မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 23 December 2014

internet လိုင်းကောင်းတာ ဒါ့ကြောင့်ကိုး


ဟန် မိုး's photo.






 
 ကျွန်တော်တို့ တစ်နိုင်ငံလုံး အားထားပြီး သုံးနေရတဲ့
SEMEWAY 3 အင်တာနက် ဖိုင်ဘာကေဘယ်လိုင်းပါ၊ နိုင်ငံတကာ ဆက်ကြောင်းနဲ့ ပင်လယ်ထဲမှာချိတ်ဆက်ပြီး ဖျာပုံမြို့နယ် ကုလားထိပ်ကမ်းခြေကနေ ဖျာပုံမြို့ကတဆင့် ရန်ကုန်မြို့ဆီမြေအောက်လိုင်းနဲ့ ဆက်သွယ်ထားတာပါ၊ အဲဒီကေဘယ်လိုင်းနဲ့အတူ လွန်ခဲ့သော အနှစ် ၂၀ ဝန်းကျင်က ကားလမ်းပါ ဖောက်ပေးခဲ့ပါတယ်၊ တစ်အိမ်ထောင် မြေကြီးဘယ်နှစ်ကျင်းဆိုပြီး သူတို့အမည်ခံ ကိုယ့်ဘာသာမြေကြီးပေါက်ပြီး ဖောက်ခဲ့တဲ့ကားလမ်းပါ၊ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ခဲ့တယ်၊ ခုကားဟောင်းအပ်ပြီး အဆင့်မြင့်ကားတွေလဲ လဲရော ဂျစ်ကားမှ သွားလို့ရတဲ့လမ်းက ဘာကားမှ သွားလို့မရတော့ပါ၊ မနှစ်ကတော့ ကုမ္ပဏီတစ်ခုက လမ်းတစ်ဝက် ကို ဘတ်ဂျက်နဲ့ လာပြင်ပေးသော်လည်း မည်သည့်ယာဉ်မှ မသွားရဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတော့ ဘယ်လို ခိုးသွားမှန်း မသိခဲ့ရဘူး၊ သွားချင်ရင် လယ်ထဲက မြေကြီးခြောက်မှ

Monday 22 December 2014

လက်ပံတောင်းအဓိကရုဏ်းတွင် သေနတ်ကျည်ထိမှန်သဖြင့် တောင်သူအမျိုးသမီးတစ်ဦး သေဆုံး

လက်ပံတောင်းတာင်း ယနေ့ပြဿနာဖြစ် သတင်း
7Day News Journal's photo.

လက်ပံတောင်းအဓိကရုဏ်းတွင် သေနတ်ကျည်ထိမှန်သဖြင့် တောင်သူအမျိုးသမီးတစ်ဦး သေဆုံး
လက်ပံတောင်း - လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေအတွင်း မြေယာလျော်ကြေးယူထားခြင်းမရှိသော လယ်ယာမြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းကို ရွာသားများတားဆီးရာမှ ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား အခြေအနေတင်းမာကာ အဓိကရုဏ်းဖြစ်ပွားခဲ့ရာမှ ကျည်ဆန်ထိမှန်သဖြင့် အမျိုးသမီးတစ်ဦး ဦးခေါင်းပွင့်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။
လုံခြုံရေးရဲတပ်ဖွဲ့များ ပစ်ခတ်လိုက်သော သေနတ်ကျည်ထိမှန်သဖြင့် မိုးကြိုးပြင်အလယ်ရွာမှ


