မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday, 2 February 2016

သားဖြစ်သူ အသတ်ခံရသည့် အမှုနှင့်ပက်သက်၍ ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့နှင့် တရားရေးရုံးတို့၏ ဆောက်ရွက်ချက်များကို မကျေနပ်၍ တရားခံဖော်ထုတ်ပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု

Eleven Media Groupပခုက္ကူမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက် ၉ နာရီခန့်က သားဖြစ်သူ အသတ်ခံရသည့် အမှုနှင့်ပက်သက်၍ ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့နှင့် တရားရေးရုံးတို့၏ ဆောက်ရွက်ချက်များကို မကျေနပ်၍ တရားခံဖော်ထုတ်ပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သားဖြစ်သူမှာ အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုကြောင့် သေဆုံးရခြင်းဖြစ်သော်လည်း ကျူးလွန်သူဟု ယူဆရသူ တစ်ဦးကိုသာ တရားစွဲဆိုထားသည့် အတွက် တရားခံအမှန်ကို ဖော်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။
■ သက်ထိန်ဝင်း

Monday, 1 February 2016

ပြည်သူ့လွှတ်တော်ဥက္ကဌ အသစ်စက်စက်ဖြစ်လာသူ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၏ လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးပြောကြားခဲ့သော

ပြည်သူ့လွှတ်တော်ဥက္ကဌ အသစ်စက်စက်ဖြစ်လာသူ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၏ လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံအား ပြန်လည်ဖော်ပြလိုက်ပါသည်။
Nainglin Aung's photo.
"ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များ၊ ဒီလွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးတဲ့အပြင် ကိုယ်စားလှယ်များ စာရေးသောက်ရေး၊ နေရေးထိုင်းရေး စီစဉ်ပေးတဲ့ သူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ဒီနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲများကျင်ပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဒုတိယအကြိမ်လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ပြည်သူများ

Thursday, 17 December 2015

အဘမင်းသိင်္ခ ၏ စာအုပ်များ

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် တပွဲစား ဦးနှော (ဝတ္တုတိုများ) https://docs.google.com/file/d/0B_tDQldqWQvgZDk5MWFlZWItOGJmNC00NTZiLTk5OTYtZjkwNGU4MWVhMTIz/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ပျားဆွဲမုတ်ဆိတ် https://docs.google.com/file/d/0B_tDQldqWQvgZjg2Yzc0NWEtYzFjMy00YjEzLWJiZGMtNGQ0ZWQwMzBiN2Uy/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၁ https://docs.google.com/file/d/0Bwl_hA7bJaAeYmExZTk2NzUtOTE1YS00MjNhLWJiZTktNzc5YzkzMTdjMWUw/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၂ https://docs.google.com/file/d/0Bwl_hA7bJaAeYTNlYmIzMzAtOTRlMC00NTgxLWJkODAtYjhmNGVkMzA3MDE4/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မမင်းဖြူ မှန်မှန်ပြော https://docs.google.com/file/d/0Bwl_hA7bJaAeZDA4YmQxNjEtNjk2Yi00MTM0LWFmNTUtY2YyNWY2YjA3OGIw/edit?hl=en

မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မြိုင်မဟာ မမြလေး https://docs.google.com/file/d/0Bwl_hA7bJaAeZGQ3ODA1ZDctNjA5Yi00OTJhLTllZmEtZWQzOTIyMjU3YzBk/edit?hl=en

မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင် https://docs.google.com/file/d/0B_tDQldqWQvgYzJlZjNmNzItZDk0MS00YmRmLWJlNDMtMDZiZjFmOWE1ZGQ2/edit?hl=en

မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်က စိန်ခေါ်ခြင်း https://docs.google.com/file/d/0B_tDQldqWQvgNWRkMGYwMTQtMDNhYy00NTY4LWE5ZWQtYTBkMzMz

Saturday, 10 October 2015

တာချီလိတ်တွင် သုံးလောင်းပြိုင် လူသတ်ပြီး အိမ်မီးရှို့မှု ဖြစ်ပွား

Yangon Media Group's photo.



