✔Facebook ကို ဖောက်နိုင်သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန် သေချာ✔ 
နာမည်ကျော် လူမှုကွန်ရက် တစ်ခု ဖြစ်သည့် 
Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက် 
ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား 
ဆုငွေအဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် 
ရေးသား ထားသည်။
ထိုဆုငွေများကို ရှာရီသာအား Facebook က 
ချီးမြှင့်မည် မဟုတ်ဘဲ အွန်လိုင်းပေါ်တွင် လူထု လှုပ်ရှားမှု များကို 
ဆောင်ရွက်နေသည့် GoFundMe လှုပ်ရှားမှု အဖွဲ့က ပေးအပ် ချီးမြှင့်သွားမည် 
ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က 
Facebook ပေါ်ရှိ ဇူကာဘတ်၏ Timeline ကို ဝင်ရောက် ခိုးဖောက် နိုင်ခဲ့သည့် 
ပါလက်စတိုင်း နိုင်ငံသား ဟက်ကာ ရှာရီသာနှင့် ပတ်သက်ပြီး Facebook ၏ 
လုံခြုံရေးမှာလည်း လှုပ်ခတ်သွား ခဲ့ရသည်။
BeyondTrust လုံခြုံရေး ကုမ္ပဏီ နည်းပညာ အရာရှိ 
မာ့စ်မိုက်ဖရက်က ထိုသို့ စွမ်းဆောင်နိုင်သည့် ရှာရီသာကို ဆုငွေ 
ချီးမြှင့်ရန် Facebook ကို တိုက်တွန်း သော်လည်း ငြင်းဆန်ခဲ့သဖြင့် 
အွန်လိုင်း လှုပ်ရှားမှု တစ်ခု အနေဖြင့် စည်းရုံး လုပ်ဆောင်ခဲ့ရာတွင်