Dear Zawgyi user !! 
Please read this instructions and you will be OK with Unicode in Windows Operating System.
မင်္ဂလာပါ ဇော်ဂျီအသုံးပြုသူများ
သင့်အနေဖြင့် ဝင်းဒိုးတွင် ယူနီကုဒ် အသုံးပြုချင်လျှင် အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ.. သင်အဆင်ပြေ အိုကေသွားပါလိမ့်မည်.. 
=========================================
Windows မှာ မြန်မာယူနီကုတ် ကို အသုံးပြုချင်သူများအတွက် နည်းလမ်းများနဲ့ အမှန်မထင် ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲများကို အောက်မှာ လေ့လာကြည့်နိုင်ပါတယ်... အခက်အခဲရှိရင် မက်ဆေ့ပို့မေးမြန်းနိုင်ပါကြောင်း ....
Windows မှာ မြန်မာယူနီကုဒ် ထည့်နည်းနှင့် ထည့်တဲ့အချိန်မှာ ဖြစ်တတ်သော အခက်အခဲများ။
------------------------
Windows မှာ ယူနီကုဒ် ထဲ့သွင်းရတာ အလွယ်ကူဆုံးပါ။
၁။ ယူနီကုဒ်ဖောင့် တခုခုကို ဒေါင်းပြီး install လုပ်ပါ။
-----------------------
အောက်ဖော်ပြပါ ဖောင့်များသည် Unicode စံသတ်မှတ်ချက်အတိုင်း အပြည့်အဝလိုက်နာသော ဖောင့်များဖြစ်သဖြင့် မိမိစက်အတွင်း ၄င်းဖောင့်များတစ်ခုခုရှိနေရုံမျှဖြင့် မည်သည့် Unicode စာသားများကိုမဆို ဖတ်ရှုနိုင်မည်ဖြစ်သည်...
(က) (PyidaungSu Font
ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်.)
ဒေါင်းလုဒ်လင့် -- 
https://www.dropbox.com/s/w6try6m2n11u3…/pyidaungsu-1.2.ttf…
(ခ) Myanmar 3 Font (တိုင်းရင်းသားစာများ မပါ) ၊ ဒေါင်းလုဒ်လင့် 
https://code.google.com/p/myanmar3source/downloads/detail…
(ဂ) သာလွန်ဖောင့် ဒေါင်းလုဒ်
https://tharlon-font.googlecode.com/fil…/Tharlon-Regular.ttf
TharLon Font (Burmese, Mon, Shan, Karen, Pa'o, Asho Chin, Kayah and Karenni)
(ဃ) အခြားယူနီကုဒ်ဖောင့်များ ဒေါင်းလုဒ်
https://my.pcloud.com/publink/show?code=xdt#folder=14258538
အထူးသဖြင့် Windows 8, 8.1 တို့တွင် Myanmar text Unicode font သည် အလိုလျှောက် ထည့်သွင်းပြီးသားဖြစ်ပါသည်....
**************************
၂။ Unicode font ထည့်သွင်းပြီးသည်နှင့် စာရိုက်စနစ် ကီးဘုတ် တခုခုကို ထဲ့သွင်းရပါမည်။
-----------------------
(က)သင်ပုန်းကြီးအတိုင်းရိုက်ချင်ရင် KeyMagic က မြန်စံ လက်ကွက် ကို သုံးပါ။
ကီးမက်ဂျစ် ဒေါင်းလုဒ်
https://keymagic.googlecode.com/…/KeyMagic-1.5.1-Installer.…
(ခ)Windows 8 , 8.1 တွင် Unicode စည်းမျဉ်းအတိုင်း ရိုင်နိုင်သည့် မြန်မာလက်ကွက် အလိုလျှောက်ထည့်သွင်းပြီးသားဖြစ်သည်.. ထို့ကြောင့် Control panel > Language ထဲသိုသွား၍ Add Languages ခလုတ်ကိုနှိပ်ပါ.. ထို့နောက် ရှာဖွေသည့် Search နေရာတွင် burmese ဟု ရိုက်၍ ရှာဖွေပါ.. မြန်မာစာ / Burmese ဆိုသည်ဖိုင်လေးပေါ်လာသည်ကိုတွေ့လျှင် ၄င်းအားရွေးချယ်၍ Add ကို နှိပ်လိုက်ပါက မြန်မာစာ Unicode စာရိုက်စနစ်ထည့်သွင်းပြီးသွားမည်ဖြစ်ပါသည်.. စာရိုက်လိုပါက Alt + Shift ဖြင့် ပြောင်းပြီးရိုက်နိုင်ပါသည်။
(ဂ) Windows XP , 7 တို့တွင် Window 8 မှာပါသည့် ကီးဘုတ် လက်ကွက်အတိုင်း အသုံးပြုချင်ရင်
ယူနီကုဒ် စာလုံးစီပုံအတိုင်းရိုက်နိုင်တဲ့ ကီးဘုတ်ဒေါင်းလုဒ်
@[UzpfSTEwMDAwMDE5Njg2ODIwNjpWSzo5NDQwODkwODIyNjgyNjU=:https://www.facebook.com/groups/mmUnicode/944089082268265/]
၃။ browser မှာ ဖောင့် ပြောင်းပေးပါ။
-----------------------
***Chrome အသုံးပြုသူများအတွက်
Menu button > Settings > Show Advanced Setting > Web content ဆိုတဲ့ နေရာမှာ Customize Font ကိုနှိပ်ပြီး Sans-serif Font နေရာမှာ ယူနီကုဒ်ဖောင့် တခုခု ရွေးလိုက်ရင် ရပါပြီ။ Encoding ကို Unicode(UTF-8) ပြောင်းထားပါ။
***Mozilla Firefox အသုံးပြုသူများအတွက်
Menu button > Options> Content Tab>
Default Font မှာ သွင်းထားတဲ့ မြန်မာ ယူနီကုဒ်ဖောင့် တခုခုကို ရွေးပြီး OK နှိပ်လိုက်ရင် ရပါပြီ။