တာချီ လိတ်မြို့နယ်တွင် အမျိုးသမီးကြီး နှစ်ဦးနှင့်အမျိုးသားတစ်ဦးအား ရက် ရက်စက်စက်သတ်ပြီး နေအိမ်မီးရှို့ ခဲ့သည့်သုံးလောင်းပြိုင်လူသတ်မှုဖြစ် ရပ်တစ်ခု အောက်တိုဘာ ၈ ရက် ကဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ မရဲစခန်းမှ အတည်ပြုပြောကြား သည်။
အောက်တိုဘာ ၈ရက် ည ၁ဝ နာရီအချိန်တွင် တာချီလိတ်မြို့ပုန်း ထွန်ရပ်ကွက်၊ ပိတောက် (၉)လမ်း သွယ်၊ အမှတ် --- နေအိမ်တွင် မီး လောင်မှုဖြစ်ပွားနေကြောင်း သတင်း အရ သက်ဆိုင်ရာတာဝန်ရှိသူများမှသွားရောက်စစ်ဆေးရာ အိပ်ခန်း အတွင်းရှိ ခုတင်ပေါ်တွင် ဦးစိုင်း တစ် ၃၉ နှစ်မှာ ပက်လက်အနေအ ထားဖြင့် ဒဏ်ရာတချို့ရရှိကာသေဆုံး နေပြီး ဒေါ်အားညွန့် ၅၁ နှစ်ဆို သူအမျိုးသမီးမှာ အိပ်ခန်း၏ ခုတင် ခြေရင်းတွင် မှောက်လျက်အနေအ

Tuesday, 29 September 2015

၂မိနစ်အတွင်း Facebook accountဖွင့်နည်း

ဒီနေ့ တော့ဦးလေးကြီးတင်ပေးမှာကတော့ ဦးလေးကြီးကို ခဏခဏလာမေးနေကြတဲ့
မိတ်ဆွေများအတွက်ရယ် ဖွင့်တိုင်းLockကျကျနေတဲ့ မိတ်ဆွေများအတွက်
ဦးလေးကြီး ၂မိနစ်အတွင်း Facebook  accountဖွင့်နည်း တင်ပေးမှာဖြစ်ပါတယ်
ဦးလေးကြီး တခုတော့ ပြောချင်းပါတယ် ဦးလေးကြီး ပြောပြတဲ့ နည်းအတိုင်းပဲဖွင့်ပါ
ပြီးတော့  accountထဲရောက်သွားတာနဲ့ တွေတဲ့  ဆွေသဟာမိတ်သဟာတွေကို
likeလုပ်တာတော့ ၁လအတွင်း မလုပ်ပါနဲ့  likeမလုပ်နဲ့ လိုပြောတာမဟုတ်ဘူးနော်
likeအရမ်းပေးရင် Photo lockကျတတ်လိုပါ
ဦးလေးကြီး မိတ်ဆွေများက Videosကြည့်ပြီးလေ့လာချင်းတဲ့ လူကများတော့
ဦးလေးကြီး Videoပဲတင်ပေးလိုက်ပါတယ် မိနစ်ကလည်း အရမ်းမများတော့
Downယူရတာလည်း မြန်ပါလိမ့်မယ် မိမိစိတ်ကြိုက် ဖုန်းထဲမှာ သေချာလေ့လာလိုရပါတယ်
downယူရန်အတွက် Downloads link 5ခုချပေးထားပါတယ်
ကြိုက်တဲ့ linkကနေ တခုပဲdownယူပါ
nload1 (zippyshare)

ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)



Tuesday, 22 September 2015

မြန်မာမှတရုတ်သို့ သစ်ခိုးသွင်းမှုကို တရုတ်သစ်မှောင်ခိုဂိုဏ်းတစ်ခုက ထိန်းချုပ်လုပ်ကိုင်နေဟု EIA ထုတ်ပြန်

