ဒေါ်လာဈေး ဘယ်လဲ (မြဝတီဆောင်းပါး)
 
 ပြိုင်ဘက်နိုင်ငံ များနှင့် ယှဉ်ပြိုင်မှုတွင် ကုန်ပစ္စည်း ထုတ်လုပ်မှု၊ 
အရည်အသွေး ကောင်းမှု၊ ပို့ကုန် တိုးမြှင့်လာမှု တို့တွင် အခြေခံ ကျသော 
ပြဿနာများ (Structural Problems) နှင့် ထုတ်လုပ်မှုပိုင်း ဆိုင်ရာ ပြဿနာများ
 (Supply Side Problems) အရေးပါမှု တို့သည် အဓိက အချက်များ ဖြစ်ပါသည်။ 
သို့ပါ၍ ပို့ကုန် တိုးတက်ရန် အတွက် ထုတ်လုပ်မှု အရည်အသွေး၊ ဈေးကွက်နှင့် 
ယှဉ်ပြိုင် နိုင်မှုများ၏ အတိမ်အနက်ကို သုတေသနပြု၍ ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ် 
အဖြေရှာ သင့်ပါသည်။ ပို့ကုန်တိုးတက် ထုတ်လုပ်၊ တင်ပို့နိုင်ရေး အတွက် 
ဒေါ်လာဈေးအား ဆွဲတင်ခြင်းမှာ အဖြေမှန် မဟုတ်ကြောင်း တွေ့ရှိရပါသည်။
 
 ဒေါ်လာဈေး မြင့်တက်ခြင်းသည် ပို့ကုန် လုပ်ငန်းရှင်နှင့် ထုတ်လုပ်သူများ 
အတွက် အကျိုး ရှိသော်လည်း သွင်းကုန် တင်သွင်းသူများနှင့် စားသုံးသူများ 
အတွက် ထိခိုက်စေပါသည်။ သွင်းကုန် လုပ်ငန်းရှင်သည် ဒေါ်လာဈေး 
တက်ခြင်းကြောင့် ထိခိုက်မှု များလာလျှင် ၄င်းတို့၏ သွင်းကုန်များအပေါ် 
ဈေးတင် ရောင်းချခြင်းဖြင့် ထိခိုက်မှုကို ကာကွယ်မည် ဖြစ်ပါသည်။ ထိုအခါတွင် 
ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာသည့် ဒဏ်ကို 
စားသုံးသူများ ကသာ အဓိက ခံစားရမည် ဖြစ်ပါသည်။
 
 သို့ပါ၍ 
ဒေါ်လာဈေးများစွာ မြင့်တက်လာခြင်းကြောင့် ထိခိုက်မှုကို အများဆုံး 
ခံစားရမည့် သူများမှာ ဝင်ငွေကန့်သတ်ချက် ရှိသော ဝန်ထမ်းများ၊ လက်လုပ် 
လက်စားများ၊ အောက်ခြေ လူတန်းစားများသာ ဖြစ်ပါသည်။ ယခု ဒေါ်လာဈေး 
တက်ရခြင်းသည် ဈေးကွက် အတွင်းရှိ ဝယ်လိုအားနှင့် ရောင်းလိုအားက ပြဋ္ဌာန်း 
သတ်မှတ်ခြင်းကြောင့် ဈေးတက်ရခြင်းမျိုး မဟုတ်ဘဲ
 
 ၂ဝဝ၆ ခုနှစ်၊ 
ဧပြီလ ၁ ရက်နေ့တွင် ဘဏ်ချေးငွေ အတိုးနှုန်း ၁၇ % ရှိရာမှ လုပ်ငန်းရှင် များ၏
 စေ့ဆော်မှုကြောင့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ၁၅ % 
သို့လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ၁၃% သို့ လည်းကောင်း 
အတိုးနှုန်းများ လျှော့ချ ပေးခဲ့သဖြင့် ဘဏ်များတွင် ချေးငွေများ ပိုမို 
ထုတ်ယူခဲ့ကြပါသည်။ သို့သော် မျှော်လင့် ထားသကဲ့သို့ လုပ်ငန်း 
ယှဉ်ပြိုင်နိုင်မှု (Competitiveness) မှာ တိုးတက်လာခြင်း မရှိပါ။ 
ကုန်ထုတ်လုပ်မှု/ ပို့ကုန် များလည်း သိသာစွာ တိုးတက်လာခြင်း မရှိခဲ့ပါ။ 
ပြည်ပ လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ရန်မှာ နည်းပညာ ရရှိမှု၊ 
ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု၊ ကုန်ပစ္စည်း အရည်အသွေးနှင့် 
ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု၊ ဈေးကွက် သုတေသန စနစ်တကျ ဆောင်ရွက်နိုင်မှု 
စသည့် သွင်းအားစုများ အပေါ်မူတည်ပါသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ် ကျဆင်းရေးမှာ
 ဘဏ်အတိုးနှုန်း တစ်ခုတည်းပေါ်တွင် မူမတည်ကြောင်း တွေ့ရပါသည်။
 