***Maxthon အသုံးပြုသူများအတွက်
Maxthon menu button (Alt +F) > Settings > Advanced ကိုသွားပြီး Webpage Display နေရာမှာ Web page font ကို Select ခလုတ်ကနေ Unicode ဖောင့်တစ်ခုခုရွေးပေးလိုက်ရင် ရပါပြီ။
***IE အသုံးပြုသူများအတွက်
Control panel > Internet Options ကိုသွားပြီး Fonts ခုလုတ်ကိုနှိပ်၍ Unicode font တစ်ခုခုကို ရွေးပေးလိုက်ပြီး OK နှိပ်ပါ၊ ထို့နောက် Accessibility ခလုတ်ကို ထပ်နှိပ်၍ User Style sheet ဆိုတဲ့နေရာမှာ Format documents using my style sheet ဆိုတာကို အမှန်ခြစ်ဖြုတ်လိုက်ပါ OK နှိပ်လိုက်ပါ .. အစကတည်းက အမှန်ခြစ်မထားရင်လည်း ဒီတိုင်းပဲ Ok နှိပ်လိုက်ပါ..
အဲဒါတွေ လုပ်ပြီးရင် ယူနီကုဒ်ကို မြင်နိုင်ပါပြီ။
***************************************
ကြုံတွေ့နိုင်သော အခက်အခဲများ
*************************
၁) ** အရင် က PC Viber သုံးလို့ပဲ ဖြစ်ဖြစ် GTalk သုံးလို့ပံ ဖြစ်ဖြစ် ဇော်ဂျီစာ မြင်ရဖိုအတွက် နိုဂို စက်ထဲပါသော Arial ဖောင့်ကို Zawgyi နဲ့ အစားထိုးထားသည်များရှိပါသည်။ ထိုarial Zawgyi ဖောင့်ရှိပါက မည်သည့်နေရာတွင်မှ မြန်မာယူနီကုဒ်စာများ မမှန်ကန်ပါ။ Addon များမှာလဲ အဆင်မပြေဖြစ်တတ်ပါသည်။
ဖြေရှင်းနည်း _
မူရင်း Arial ဖောင့်ကို ပြန်ထဲ့ပေးလိုက်ပါ။
https://www.dropbox.com/s/4hrzw0rfo1zwoja/arial.ttf?dl=0
Replace လုပ်မည်ပြောလာပါမည်။ OK နှိပ်လိုက်ပါ။
ယူနီကုဒ်စာများ မမြင်ရသေးပါက Restart ချပါ။ မြင်ရလျှင် ပြီးပါပြီ။
၂) ** Arial ပြန်ထဲ့ရုံဖြင့် အဆင်မပြေသေးပါက PC Viber နောက် version အတွက် mmsd-viber.ttf ကို ထည့်ထားတာဖြစ်နိုင်ပါသည်။ Control Panel > Fonts > ထဲမှာ KaYin2014 ဆိုတဲ့ ဖောင့်ကို ရှာပါ။ တွေ့လျှင်ဖျက်လိုက်ပါ။ အပေါ်ကအတိုင်း ယူနီကုဒ်စာများ မြင်ရလား စစ်ပါ။ မမြင်ရသေးလျှင် Restart ချကြည့်ပါ။ မြင်ရလျှင် ပြီးပါပြီ။
၃) ** အပေါ်က ၂နည်းအတိုင်းအဆင်မပြေသေးဘူးဆိုလျှင်
*** Window 8 တွင် ဆိုလျှင်
Registry ကိုပြင်ကြည့်ပါမည်။
@[UzpfSTEwMDAwMDE5Njg2ODIwNjpWSzo5Njg5MTYwOTk3ODU1NjM=:https://www.facebook.com/groups/mmUnicode/968916099785563/]
ဒီအထဲက အတိုင်းလုပ်ကြည့်ပါ။
restart ချကြည့်ပါ။ အဆင်ပြေရပါမည်။ (မှတ်ချက် Window 8 နှင့် 8.1 အတွက်သာ)
၎) ** Chrome အတွက်ဆိုလျှင် တော့ ဒီအဆင်တွေ ပြီးရင် ရသင့်နေပါပြီ။
Mozilla Firefox မှာ ဖောင့် ပြောင်းပြီးလို့ မရသေးဘူး ဆိုလျှင်-
- Firefox ကို ဖွင့်ပါ။
- address bar မှာ about:config ဟုရိုက်ထဲ့ကာ Enter ခေါက်ပါ
- ပေါ်လာတဲ့အထဲမှာ address bar အောက်နားမှာ Search : ဆိုတာ ရှိပါသည်။
- အဲဒီအထဲမှာ font.name ဟု ရိုက်ထဲ့လိုက်ပါ။ စာလုံးအမဲဖြင့် Bold ဖြစ်နေသော တန်ဖိုးများက ပြင်ထားသော အရာများ ဖြစ်ပါသည်။ အဲဒီတွေအထဲမှာ Zawgyi ကို လိုက်ရှာပါ။ တွေ့လျှင် အဲဒီတန်ဖိုးအပေါ်မှာ double click ၂ချက်နှိပ်လိုက်ပါ။ ပြီးလျှင် ပေါ်လာတဲ့ text box ထဲက ZawgyiOne ဆိုတဲ့ တန်ဖိုးကို ဖျက်လိုက်ပါ။ တွေ့သမျှ အကုန်ဖျက်ပါ။ တန်ဖိုးတခုလုံးကို ဖျက်ခိုင်းတာ မဟုတ်ပါဘူး။ အထဲက တန်ဖိုးကိုပဲ ဖျက်လိုက်ပါ။
- အဓိက ကတန်ဖိုးက 
font.name.serif.x-unicode အဲဒီတန်ဖိုးဖြစ်ပါသည်။ အဲဒါမှာ ZawgyiOne တွေ့ပါက ဖျက်ပြစ်လိုက်ပါ။ default က Times New Roman ပါ။ ပြင်ချင်ရင် ပြင်ထားခဲ့ပါ။ တကယ်လို့ www.google.com.mm မှာ မြန်မာစာတွေ လေးထောင့်တုံးတွေပဲပေါ်ရင် အဲဒီတန်ဖိုးထဲမှာ ယူနီကုဒ်ဖောင့်တခုခုရဲ့ နာမည်ကို ထည့်ခဲ့ပါ။ နာမည်တွေကို Fonts ထဲ့မှာ ရှာနိုင်ပါသည်။ ဥပမာ Myanmar3, Pyidaungsu, Tharlon ပါ။ Firefox fonts Setting ကို Options > Content tab ထဲမှာ နောက်တခါ setting ပေးပါ။ ယူနီကုဒ်ဖောင့် တခုခုကို ပြန်ပြောင်းပေးလိုက်ပါ။ ဒါမှ မရလျှင် မရတာ ထပ်တာ လာမေးတော့ ဗျာ။ 
Zawgyi နဲ့သာ ပေါက်တတ်ကရ လုပ်မထားခဲ့ဘူးဆိုလျှင် မြန်မာယူနီကုဒ်ဖောင့်ထည့်ထဲ့တာကော ဇော်ဂျီဖောင့်ကို ပြန်ပြောင်းတာကော အဲလောက် မခက်တော့ပါ။ ဖြစ်နိုင်လျှင်တော့ ကိုယ်လုပ်တာ ကိုယ်မှတ်ထားတာ အကောင်းဆုံးပါပဲဗျာ။