 
တရုတ်သို့မှောင်ခိုတင်ပို့မည့် သစ်ကားများကိုတွေ့ရစဉ် (ဓာတ်ပုံ−EIA Report)
 ပြည်ပသို့  သစ်အလုံးလိုက် တင်ပို့မှုကို    တားမြစ်ထားသော် လည်း   တရုတ်-မြန်မာနယ်စပ် တွင် တရားမ၀င်သစ်အလုံးလိုက် တင်ပို့မှုများ ရှိနေပြီး သစ်ခိုးတင်သွင်းမှုကို   တရုတ်မှောင်ခိုဂိုဏ်း တစ်ခုက ထိန်းချုပ်ထားကြောင်း  လန်ဒန်မြို့  အခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ(EIA)က သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၅ အတွင်း စုံစမ်းတွေ့ရှိချက်များ ထုတ်ပြန်ခဲ့ပြီး EIA အဖွဲ့က သစ် ကုန်သည်အယောင်ဆောင် စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့သည့် အစီရင် ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။
မြန်မာသော   တရားမ၀င် သစ်အများဆုံးဝင်ရောက်သည် ယူနန်ပြည်နယ်အတွင်းရှိ ဒိန် ဟောင်၊ နောင်တောင်နှင့် ရွှေလီ မြို့သုံးခုကို

Saturday, 12 September 2015

နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့် ဟာ သူ့ကို မွေးဖွားချိန်မှာ မိဘ နိင်ငံသား မဟုတ်လို့ သူဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညိစွန်းနေပါတယ်

နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့် ဟာ မအူပင်ကနေပြိုင်မယ့် အမတ်လောင်းဖြစ်ပါတယ်
မြန်မာတိုင်းစ် ရဲ့ ရေးသားချက်အရ သူ့မိဘနှစ်ပါးဟာ ဦးအုံဝှက် ဒေါ် ဂျင်းယင် ဖြစ်ပါတယ်
သူ့ကို မွေးဖွားချိန်မှာ မိဘ နိင်ငံသား မဟုတ်လို့ သူဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညိစွန်းနေပါတယ်
တိုင်ကြားစာရသော်လည်း အချိန်နှောင်းသွားလို့ သူ့ရဲ့ရွေးကောက်ပွဲဝင်ခွင့်ကို မပယ်ချပေးနိင်တော့ဘူးတဲ့
ကာယကံရှင် ကလည်း ကိုယ်မိဘ နိင်ငံသား မဟုတ်တာ ကိုတော့ သိလောက်မှာပါ
ဒါပေမယ့်လည်း မျက်နှာပြောင်တိုက် အရှက်မရှိ ခပ်တည်တည် ဝင်ပြိုင်ရဲတယ်နော်
မအူပင် လဝက ကလည်း ဦးသိန်းညွန့် မိဘ တွေ နိင်ငံသား ဟုတ် မဟုတ် ဖြေကြားရန် ငြင်းဆိုတယ်တဲ့
အမှန်ကိုပြောလိုက်ရင် အလုပ်ထိခိုက်မှာကို ကြောက်တဲ့ ခင်ဗျား

Wednesday, 2 September 2015

Computer မှ ဖိုင်များကို စမတ်ဖုန်းကနေ ကြိုးမဲ့ ရယူနည်း


      

သင့်ရဲ့ စမတ်ဖုန်းကနေ ကွန်ပြူတာမှ ဖိုင်များကို ကြိုးမဲ့ နည်းလမ်းဖြင့် ရယူနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ကွန်ပြူတာမှာ Software များထည့်သွင်းစရာလည်း မလိုပါဘူး။ Android Phone မှာတော့ ES File Explorer ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရင် ကြီးမားတဲ့ ဖိုင်များကိုတောင် လျှင်မြန်စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။
သင့်ရဲ့ ကွန်ပြူတာနဲ့ စမတ်ဖုန်းကို တူညီတဲ့ WiFi Network တစ်ခုထဲမှာ ချိတ်ဆက်ထားဖို့ လိုပါတယ်။
သင့်ကွန်ပြူတာမှ Share လုပ်ချင်တဲ့ Hard Drive သို့မဟုတ် ဖိုဒါအပေါ်မှာ Right Click နှိပ်ပြီး အောက်ပါလမ်းကြောင်းအတိုင်းသွားပါ။
Properties > Sharing>Advanced sharing >share this folder

