မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 28 October 2014

အင်တာနက်သုံးတဲ့သူများအတွက် အင်တာနက် setting ချိန်နည်း

အသုံးဝင်သော ဖုန်းဆော့ဝဲများ မျှဝေမည်'s photo.









 မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်း အော်ပရေတာများဖြင့် အင်တာနက်သုံးတဲ့သူများအတွက် အင်တာနက် setting ချိန်နည်း၊ ၀န်ဆောင်မှုစသည် ဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါတယ်။
အိုရီဒူး ကဒ်ဆိုရင် ဘာမျှလုပ်စရာမလိုပဲ အလွယ်တကူ အင်တာနက်အသုံးပြုနိုင်ပါတယ်။
တယ်လီနော်ကဒ်လည်း အတူတူပါပဲ။
MPT၊ WCDMA နဲ့ GSM တွေအတွက်ကတော့ လိုအပ်လာပါပြီ။ အင်တာနက်ဖွင့်ဖို့ မလျောက်ရသေးဘူးဆိုရင် ကျပ်ငွေ(၁၀၀၀၀)ကို သွင်း sms နဲ့ 1331 ဖုန်းနံပါတ်ကို ဒီလိုလေးရေးပေးလိုက်ရမှာဖြစ်ပါတယ်။
Orderdata service ဆိုပြီးရေးကာ message ပို့လိုက်ရပါတယ်။ သူက message ပြန်ပို့လာရင် အတည်ပြုပြီးဖြစ်သွားပါတယ်။ နောက်ထပ်ကတော့
Android ဖုန်းတွေတို့၊ Iphone တွေမှာသုံးမယ်ဆိုရင် အောက်ကလိုပြင်ပေးရပါအုံးမယ်။
settings/ more settings/ mobile networks/ access point names/ apns
မှာအခုပေးထားသလိုပြင်ပေးလိုက်ရင် ရပါပြီ။
GSM / WCDMA Internet Setting ကတော့
Name : mptnet
APN : mptnet
User Name : mptnet
Password : mptnet
Authentication type : PAP or CHAP
APN type : internet ပြီးရင် save လုပ်လိုက်ရပါတယ်။ ဒါဆို အင်တာနက်သုံးလို့ရပါပြီ။
နောက်ထပ်၊ ပိုက်ဆံစစ်တာကတော့
MPT ရဲ့ gsm/ wcdma တွေမှာ *124#
cdma တွေမှာ *123#
အိုရီဒူးမှာက *124#
တယ်လီနော် *124# ပဲဖြစ်ပါတယ်။
တယ်လီနော်မှာ အင်တာနက် free ဘယ်လောက်ကျန်သေးလဲကြည့်ချင်လျှင် *124*1#
နောက်ထပ် တယ်လီနော်ကို အင်တာနက် လအလိုက်၊ အပတ်အလိုက်၊ နေ့အလိုက် free လုပ်ယူလို့ရပါတယ်။
တယ်လီနော်ကို တစ်လအင်တာနက် free လုပ်ဖို့ရန်အတွက် ဖုန်းနံပါတ် (500)ကို smartmonth ဆိုပြီး sms ပို့လိုက်ပါ။ ကျပ်ငွေ 6600 ကျပ်ပဲကုန်ကျပါတယ်။ အမြန်နှုန်းကတော့ up to 2Mb ပါ။ ဒီလိုမလုပ်ပဲ သုံးမယ်ဆိုရင် 1Mb ကို (၆)ကျပ်ကုန်ကျပါမယ်။
အိုရီဒူးအတွက်ကတော့ အင်တာနက်အသုံးပြုခ 1Mb ကို (၂၅)ကျပ်ဖြစ်ပါတယ် တစ်လအတွင်း (၁၀၀၀ကျပ်)ငွေသွင်းတိုင်း 1Mb ကို (၁၀)ကျပ်လျှော့ပေးပါတယ်။
ရက်အလိုက်၊ အပတ်အလိုက်၊ လအလိုက် free ပြုလုပ်ချင်ရင်တော့ အောက်ပါလိပ်စာသို့ သွားရောက်ကြည့်ရှု့ကြပါ။
http://www.ooredoo.com.mm/en/Personal/Plans/Prepaid/Internet-Packs.aspx
ဒီတခါကျတော့ ဆော့ဝဲလေးတခုပါ။ MPT, MEC, OOREDOO, TELENOR အားလုံးအတွက် ဘေလ်ထည့်ခြင်း၊ ဘေလ်စစ်ခြင်း၊ ဘေလ်လွဲခြင်း၊ ၀န်ဆောင်မှုစစ်ဆေးခြင်း၊ တခြားဝန်ဆောင်မှုများ လျောက်ထားခြင်း စသည် အသုံးဝင်လုပ်ဆောင်ချက်များစွာကို ဒီဆော့ဝဲလေးတခုရှိရုံဖြင့် ပြည့်စုံစေမှာဖြစ်ပါတယ်။ အသုံးလိုအပ်သူများ အောက်မှာ ဒေါင်းယူလိုက်နော်။ Android ဖုန်းအားလုံးမှာ ထည့်သွင်း အသုံးပြုနိုင်ပြီး ဆော့ဝဲ size 350 kb ရှိပါတယ်။ အဆင်ပြေနှစ်သက် ပျော်ရွှင်ကြပါစေ..
ဒေါင်းလုပ်လင့်ခ် ၁ ➳ ➳
https://copy.com/7NDABsCgirNYpg6f
ဒေါင်းလုပ်လင့်ခ် ၂ ➳ ➳
http://yunpan.cn/csS3rXTTADgx2
အသုံးပြုလို့ အဆင်ပြေနှစ်သက် ဗဟုသုတရတယ်ဆိုရင် မိမိတို့ရဲ့ မြန်မာနိုင်ငံမှ သယ်ချင်းတွေပါ တွေ့မြင်အသုံးပြုနိုင်အောင် like or share လုပ်ပြီးကူညီမျှဝေပေးခဲ့ပါနော်။
Ref➳ NHS(နည်းပညာနှင့်ဗဟုသုတ)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်