REF : ဆန်းလင်းနိုင်
please read this instructions and you will be OK with Unicode in Windows Operating System.
မင်္ဂလာပါ ဇော်ဂျီအသုံးပြုသူများ
သင့်အနေဖြင့် ဝင်းဒိုးတွင် ယူနီကုဒ် အသုံးပြုချင်လျှင် အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ.. သင်အဆင်ပြေ အိုကေသွားပါလိမ့်မည်..
Windows မှာ မြန်မာယူနီကုတ် ကို အသုံးပြုချင်သူများအတွက် နည်းလမ်းများနဲ့ အမှန်မထင် ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲများကို အောက်မှာ လေ့လာကြည့်နိုင်ပါတယ်

Saturday 20 December 2014

တရားမ၀င်ခိုးဝင်လာသည့် တူရကီနိုင်ငံခြားသား(၅)ဦးကိစ္စဖြစ်ကြောင်းစုံလင်များ


သို့
နိုင်ငံတော်သမ္မတကြီး
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်
ဒုတိယဗိုလ်ချုပ်ကြီး ကိုကို
ပြည်ထဲရေးဝန်ကြီး
နေပြည်တော်
ရက်စွဲ၊ ၁၈ - ၁၂ - ၂၀၁၄
အကြောင်းအရာ။ ကျိုင်းတုံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခဲ့သည့် သက်ထွန်း၊ နိုင်နိုင်ဝင်း၊ စိုင်းသီဟထွန်း၊ ကျော်စိုးပိုင်တို့(၄)ဦးအား ပြစ်ဒဏ်မှလျှော့ပေါ့စဉ်းစားပေးနိုင်ပါရန် လျှောက်ထားတင်ပြခြင်း
၁။ လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်ကြီးခင်ဗျား -
ကျွန်တော်ကတော့ တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ အိမ်အမှတ် ၃၁၉ တွင် နေထိုင်သူ ကိုအောင်ကြီး၊ နိုင်ငံသားမှတ်ပုံတင်အမှတ် ၁၃/တကန(နိုင်)250896 လူငယ်ကွန်ယက်အဖွဲ့ဝင်ဖြစ်ပါတယ်ခင်ဗျာ။
၂။ (16.10.2014)ရက်နေ့တွင် ကျိုင်းတုံမြို့၊ မြို့မရဲစခန်းတွင် တူရကီနိုင်ငံသား(၅)ဦးပို့ဆောင်သည့်ကိစ္စတွင် အမှန်တကယ်မသိနားမလည်ပဲ တောင်ကြီးမြို့မှ ကျိုင်းတုံမြို့သို့ အဓိကတရားခံမြင့်နိုင်နှင့်အတူ Taxi
လိုက်ပါပို့ဆောင်သည့်(၄)ဦးမှာ ပြဿနာဖြစ်မည့်အကြောင်းအရာကိုမသိခဲ့ခြင်း၊ နိုင်ငံခြားသားဖြစ်မှန်းမသိခဲ့သောကြောင့် ပို့ဆောင်ခဲ့မိသည့်အတွက် အပြစ်တစ်ခုခံစားရကြောင်း တွေ့ရှိရပါသည်။
၃။ ကျွန်တော်သည် ကျိုင်းတုံမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့်

Friday 19 December 2014

မြန်မာ့စွယ်စုံကျမ်း ၊ စာပေကျမ်းစာတမ်း

မင်္ဂလာပါ။ Online မှာ တစ်စုတစ်စည်းထဲတွေ့ဖို့ခဲယဉ်းတဲ့
မြန်မာ့စွယ်စုံကျမ်း ၊ စာပေကျမ်းစာတမ်း ၊ ကျောက်စာဆိုင်ရာ စာအုပ်များကို လူကြီးလူငယ်မရွေးလေ့လာ နိုင်ဖို့  ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်မယ်ဆိုရင်တဲ့ နှစ်သက်တဲ့ စာအုပ်ကို Download ရယူနိုင်ပါတယ်။ အဆင်ပြေ နှစ်သက် ပျော်ရွှင်ကြပါစေ....