Share this folder မှာ အမှန်ခြစ်ပေးပြီး Apply ကို နှိပ်ပါ။ Ok ကို နှိပ်ပါ။
သင့်ဖုန်းမှ ES File Explorer ကို ဖွင့်ပြီး ဘယ်ဘက်အပေါ်ထောင့်မှ Menu

Tuesday, 1 September 2015

ဘုတ်ငှက်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ

Tuesday, September 1, 2015



“လေပြေငယ် သုတ်ပါလို့ ရွှေဘုတ်ကဲ့ အိုးအီ.. နေမီအောင် တခိုလှမ်းခဲ့ရ.. ကောက်ငန်းကအပြန်မှာ” ဆိုတဲ့ ရှေးခေတ်ကဗျာကိုသတိရမိတိုင်း “ကျီးဘုတ် ရိုသေ၊ ဘုတ်ကျီး ရိုသေ” ဆိုရိုးကိုလည်း ထပ်ဆင့်သတိရလာပါတယ်။ ကျီးကို မြင်ဖူးတွေ့ဖူးသူအများအပြားရှိနိုင်ပေမယ့် ဘုတ်ငှက်ကိုတော့ တွေ့ဖူးသူနည်းပါးမယ် ထင်ပါတယ်။ အတွေ့ရနည်းတဲ့ ဘုတ်ငှက်အကြောင်းပြောပြပါ့မယ်။

ဘုတ်ငှက်ဟာ ဥဩမျိုးနဲ့အတူ ကျူကျူလီဒီး Cuculidae မျိုးရင်းတွင် ပါဝင်ပြီး သတ္တဗေဒ အမည်အားဖြင့် "စင်ထရိုပတ်ဆိုင်နင်ဆစ်" လို့ ခေါ်ပါတယ်။ ဥဩနဲ့မျိုးတူပေမယ့် ဥဩလိုတော့ အခြားငှက်တွေရဲ့ အသိုက်တွေမှာ ဥအုလေ့မရှိပါဘူး။ မိမိအသိုက် မှာ မိမိဥအုတာပါ။ တောကျီးကန်းအရွယ် အလျား ၁၈ လက်မရှိပြီး ခန္တာကိုယ်မှာတောက်ပြောင်မည်းနက်ပြီး အတောင်ဟာ

Thursday, 20 August 2015

မုံရွာတက္ကသိုလ် ကျောင်းသားနှစ်ဦး အား နမခတိုင်းမှူး ဟောင်း ဗိုလ်ချုပ်စိုးလွင် သား နှင့် အဖွဲ့က ကားဖြင့်လိုက်တိုက်

Tun Min Latt's photo.Tun Min Latt's photo.
 
 
သြဂုတ်လ(၁၁)ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် မုံရွာမြို့ ကျောက္ကာလမ်း ဖန်စီ(2)စားသောက်ဆိုင် မှ အရက်မူးပြီး ကားအားအရှီန်ပြင်းစွာဖြင့် မောင်းနှင် ကာ ကျောက္ကာလမ်းမကြီးပေါ် မောင်းတက်စဉ် မုံရွာတက္ကသိုလ် မှ ကျောင်းသားနှစ်ဦး မောင်းနှင်လာသည့် FZ ဆိုင်ကယ် နှင့် တိုက်မိမည့် အနေအထားဖြစ်ကာ
စကားများကြပြီး နောက်ပိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးလွင် ၏ သားနှင့်အဖွဲ့ မှ အဆိုပါကျောင်းသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ၄င်းတို့ပါလာ သည့် ကားများဖြင့်လိုက်တိုက်ပြီး ဒုတ်ဖြင့်ပစ်ပေါက်သဖြင့် မုံရွာတက္ကသိုလ် တွင် အေးချမ်းစွာပညာသင်ကြားနေလျှက်ရှိသည့် ကျောင်းသား(၂)ဦး ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"ဘယ်သူတွေ ရဲ့ သားသမီးတွေဆိုတာကိုတော့

