မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 27 May 2013

ဘန်ကောက်တွင် ပေါက်ကွဲမှုဖြစ်ပွား

“ဘန်ကောက်တွင် ပေါက်ကွဲမှုဖြစ်ပွား”

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် တနင်္ဂနွေနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွက် ရဲများ ဆက်လက် စုံးစမ်းနေဆဲ ဖြစ်သည်။ လူ(၇)ဦး ဒဏ်ရာများ ရရှိခဲ့သည့် ဘန်ကောက်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားသော ပေါက်ကွဲမှုသည် ဗုံးတစ်လုံးကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်။

ဘန်ကောက်အရှေ့ပိုင်း ရမ်ခမ်ဟွေအန်းတွင် ဖြစ်ပွားသော ပေါက်ကွဲမှုအနက် (၇)ဦးကို ဆေးရုံတင်ခဲ့ရပြီး (၂)ဦးမှာ အခြေအနေ အတော်ဆိုးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ ပြင်းထန်သည့် ပေါက်ကွဲမှု အရှိန်အဟုန်ကြောင့် (၂)ထပ် အဆောက်အအုံတစ်လုံး ပျက်စီးသွားပြီး လမ်းဘေးရှိ အရောင်းဆိုင် အတော်များများတွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21628

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်