(၁)မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရားကြီး၏ ရာဇသတ်ခေါ်သောအမိန့်တော်တမ်းကြီး (လှသမိန်)
http://www.mediafire.com/?jluvwcdtem2neix

(၂)ဘန်းစကား (လှသမိန်)
http://www.mediafire.com/?m9oqmtnx6ol7ta7

(၃)ယိုးဒယားမှရရှိသောယဉ်ကျေးမှုများ(ဦးဖေမောင်တင်)
http://www.mediafire.com/?dcae239aardm25i

(၄)ရွှေစည်းခုံမွန်ကျောက်စာ (ဦးဖေမောင်တင်)
http://www.mediafire.com/?qq7vo41gmhjvzxb

(၅)မြစေတီ-မွန်ကျောက်စာ(ဦးဖေမောင်တင် )
http://www.mediafire.com/?30uwlb784p6s4r0

(၆)အခြေပြုပါဠိသဒ္ဒါ (ဦးဖေမောင်တင်)
http://www.mediafire.com/?bhj46piwd3om3m5

(၇)ခေတ်စမ်းကဗျာများ ၁ ခေတ်စမ်းစာပေကျမ်းစဉ် ၃ (ဦးဖေမောင်တင်)
http://www.mediafire.com/?6qgyvcb54ivd3xr

(၈)မဟာဝင်ဝတ္ထုနှင့်ဇမ္ဗူ့ဒီပစာတမ်း (မြန်မာနိုင်ငံသုတေသနအသင်း)
http://www.mediafire.com/?irocc86w5g30q65

(၉)ပုဂံခေတ်မြန်မာကျောက်စာများလာဝေါဟာရများလေ့လာချက်(ပါမောက္ခဒေါ်တင်အုန်း)
http://www.mediafire.com/?o9l2h6mg68w3gat

(၁၀)၀ါကျသွားအချိုးအဖြေကျမ်း (ဦးဣန္ဒောဘာသ)
http://www.mediafire.com/?54l7xa5r7cb8yl6

(၁၁)စာပေသမိုင်းပုဂ္ဂိုလ်ရေးအတွေးအမြင်များ (မောင်ဇေယျာ)
http://www.mediafire.com/?f0oze66wxfe3gft

(၁၂)ဗုဒ္ဓသာသနာကိုကမ္ဘာသိစေခဲ့သောမြန်မာများ(မောင်ဇေယျာ)
http://www.mediafire.com/?q1fivra0w9rhhod

(၁၃)မြန်မာစာတက္ကသိုလ် (ဦးမောင်မောင်တင်)
http://www.mediafire.com/?qt54cwm066wlv3h

(၁၄)မန္တလေးရပ်ကွက်သမိုင်း (ဦးမောင်မောင်တင်)
http://www.mediafire.com/?aia51cf7sxj6tlv
 မြန်မာအစစာတမ်း (ဦးဖိုးလတ်)
http://www.mediafire.com/?com4uv37y4t9mf1

(၁၅)မြန်မာစွယ်စုံကျမ်းအတွဲ (၁) ၊ အပိုင်း (က)
http://www.mediafire.com/?4f1pl6msz4oxja9

(၁၆)မြန်မာစွယ်စုံကျမ်းအတွဲ (၁) ၊ အပိုင်း (ခ)
http://www.mediafire.com/?bzmpkb7cdqhfwoc

(၁၇)မြန်မာစွယ်စုံကျမ်းအတွဲ (၂) ၊ အပိုင်း (က)
http://www.mediafire.com/?hd5o1vh6xhrpp7u

(၁၈)မြန်မာစွယ်စုံကျမ်းအတွဲ (၂) ၊ အပိုင်း (ခ)
http://www.mediafire.com/?pd951d5qpvme3v3

(၁၉)မြန်မာစွယ်စုံကျမ်းအတွဲ (၃) ၊ အပိုင်း (က)
http://www.mediafire.com/?v874ca26259ar4q

(၂၀)မြန်မာစွယ်စုံကျမ်းအတွဲ (၃) ၊ အပိုင်း (ခ)
http://www.mediafire.com/?y6t6d7piu6iqdyc

(၂၁)မြန်မာစွယ်စုံကျမ်းအတွဲ (၄) ၊ အပိုင်း (က)
http://www.mediafire.com/?c7bp3y47i6k7ncp

(၂၂)မြန်မာစွယ်စုံကျမ်းအတွဲ (၄) ၊ အပိုင်း (ခ)
http://www.mediafire.com/?o87petzsjfi752w

(၂၃)မြန်မာစွယ်စုံကျမ်းအတွဲ (၅) ၊ အပိုင်း (က)
http://www.mediafire.com/?i9qmedw5rr1lkaq

(၂၄)မြန်မာစွယ်စုံကျမ်းအတွဲ (၅) ၊ အပိုင်း (ခ)
http://www.mediafire.com/?ipgwx60pk03gsg1