Thursday, 13 August 2015

သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ရှိနိုင်ပါ့မလား

သူရဦးရွှေမန်း , ပြည်ထောင်စုလွှတ်တော်နာယက , လွှတ်တော် , ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ, သမ္မတဦးသိန်းစိန်


သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရသည့် သူရဦးရွှေမန်း။(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူရဦးရွှေမန်းကို သာမန်ပါတီဝင်တဦးအဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ၀င်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးကနေ ဦးရွှေမန်းကို နေ့ချင်းညချင်း ဖယ်ရှားလိုက်တာက

Monday, 10 August 2015

IT နှင့်ပတ်သက်၍ လိုချင်တာရှာရန် လင့်များ

 
သက်ဆိုင်သူကို credit ပေးပါတယ်
IT နှင့်ပတ်သက်၍ လိုချင်တာရှာရန် လင့်များ
မှတ်ချက် =
linkတွေအများကြီးမို့linkတွေနိပ်လို့မသွားခဲ့ရင် Color note မှာ copy ကူးထားပြီး အသုံးပြုကြပါ။
မူရင်း credit: http://momeiktharr.wordpress.com/
စိတ်ဝင်စားဖွယ် website လိပ်စာများ
1. www.mcpamyanmar.com မြန်မာနိုင်ငံ ကွန်ပျူတာပည်ရှင်များ အသင်း၏၀က်ဆိုဒ် )
2. www.getnetwise.com
( အင်တာနက်ကိုလုံခြုံစွာ သုံးစွဲနိုင်ရေး အတွက် လမ်းညွှန်ပေးတဲ့ဝက်ဆိုဒ် )
3. www.computerhope.com
( ကွန်ပျူတာနှင့် ဆိုင်တဲ့ software/ hardware ပြသနာပေါင်းစုံ ဖြေရှင်းတဲ့ ၀က်ဆိုဒ် )
4. www.tizag.com
(၀က်ဆိုဒ်ရေးသားချင်သူတွေအတွက်
အသုံးဝင်မယ့် ဆိုဒ် )
5. www.webteacher.com
( ၀က်ဆိုဒ်အခြေခံ ဗဟုသုတတွေ ကိုယ်ပိုင်ဝက်ဆိုဒ် စာမျက်နှာတစ်ခု ပြုလုပ်ပုံတွေ ရှင်းပြထားတဲ့ ၀က်ဆိုဒ် )
6. www.elo-godsign.com
( လိုဂို အကောင်းဆုံး လင့် 300 ကျော်ကို စုစည်းပေးထားတဲ့ ဆိုဒ် )
7. www.photobucket.com
(ဗီဒီယိုတွေကို တင်နိုင်၊ ကြည့်နိုင်တဲ့ဆိုဒ်)
8. www.say-it.com
( seal အမှတ်အသားတစ်ခုကို အွန်လိုင်းတွင် ချက်ချင်းဖန်တီးနိုင်ပြီး

ကျန်းမာရေးဌာနသို့ရောက်ရှိလာတဲ့စစ်ဘက်ဆိုင်ရာ အရာရှိများကို မကျေနပ်၍ မန္တလေးအရိုးဆေးရုံမှ ဆရာဝန်များက ဖဲကြိုးနက်များ လက်ပတ်နက်များပတ်ပြီး ကန့်ကွက်ဆန္ဒပြနေ

 
 
 
 
 