 
အင်တာနက် စာမျက်နှာပါ ဒေါ်လာ ဈေးတိုးတက်ခြင်း အပေါ် သူတို့အမြင် ဆောင်းပါး 
တစ်ပုဒ်တွင် စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်များ ဖြစ်ကြသော ပါမောက္ခ 
ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ အောင်ကိုကို၊ ဒေါက်တာ မောင်မောင်လေး၊ 
ဒေါက်တာ မောင်မောင်စိုး ၊ ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ 
ဦးချစ်ခိုင် (မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ)၊ ဦးဝင်းအောင် 
(မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် 
ဥက္ကဋ္ဌ) တို့၏ အမြင်များကို ကောက်နုတ် ဖော်ပြထားရာတွင် ဒေါ်လာဈေး 
မြင့်တက်လာမှုကြောင့် ထုတ်ကုန် လုပ်ငန်းရှင်များ အတွက် ပိုကောင်းကြောင်း၊ 
ဒေါ်လာနှင့် လစာရသူများ အတွက် ပိုကောင်းကြောင်း သို့သော် နိုင်ငံသား အများစု
 အတွက် မကောင်းကြောင်း၊ ပြည်သူများ အတွက် မည်သည့် အကျိုးကျေးဇူးမျှ 
မရှိကြောင်း၊ ဈေးနှုန်း တည်ငြိမ်နေပါက နှစ်ဦးနှစ်ဖက် မျှတပြီး 
အကျိုးရှိနိုင်ကြောင်း၊ စီးပွားရေး လုပ်ရာတွင် ကြိုတင်ခန့်မှန်း နိုင်မှု 
အနေအထား ခက်ခဲသောကြောင့် တစ်ခုမျှ မကောင်းကြောင်း၊ နိုင်ငံခြား 
ရင်းနှီးမြှုပ်နှံသူ များ အတွက် အတွက်အချက် မှားနိုင်ကြောင်း၊ 
စီးပွားရေးအမြင် အရ မကောင်းကြောင်း ကိုသာ အလေးထား ဖော်ပြထားသည်ကို 
တွေ့ရှိရပါသည်။
 
 အထက် ဖော်ပြပါ မြင်ကွင်းများ၊ တွေ့ရှိချက်များ၊ 
သာဓကများအရ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ 
ငွေကြေးဈေးကွက် ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် လွှတ်တော်နှစ်ရပ်မှ ဆွေးနွေး၍ 
(Security Exchange Law) ကို ပြဋ္ဌာန်း အတည်ပြုရန် ပြင်ဆင် 
ဆောင်ရွက်နေချိန်တွင် လည်းကောင်း၊ ဗဟိုဘဏ်မှ IMF ၏ အကြံပြုချက်အရ ရန်ကုန် 
နိုင်ငံခြားသုံးငွေ ဈေးကွက် (Yangon Foreign Exchange Market) ကို 
အကောင်အထည်ဖော် ဆောင်ရွက် နေချိန်တွင် လည်းကောင်း၊ ဒေါ်လာကျပ်ငွေ 
လဲလှယ်နှုန်း များကို ကစားခြင်း (Manipulate)၊ လူတန်းစား တစ်ရပ် သို့မဟုတ် 
လူဦးရေ အနည်းစုအကျိုး မျှော်ကိုးပြီး ငွေလဲလှယ်နှုန်းကို ဆွဲတင်ခြင်း၊ 
ဗဟိုမှ ထိန်းချုပ်ရန် စီမံခြင်း စသည့် လုပ်နည်း လုပ်ဟန်များကို ပြန်လည် 
အသက်မသွင်း သင့်ကြောင်း တွေ့ရှိ ရပါသည်။
 
 သို့ဖြစ်ပါ၍ ယခု 
ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း လျင်မြန်စွာ မြင့်တက်နေခြင်းကို အချိန်မီ 
ထိန်းသိမ်း နိုင်မည့် နည်းလမ်းများ ရှာဖွေ၍ လူဦးရေ အများစု 
အကျိုးစီးပွားနှင့် နိုင်ငံတော်၏ စီးပွားရေး ရည်မှန်းချက်ကို အထောက်အကူ 
ပြုနိုင်မည့် သင့်လျော်သည့် ဈေးနှုန်းသို့ ရောက်ရှိရေး ဆောင်ရွက် 
သွားသင့်ပါကြောင်း ရေးသား လိုက်ရပါသည်။
 