(၂၅)မြန်မာစွယ်စုံကျမ်းအတွဲ (၆)
http://www.mediafire.com/?x2cade4abr2lah1

(၂၆)မြန်မာစွယ်စုံကျမ်းအတွဲ (၇)
http://www.mediafire.com/?839vntzex1ef2lp

(၂၇)မြန်မာစွယ်စုံကျမ်းအတွဲ (၈) ၊ အပိုင်း (က)
http://www.mediafire.com/?qycc99umyh93j18

(၂၈)မြန်မာစွယ်စုံကျမ်းအတွဲ (၈) ၊ အပိုင်း (ခ)
http://www.mediafire.com/?50k0yylfe47henq

(၂၉)မြန်မာစွယ်စုံကျမ်းအတွဲ (၉) ၊ အပိုင်း (က)
http://www.mediafire.com/?ojbm75hc6pqes0b

(၃၀)မြန်မာစွယ်စုံကျမ်းအတွဲ(၉) ၊အပိုင်း(ခ)
http://www.mediafire.com/?ymmrkdiyejyorhttp://www.myanmarebooks.net/wp-content/uploads/2011/12/9-B.pdforhttps://docs.google.com/file/d/0Bwl_hA7bJaAeZGNlMzhjZDUtZTM3OS00NmIzLThlMGQtYWVhMjhiZDIxODgw/edit?hl=en&pli=1

(Google Doc သည် ဆိုက်၏ ဘယ်ဘက်အပေါ်ရှိ File ကိုနှိပ် Download ကို နှိပ်၍ ဒေါင်းပါ)
(၃၁)စတုတ္ထသမီးတော်၏အရေးတော်ပုံစာတမ်း (တော်ဘုရားလေး အောင်ဇေ)
http://www.mediafire.com/?m86zq5gqnss664c

(၃၂)တော်ဘုရားလေး(တော်ဘုရားလေး အောင်ဇေ)ရတနာပုံမှရတနာဂီရိသို့
http://www.mediafire.com/?knel1x2nwlf2enb

(၃၃) မြန်မာအစအထောက်အထားလေ့လာချက်စာတမ်း (ချစ်စံဝင်း)
http://www.mediafire.com/?f7zzq6wcorsoofn

(၃၄)အာဆီယမ်ပဋိဥာဉ်စာတမ်း
http://www.mediafire.com/?do3h55b58o2ndac

(၃၅)အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
http://www.mediafire.com/?682azmbc9wddaql

(၃၆)ကွန်မြူနစ်ပါတီကြေညာစာတမ်း(ကားလ်မာ့က်စ်၊ ဖရက်ဒရစ်အိန်ဂယ်)
http://www.mediafire.com/?laav7d2ph4r8lg7

(၃၇)ကင်းဝန်မင်းကြီးပြင်သစ်နိုင်ငံသွားနေ့စဉ်မှတ်စာတမ်း
http://www.mediafire.com/?3aa1934tbwuk9d3

(၃၈)ဖြန့်ထွက်တွေးခြင်းနှင့်အခြားစာတမ်းများ
http://www.mediafire.com/?gd25c81zifcy8yz

(၃၉)တလိုင်းဝေါဟာရသုတေသနစာတမ်း
http://www.mediafire.com/?lo190uidmuc9ci3

(၄၀)ဒေါက်တာသန်းထွန်း၏စာတမ်းများ
http://www.mediafire.com/?wbhwayc1bm7xc9q

(၄၁)နှစ်ပေါင်း၂၀၀မြန်မာ့ဆေးပညာ သုတေသနစာတမ်းများ
http://www.mediafire.com/?2vlf7n68uruozdt

(၄၂)မြန်မာနိုင်ငံ၏သဘာဝဘေးများအကြောင်း
http://www.mediafire.com/?ke9f76ci7g7lded

(၄၃)မုံရွာကြေးနီသိုက်များကို သိပ္ပံနည်းကျလေ့လာခြင်း (ဒေါက်တာကျော်တင့်)
http://www.mediafire.com/?yy8u6ly431fax7b

(၄၄)မြန်မာအက္ခရာပေါ်ပေါက်လာပုံ နှင့် ရှေးဟောင်းမြန်မာအက္ခရာများအကြောင်း
http://www.mediafire.com/?6a8562ae7s24oie

(၄၅)စာသင်သားတို့၏မြန်မာစာလုံးပေါင်းလမ်းညွှန်
http://www.mediafire.com/?8k8irkz1q81fext

(၄၆)ဇိနတ္ထပကာသနီ (ပထမတွဲ)(ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး)
http://www.mediafire.com/?bc7lexn04j6lio1

(၄၇)စွယ်စုံကျော်ထင်ကျမ်း(ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး)
http://www.mediafire.com/?2eknk1bgq8t2s98

(၄၈)သတင်းသုံးဝေါဟာရများ
http://www.mediafire.com/?d69vl8d1mc0v8ny

(၄၉)ပါဠိ-မြန်မာအဘိဓာန်( ဦးဟုတ်စိန်)
http://www.mediafire.com/?j96m171yy3236ww

(၅၀)မြန်မာစာပေပညာရှင်တွင်းသင်းမင်းကြီး-မင်းသုဝဏ်
http://www.mediafire.com/?kw4s1ist7boq2l5