၁၀..၈..၁၅

တပ်သားစုဆောင်းရေးတပ်က ဒုဗိုလ်မှုးကြီးက ကျန်းမာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှုးဖြစ်စေဆိုပီး လုပ်ထည့်လိုက်သတဲ့။
-
ဆရာဝန်ကြီးတွေအထူးကုကြီးတွေပါမောက္ခကြီးတွေ လက်မခံ၊
ဒေါသထွက်လည်း ထွက်ချင်စရာပဲလေ
မန္တလေးအရိုးရောဂါကုဌာနက အထူးကုဆရာဝန်ကြီးများကတော့ လက်မခံနိုင်တဲ့အတွက်ဆိုပီး အနက်ရောင်ဖဲပွင့်တွေဝတ်ဆင်ပီး
ကမ်ပိန်းလုပ်

Friday, 7 August 2015

ထိုင်ဝမ်နိုင်ငံအတွက်ဒီနှစ်အတွင်းအင်အားအကြီးဆုံးလို့ ဆိုရမယ့် "Soudelor" တိုင်ဖုန်းမုန်တိုင်းကြီး

Heaven Jade's photo.

 ထိုင်ဝမ်နိုင်ငံအတွက်ဒီနှစ်အတွင်းအင်အားအကြီးဆုံးလို့ ဆိုရမယ့် "Soudelor" တိုင်ဖုန်းမုန်တိုင်းကြီးရဲ့  ရှေ့ ပြေးစက်ဝန်းဟာထိုင်ဝမ်နိုင်ငံအတွင်းကိုယခုနေ့ လည်အချိန်မှာကတည်းက၀င်ရောက်လာပြီးလေပြင်းကစတိုက်နေပါတယ်။ မုန်တိုင်းရဲ့ ဗဟိုချက်ကတော့ဒီညပိုင်းမှာထိုင်ဝမ်နိုင်ငံအရှေ့ ပိုင်းမှနေပြီး ကုန်းပေါ်ကိုတက်လာမှာမို့  ထိုင်ဝမ်နိုင်ငံအရှေ့ ဒေသများကို ယနေ့ မွန်းလွဲကတည်းက အလုပ်ပိတ်/ကျောင်းပိတ်အမိန့် ထုတ်ထားနှင့်ပြီး မြို့ တော်ထိုင်ပေအပါအ၀င်ထိုင်ဝမ်တနိုင်ငံလုံးနီးပါးကိုတော့ ယနေ့ ညမှစပြီး အလုပ်ပိတ်/ကျောင်းပိတ်အမိန့် ထုတ်ထားပါတယ်။ အမိန့် နှင့်အကျူံးမ၀င်တဲ့ စစ်တပ်/ကမ်းခြေစောင့်တပ်/ဆေးဖက်ဆိုင်ရာ/မီးသတ်/ကယ်ဆယ်ရေးအဖွဲ့ အစည်းတွေကတော့ ထုံးစံအတိုင်း အင်အားတိုးပြီး ၂၄နာရီပတ်လုံး On Duty ပါ။ ပြည်သူများအား မလိုအပ်ပါကပြင်ပမထွက်ဘဲ မိမိနေအိမ်တွင်း၌သာ လုံခြုံစွာနေကြဖို့  အစိုးရမှတိုက်တွန်းဆော်သြော်ထားပါတယ်။
အများပြည်သူများသွားလာရင်းထိခိုက်ဒဏ်ရာရမှုနည်းပါးအောင် ဆေးရုံများရဲ့  OPDများ/ပြင်ပဆေးခန်းများကိုလည်းယာယီပိတ်ထားမှာဖြစ်ပြီး ဆေးရုံရဲ

Tuesday, 4 August 2015

နှစ်မျိုးပဲရှိတယ် ။ အသိဥာဏ်မဲ့တာလား တာဝန်မဲ့တာလား

 
 
 
 
 
 