 မောင်မွှေး
  [View Original Source : http://www.myawady.net.mm/library/stories/storiesforall/item/15305-2013-05-30-09-31-03]
ပြိုင်ဘက်နိုင်ငံ များနှင့် ယှဉ်ပြိုင်မှုတွင် ကုန်ပစ္စည်း ထုတ်လုပ်မှု၊ အရည်အသွေး ကောင်းမှု၊ ပို့ကုန် တိုးမြှင့်လာမှု တို့တွင် အခြေခံ ကျသော ပြဿနာများ (Structural Problems) နှင့် ထုတ်လုပ်မှုပိုင်း ဆိုင်ရာ ပြဿနာများ (Supply Side Problems) အရေးပါမှု တို့သည် အဓိက အချက်များ ဖြစ်ပါသည်။ သို့ပါ၍ ပို့ကုန် တိုးတက်ရန် အတွက် ထုတ်လုပ်မှု အရည်အသွေး၊ ဈေးကွက်နှင့် ယှဉ်ပြိုင် နိုင်မှုများ၏ အတိမ်အနက်ကို သုတေသနပြု၍ ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ် အဖြေရှာ သင့်ပါသည်။ ပို့ကုန်တိုးတက် ထုတ်လုပ်၊ တင်ပို့နိုင်ရေး အတွက် ဒေါ်လာဈေးအား ဆွဲတင်ခြင်းမှာ အဖြေမှန် မဟုတ်ကြောင်း တွေ့ရှိရပါသည်။
ဒေါ်လာဈေး မြင့်တက်ခြင်းသည် ပို့ကုန် လုပ်ငန်းရှင်နှင့် ထုတ်လုပ်သူများ အတွက် အကျိုး ရှိသော်လည်း သွင်းကုန် တင်သွင်းသူများနှင့် စားသုံးသူများ အတွက် ထိခိုက်စေပါသည်။ သွင်းကုန် လုပ်ငန်းရှင်သည် ဒေါ်လာဈေး တက်ခြင်းကြောင့် ထိခိုက်မှု များလာလျှင် ၄င်းတို့၏ သွင်းကုန်များအပေါ် ဈေးတင် ရောင်းချခြင်းဖြင့် ထိခိုက်မှုကို ကာကွယ်မည် ဖြစ်ပါသည်။ ထိုအခါတွင် ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာသည့် ဒဏ်ကို စားသုံးသူများ ကသာ အဓိက ခံစားရမည် ဖြစ်ပါသည်။
သို့ပါ၍ ဒေါ်လာဈေးများစွာ မြင့်တက်လာခြင်းကြောင့် ထိခိုက်မှုကို အများဆုံး ခံစားရမည့် သူများမှာ ဝင်ငွေကန့်သတ်ချက် ရှိသော ဝန်ထမ်းများ၊ လက်လုပ် လက်စားများ၊ အောက်ခြေ လူတန်းစားများသာ ဖြစ်ပါသည်။ ယခု ဒေါ်လာဈေး တက်ရခြင်းသည် ဈေးကွက် အတွင်းရှိ ဝယ်လိုအားနှင့် ရောင်းလိုအားက ပြဋ္ဌာန်း သတ်မှတ်ခြင်းကြောင့် ဈေးတက်ရခြင်းမျိုး မဟုတ်ဘဲ
၂ဝဝ၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဘဏ်ချေးငွေ အတိုးနှုန်း ၁၇ % ရှိရာမှ လုပ်ငန်းရှင် များ၏ စေ့ဆော်မှုကြောင့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ၁၅ % သို့လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ၁၃% သို့ လည်းကောင်း အတိုးနှုန်းများ လျှော့ချ ပေးခဲ့သဖြင့် ဘဏ်များတွင် ချေးငွေများ ပိုမို ထုတ်ယူခဲ့ကြပါသည်။ သို့သော် မျှော်လင့် ထားသကဲ့သို့ လုပ်ငန်း ယှဉ်ပြိုင်နိုင်မှု (Competitiveness) မှာ တိုးတက်လာခြင်း မရှိပါ။ ကုန်ထုတ်လုပ်မှု/ ပို့ကုန် များလည်း သိသာစွာ တိုးတက်လာခြင်း မရှိခဲ့ပါ။ ပြည်ပ လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ရန်မှာ နည်းပညာ ရရှိမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု၊ ကုန်ပစ္စည်း အရည်အသွေးနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု၊ ဈေးကွက် သုတေသန စနစ်တကျ ဆောင်ရွက်နိုင်မှု စသည့် သွင်းအားစုများ အပေါ်မူတည်ပါသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ် ကျဆင်းရေးမှာ ဘဏ်အတိုးနှုန်း တစ်ခုတည်းပေါ်တွင် မူမတည်ကြောင်း တွေ့ရပါသည်။
