုက်ပွဲများ ဖြစ်လာနိုင်
 
 SSA (ရွက်ဆစ်) အဖွဲ့မှ လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် အဖွဲ့(၁)ဖွဲ့သည် 
မေလ ၁၁ ရက်နေ့ ညပိုင်း၌ ကျောက်ဂူမြို့နယ်၊ နောင်ဂိုးကျေးရွာသို့ 
ဝင်ရောက်ပြီး အပြစ်မဲ့ ရွာသား ၇ ဦးနှင့် ရွာသူ ၇ ဦး စုစု ပေါင်း (၁၄) ဦး 
အား ဖမ်းဆီးသွားခဲ့ကြောင်း၊ အဆိုပါ ၁၄ ဦးအနက် အမျိုးသမီး(၇) ဦးကို 
ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာတွင် 
ဖော်ပြထားသည်။
 ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများတွင် 
အမျိုးသား(၇)ဦးမှာ ၂၀၀၉ ခုနှစ်ခန့်က SSA(ရွက်ဆစ်) အဖွဲ့မှ အဓမ္မ လူသစ် 
စုဆောင်းခံရ၍ ထွက်ပြေးလာသူများ ဖြစ်ကြောင်း၊ အမျိုးသမီး(၇) ဦး၏ 
သားနှင့်ခင်ပွန်းများမှာလည်း SSA (ရွက်ဆစ်) အဖွဲ့ဝင်ဟောင်းများ ဖြစ်ပြီး 
ယခုအခါ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သတင်းတွင် 
ဖော်ပြထားသည်။ 
  ရှမ်းခေါင်းဆောင် 
ဟုဆိုသည့် ရှမ်းပြည်သူ့ပါတီမှ ဦးခွန်ထွန်းဦး အနေဖြင့် ရွက်ဆစ် အဖွဲ့၏ 
အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် မည်သည့် ပြောဆိုမှု မှ မရှိသော်လည်း နယ်မြေခံ
 တပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးခံရသော ရွာသားများ လွတ်မြောက်ရေး အတွက် 
လိုက်လံ ရှင်းလင်းဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
  ဓာတ်ပုံ- ရှမ်းပါတီ မှန်သမျှကို မူးယစ်ဆေးငွေများဖြင့် ထောက်ပံ့ကာ ကြိုးကိုင်နေသော ရွက်ဆစ်
SSA(ရွက်ဆစ်) အဖွဲ့မှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသဖြင့် တိုက်ပွဲများ ဖြစ်လာနိုင်
 
SSA (ရွက်ဆစ်) အဖွဲ့မှ လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် အဖွဲ့(၁)ဖွဲ့သည် မေလ ၁၁ ရက်နေ့ ညပိုင်း၌ ကျောက်ဂူမြို့နယ်၊ နောင်ဂိုးကျေးရွာသို့ ၀င်ရောက်ပြီး အပြစ်မဲ့ ရွာသား ၇ ဦးနှင့် ရွာသူ ၇ ဦး စုစု ပေါင်း (၁၄) ဦး အား ဖမ်းဆီးသွားခဲ့ကြောင်း၊ အဆိုပါ ၁၄ ဦးအနက် အမျိုးသမီး(၇) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများတွင် အမျိုးသား(၇)ဦးမှာ ၂၀၀၉ ခုနှစ်ခန့်က SSA(ရွက်ဆစ်) အဖွဲ့မှ အဓမ္မ လူသစ် စုဆောင်းခံရ၍ ထွက်ပြေးလာသူများ ဖြစ်ကြောင်း၊ အမျိုးသမီး(၇) ဦး၏ သားနှင့်ခင်ပွန်းများမှာလည်း SSA (ရွက်ဆစ်) အဖွဲ့ဝင်ဟောင်းများ ဖြစ်ပြီး ယခုအခါ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ရှမ်းခေါင်းဆောင် ဟုဆိုသည့် ရှမ်းပြည်သူ့ပါတီမှ ဦးခွန်ထွန်းဦး အနေဖြင့် ရွက်ဆစ် အဖွဲ့၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် မည်သည့် ပြောဆိုမှု မှ မရှိသော်လည်း နယ်မြေခံ တပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးခံရသော ရွာသားများ လွတ်မြောက်ရေး အတွက် လိုက်လံ ရှင်းလင်းဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်