( လက်ရှိရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ ဆုံမေးမြန်းခြင်း )
နိုင်ငံတစ်ဝှမ်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် ၁၁ ခုအထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လာမည့် စက်တင်ဘာနှင့်အောက်တို ဘာတို့ ၌ အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်လာနိုင်သည့်အတွက် ယင်းကာလအတွက်ကို ပို၍စိုးရိမ်စရာဖြစ်ရပ်အဖြစ် အစိုးရပိုင်းက သတိထားကာ ကြိုတင်ပြင်ဆင်မှုလုပ်ထားစေလိုကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားလာသည်။ လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေါက်တာထွန်းလွင်၏ ဝေဖန်သုံးသပ်ချက်များကို ပြည်မြန်မာ ပရိသတ်များသိရှိနိုင်စေရန်တွေ့ ဆုံမေးမြန်းပြီး ဖော်ပြလိုက်ပါသည်။
မေး - ဆရာ ဦးထွန်လွင် ခင်ဗျာ ။ ဆရာသတိပေးနေတဲ့အထဲမှာရေကြီး
ရေလျှံမှု ပထမအကြိမ် ၊ ဒုတိယအကြိမ် နဲ့ တတိယအကြိမ်ဆိုပြီးတော့ ရေကြီးရေလျှံကာလ သုံးပိုင်းရှိတယ်ပေါ့ ။ အခု ဒုတိယအကြိမ်က ပြီးပြီ
လား ၊ တတိယအကြိမ်ကရော ဘယ်လိုရှိမလဲခင်ဗျ ။
ဖြေ - ပထမအကြိမ်က ဖြစ်ပြီးသွားပြီ ၊ ဒုတိယအကြိမ်က ဖြစ်နေဆဲပေါ့ ။ အခု ဒီမုန်တိုင်း( ကိုမန် ) ပြီးရင်တော့ နည်းနည်းလောက်တော့ လျှော့
သွားမှာပေါ့ ။ ရေပြန်ကျသွားမှာပေါ့ ။ တတိယအကြိမ်ကဘယ်အချိန်မှာ
လာမလဲဆိုတော့

Sunday, 2 August 2015

ရေကြီးမှုအတွက် အစိုးရအကူအညီ နောက်ကျရခြင်းအဖြစ်မှန်

Aye Min Soe's photo.

         

မြန်မာနိုင်ငံတ၀ှမ်းလုံးရေတွေကြီး နေတာမှာ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းက ပိုပြီးဆိုးဝါးတာကိုတွေ့ ရတယ်၊
အစိုးရက ရုတ်တရက် အရေးပေါ်အခြေအနေ မကြေညာပဲ နောက်ကျနေရတာဟာ အဲဒီဒေသတွေမှာ စစ်ဆင်ရေးအရ အရေးကြိးတဲ့ လျှို့ ဝှက်လှိုင်ခေါင်းတွေ အများဆုံး ရှိနေလို့ ပဲဖြစ်တယ်၊စစ်အစိုးရဟာ နေပြည်တော် စပြိးတည်ဆောက် ချိန်ကတည်းက တနိုင်ငံလုံးအနှ့ံ့ လှိုင်းခေါင်းကွန်ယက်ကို ဒေါ်လာဘီလျှံ နဲ့ ချီ အကုန်အကျခံပြီးတည်ဆောက်ခဲ့တယ်၊လှိုင်းခေါင်းတွေ ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူ့ စစ်မဟာဗျုဟာလို့ သူတို့  နာမည်တပ်ထားတဲ့ စစ်ရေးဗျုဟာရဲ့ အဓိ က အမိန့် ပေး ဌာန (centeral comman posts) တွေကို မြေအောက်က နေကွပ်ကဲဘို့ ပဲဖြစ်တယ်၊ ဒါတွေဟာ ပြည်တွင်း လက်နက်ကိုင်တွေကို ကာကွယ်ဘို့ မဟုတ်ဘူး ပြည်ပက တိုက်ခိုက်လာရင် ရင်ဆိုင်ဘို့ ဖြစ်တယ်၊ စစ်အစိုးရတခုလုံးကို နောက်ဆုံးအချိန်ထိ အကာအကွယ်

Saturday, 1 August 2015

သစ်တော သစ်ပင်တွေ ပြုန်းတီးသွားတာကလဲ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်