အင်တာနက် စာမျက်နှာပါ ဒေါ်လာ ဈေးတိုးတက်ခြင်း အပေါ် သူတို့အမြင် ဆောင်းပါး တစ်ပုဒ်တွင် စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်များ ဖြစ်ကြသော ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ အောင်ကိုကို၊ ဒေါက်တာ မောင်မောင်လေး၊ ဒေါက်တာ မောင်မောင်စိုး ၊ ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးချစ်ခိုင် (မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ)၊ ဦးဝင်းအောင် (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ) တို့၏ အမြင်များကို ကောက်နုတ် ဖော်ပြထားရာတွင် ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ထုတ်ကုန် လုပ်ငန်းရှင်များ အတွက် ပိုကောင်းကြောင်း၊ ဒေါ်လာနှင့် လစာရသူများ အတွက် ပိုကောင်းကြောင်း သို့သော် နိုင်ငံသား အများစု အတွက် မကောင်းကြောင်း၊ ပြည်သူများ အတွက် မည်သည့် အကျိုးကျေးဇူးမျှ မရှိကြောင်း၊ ဈေးနှုန်း တည်ငြိမ်နေပါက နှစ်ဦးနှစ်ဖက် မျှတပြီး အကျိုးရှိနိုင်ကြောင်း၊ စီးပွားရေး လုပ်ရာတွင် ကြိုတင်ခန့်မှန်း နိုင်မှု အနေအထား ခက်ခဲသောကြောင့် တစ်ခုမျှ မကောင်းကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များ အတွက် အတွက်အချက် မှားနိုင်ကြောင်း၊ စီးပွားရေးအမြင် အရ မကောင်းကြောင်း ကိုသာ အလေးထား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
အထက် ဖော်ပြပါ မြင်ကွင်းများ၊ တွေ့ရှိချက်များ၊ သာဓကများအရ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ငွေကြေးဈေးကွက် ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် လွှတ်တော်နှစ်ရပ်မှ ဆွေးနွေး၍ (Security Exchange Law) ကို ပြဋ္ဌာန်း အတည်ပြုရန် ပြင်ဆင် ဆောင်ရွက်နေချိန်တွင် လည်းကောင်း၊ ဗဟိုဘဏ်မှ IMF ၏ အကြံပြုချက်အရ ရန်ကုန် နိုင်ငံခြားသုံးငွေ ဈေးကွက် (Yangon Foreign Exchange Market) ကို အကောင်အထည်ဖော် ဆောင်ရွက် နေချိန်တွင် လည်းကောင်း၊ ဒေါ်လာကျပ်ငွေ လဲလှယ်နှုန်း များကို ကစားခြင်း (Manipulate)၊ လူတန်းစား တစ်ရပ် သို့မဟုတ် လူဦးရေ အနည်းစုအကျိုး မျှော်ကိုးပြီး ငွေလဲလှယ်နှုန်းကို ဆွဲတင်ခြင်း၊ ဗဟိုမှ ထိန်းချုပ်ရန် စီမံခြင်း စသည့် လုပ်နည်း လုပ်ဟန်များကို ပြန်လည် အသက်မသွင်း သင့်ကြောင်း တွေ့ရှိ ရပါသည်။
သို့ဖြစ်ပါ၍ ယခု ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း လျင်မြန်စွာ မြင့်တက်နေခြင်းကို အချိန်မီ ထိန်းသိမ်း နိုင်မည့် နည်းလမ်းများ ရှာဖွေ၍ လူဦးရေ အများစု အကျိုးစီးပွားနှင့် နိုင်ငံတော်၏ စီးပွားရေး ရည်မှန်းချက်ကို အထောက်အကူ ပြုနိုင်မည့် သင့်လျော်သည့် ဈေးနှုန်းသို့ ရောက်ရှိရေး ဆောင်ရွက် သွားသင့်ပါကြောင်း ရေးသား လိုက်ရပါသည်။
မောင်မွှေး
[View Original Source : http://www.myawady.net.mm/library/stories/storiesforall/item/15305-2013-05-30-09-31-03]


0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်