ပညာရှင်စကား
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍမျိုးစုံ
ပကတိအခြေအနေနှင့် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို စာဖတ်သူများ
ရှုမြင်သုံးသပ်နိုင်ရန်အတွက် ''ပညာရှင်စကား'' ကဏ္ဍကို အပတ်စဉ် ဖော်ပြပေးလျက်ရှိပါသည်။
(အယ်ဒီတာ)

သစ်တော သစ်ပင်တွေ ပြုန်းတီးသွားတာကလဲ
မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်။ အရင် က မိုးရွာရင် သစ်တောသစ်ပင်တွေက တားထား တဲ့ အတွက် မြစ်ဆီကို ရေက တန်းမရောက်ဘူး။ ဖြည်းဖြည်းချင်းပဲ ရောက်တယ်။ အခုကျ ရွာသမျှ ရေက မြစ်ထဲဒလဟော စီးဝင်သွားတော့ ရုတ်တ ရက် မြစ်ရေကြီးမှုတွေ ဖြစ်ကုန်တယ်။ အခုဟာက သစ်တောတွေမရှိတဲ့ ဒဏ်ကို ခံနေရပြီ။ ရန်ကုန်မှာ ဆိုရင် မိုးရွာလိုက်ပြီဆိုတာနဲ့ ကားတစ်ဝက်လောက်ကို ရေ မြုပ်နေပြီ။
အရင်တုန်းက တော့ ဆယ်နှစ်မှတစ်ခါ၊ ဆယ့်ငါးနှစ်မှတစ်ခါ ဖြစ် ချင်ဖြစ်မယ်။ ကမ္ဘာပေါ် မှာ ရာသီဥတုပြောင်းလဲ မှုကြီး ဖြစ်ပြီးတဲ့နောက် ပိုင်း မိုးကြီးတာတွေ၊ မိုး ခေါင်တာတွေက

အရေးပေါ် အခြေအနေ ကြေညာဖို့ နောက်ကျသွားပြီ ဆိုတဲ့ ဦးထွန်းလွင်

ရာသီဥတု, မုန်တိုင်း, ရေကြီးရေလျှံ
ဦးထွန်းလွင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်သော မုန်တိုင်းငယ်သည် အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ သိသိသာသာ များပြားနေပြီး တချို့နေရာတွေမှာ မုတ်သုန်မိုး အားကောင်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးများက မြန်မာနိုင်ငံအပေါ် မည်မျှ သက်ရောက်နေပြီလဲ ဆိုသည့် အကြောင်းကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” ကြောင့် နောက်ဆက်တွဲ အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဆိုင်ကလုန်းမုန်တိုင်း ကလည်း နဂိုကတည်းက ဖြစ်နိုင်တယ်လို့ မှန်းထားပြီးသားပါ။ အခု အင်အားကတော့ တန့်သွားတယ်လို့ ပြောရမယ်။ဒီထက် ဆက်တက်ဖို့တော့

Thursday, 30 July 2015

အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်သင့်ပြီ ..... မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောပြီ



(များများဖြန့်ဝေပေးကြပါ။)

၂၉/ ၇/ ၂၀၁၅
DVB / ရွှေအောင်
တနိုင်ငံလုံး မိုးကြီးပြီး ရေကြီးနေတာကြောင့် အစိုးရအနေနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်ဖို့သင့်ပြီလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
အထူးသဖြင့် ဆည်မြောင်းတွေကို အလေးထား စောင့်ရှောက်သင့်တယ်လို့လည်း သူက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဆက်လက်တည်ရှိနေတဲ့ မုန်တိုင်းကြောင့် ချင်း၊ ရခိုင်၊ မကွေး အနောက်ခြမ်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပွားနိုင်တယ်လို့ ပြောပါတယ်။
ဒီနေ့ကစပြီး နောက် ၄-၅ ရက်အတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ် ဖြစ်ပွားနိုင်တာကြောင့် သတိပြု နေထိုင်ကြဖို့လည်း မိုးလေ၀သပညာရှင်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို ဒီဗွီဘီက