(၅၁)မြန်မာစာမြန်မာမှု-မင်းသုဝဏ်
http://www.mediafire.com/?jcbwp6ofda7t4dr

(၅၂)ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိနှင့်ရာဇဓမ္မသင်္ဂဟကျမ်း (မောင်ထင်)
http://www.mediafire.com/?d1pdeazaq540q6b

(၅၃)မြန်မာနိုင်ငံစာဆိုတော်နေ့အခမ်းအနား
http://www.mediafire.com/?cng2i0j0mwtdn73

(၅၄)ငါးစေါင်တွဲဆေးကျမ်း
http://www.mediafire.com/?1gg6b7ylso9svi8

(၅၅)အထက်တန်းပြည်သူ့နီတိ
http://www.mediafire.com/?t4kslumsj3s6dj8

(၅၆)စာသင်သားတို့၏မြန်မာစာလုံးပေါင်းလမ်းညွှန်
http://www.mediafire.com/?8k8irkz1q81fext

(၅၇)မဟာဝင်ဝတ္ထုနှင့်ဇမ္ဗူ့ဒီပစာတမ်း( ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး)
http://www.mediafire.com/?irocc86w5g30q65

(၅၈)ဇိနတ္ထပကာသနီကျမ်း နှစ်၁၀၀ပြည့်အထူး ( ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး)
http://www.mediafire.com/?86zpk75u2212r56

(၅၉)ရာဇ၀င် (ဦးကုလား)
http://www.mediafire.com/?3vw2d7hrmzwnmnl

(၆၀)ပုဂ္ဂလပညတ်အခြေခံဓာတ်ကျမ်း (ဆရာကြီးဦးသာတင့်)
http://www.mediafire.com/?jwq05g9z3lbnhbx

(၆၁)ဓါတွာဟာရ-ဓါတ်စာကျမ်း(ဆရာကြီးဦးလွှား)
http://www.mediafire.com/?5puqa6kd51z8cej

(၆၂)၀သုန္ဓရီနှင့်ရိုးရာအထိမ်းအမှတ်များ (တိုက်စိုး)
http://www.mediafire.com/?hrdtt98be2t7otr

(၆၃)မြန်မာ့မျက်ပွင့်(ရွာဓလေ့ လူ့ဓလေ့) (ဇေယျ)
http://www.mediafire.com/?02hc8ekvzplsd9t

(၆၄)ပြည်ထောင်စုမြန်မာနိုင်ငံအကြောင်းစာ (ဦးဘသိန်း)
http://www.mediafire.com/view/?5ajv3sq9zdm2x3d

(၆၅)ရွှေမန်းနှစ်တရာ (စစ်ကိုင်းဦးဘိုးသင်း)
http://www.mediafire.com/?8gi89k7wpvijtbu

Credit to original uploader

မင်္ဂလာပါ။ Online မှာ တစ်စုတစ်စည်းထဲတွေ့ဖို့ခဲယဉ်းတဲ့
မြန်မာ့စွယ်စုံကျမ်း ၊ စာပေကျမ်းစာတမ်း ၊ ကျောက်စာဆိုင်ရာ စာအုပ်များကို လူကြီးလူငယ်မရွေးလေ့လာ နိုင်ဖို့  ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်မယ်ဆိုရင်တဲ့ နှစ်သက်တဲ့ စာအုပ်ကို Download ရယူနိုင်ပါတယ်။ အဆင်ပြေ နှစ်သက်

Monday 1 December 2014

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်



ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင် (အားလုံး သိခွင့်ရအောင် ရှယ်ပေးပါ)
 ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ
သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့
နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်။

◘◘◘ နည်းလမ်း(၁) ◘◘◘
ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့
Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ

Friday 21 November 2014

Auto Easy Driver Pack All Windows ISO (1.80 Gb) (ရှားပါး ဆော့ဝဲ) Windows XP/7/8 Editions များကို စက်မှာ ဝင်းဒိုး အသစ်တင်ပြီးတိုင်း စက်ဝယ်စဉ်ကပါတဲ့ Oreginal DVD အခွေ မရှိတော့ဘူးဆိုရင် Driver တွေ မပြည့်စုံလို့ တင်လိုက်တဲ့ Windows မှာ Internet Connection Auto မဝင်တာ၊အသံမလာတာ၊CD-Rom နဲ့ USB တွေသုံးမရတာ စတဲ့ ပြဿနာများ ကြုံရတတ်ပါတယ်။ အဲဒီ ပြဿနာတွေကို ဖြေရှင်းနိုင်ဘို့ ကွန်ပြူတာအမျိုးအစားအားလုံးမှာ အသုံးပြုလို့ရတဲ့ Driver Pack မရှိထားဘူးဆိုရင် အတော်ကို ခက်ခဲသွားပါပြီ။အဲလိုအခက်အခဲမျိုး မကြုံရလေအောင် ကျွန်တော့်မိတ်ဆွေများ အတွက် Driver Pack Solution လောက်ဖိုင်ဆိုဒ်မကြီးဘဲ Driver Pack Solution ကဲ့သို့ Driver အစုံအလင်ပါဝင်ပြီး အင်စတောလုပ်ရန်လဲ လွယ်ကူတဲ့ Auto Easy Driver Pack ကိုတင်ပေးလိုက်ပါပြီ။ Windows XP,7,8 All Edition မှာ အသုံးပြုနိုင်တဲ့ Driver ဆော့ဝဲကောင်းလေးပါ။ရှားပါးဆော့ဝဲ တခုမို့ ကွန်ပြူတာ သုံးသူတိုင်း ဒေါင်းလုပ်ယူထားပါလို့ပြောချင်ပါတယ်။ ဖိုင်ဆိုဒ်က 1.80 Gb ဖြစ်လို့ RAR (၄)ဖိုင်ခွဲပြီး တင်ထားပေးပါတယ်။ RAR Password - www.linthit.com အင်စတော လုပ်ရန်... -(၁)Extract လုပ်ပြီး ရလာတဲ့ Auto Easy Driver Pack ISO ဖိုင်ကို Power ISO ဖြင့် DVD မှာ Burn ပြီး Autorun ဖြင့် အင်စတော လုပ်နိုင်သလို... -(၂) ISO ဖိုင်ကို WinRAR ဖြင့် extract ထပ်လုပ်ပြီး ရလာတဲ့ဖိုင်များထဲမှ autorun.exe ကို Double Click ဖြင့်ဖွင့်လိုက်ပြီး အင်စတောလုပ်နိုင်ပါတယ်။(အောက်မှာပြထားတဲ့ ပုံကို ကြည့်ပါ၊) http://seeyoudownload.blogspot.com/2014/11/auto-easy-driver-pack-all-windows-iso.html အဆင့် ၁ အောက်မှာ Download ဆိုတာကိုနှိပ်ကိုက်ပါ။ အဆင့် ၂ နောက်ထပ် Download ဆိုတာကိုထပ်နှိပ်ရပါဦးမည်။ အဆင့် ၃ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။ အဆင့် ၄ << SKIP AD>> ကို နှိပ်ပေးပါ။ အဆင့် ၅ Download link ကျလာပါလိမ့်မယ်။ အဆင့် ၆ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။ အဆင့် ၇ အဆင်ပြေပါသွားပြီး

Make Money at : http://bit.ly/copy_win v
Auto Easy Driver Pack All Windows ISO (1.80 Gb) (ရှားပါး ဆော့ဝဲ) Windows XP/7/8 Editions များကို စက်မှာ ဝင်းဒိုး အသစ်တင်ပြီးတိုင်း စက်ဝယ်စဉ်ကပါတဲ့ Oreginal DVD အခွေ မရှိတော့ဘူးဆိုရင် Driver တွေ မပြည့်စုံလို့ တင်လိုက်တဲ့ Windows မှာ Internet Connection Auto မဝင်တာ၊အသံမလာတာ၊CD-Rom နဲ့ USB တွေသုံးမရတာ စတဲ့ ပြဿနာများ ကြုံရတတ်ပါတယ်။ အဲဒီ ပြဿနာတွေကို ဖြေရှင်းနိုင်ဘို့ ကွန်ပြူတာအမျိုးအစားအားလုံးမှာ အသုံးပြုလို့ရတဲ့ Driver Pack မရှိထားဘူးဆိုရင် အတော်ကို ခက်ခဲသွားပါပြီ။အဲလိုအခက်အခဲမျိုး မကြုံရလေအောင် ကျွန်တော့်မိတ်ဆွေများ အတွက် Driver Pack Solution လောက်ဖိုင်ဆိုဒ်မကြီးဘဲ Driver Pack Solution ကဲ့သို့ Driver အစုံအလင်ပါဝင်ပြီး အင်စတောလုပ်ရန်လဲ လွယ်ကူတဲ့ Auto Easy Driver Pack ကိုတင်ပေးလိုက်ပါပြီ။ Windows XP,7,8 All Edition မှာ အသုံးပြုနိုင်တဲ့ Driver ဆော့ဝဲကောင်းလေးပါ။ရှားပါးဆော့ဝဲ တခုမို့ ကွန်ပြူတာ သုံးသူတိုင်း ဒေါင်းလုပ်ယူထားပါလို့ပြောချင်ပါတယ်။ ဖိုင်ဆိုဒ်က 1.80 Gb ဖြစ်လို့ RAR (၄)ဖိုင်ခွဲပြီး တင်ထားပေးပါတယ်။ RAR Password - www.linthit.com အင်စတော လုပ်ရန်... -(၁)Extract လုပ်ပြီး ရလာတဲ့ Auto Easy Driver Pack ISO ဖိုင်ကို Power ISO ဖြင့် DVD မှာ Burn ပြီး Autorun ဖြင့် အင်စတော လုပ်နိုင်သလို... -(၂) ISO ဖိုင်ကို WinRAR ဖြင့် extract ထပ်လုပ်ပြီး ရလာတဲ့ဖိုင်များထဲမှ autorun.exe ကို Double Click ဖြင့်ဖွင့်လိုက်ပြီး အင်စတောလုပ်နိုင်ပါတယ်။(အောက်မှာပြထားတဲ့ ပုံကို ကြည့်ပါ၊) http://seeyoudownload.blogspot.com/2014/11/auto-easy-driver-pack-all-windows-iso.html အဆင့် ၁ အောက်မှာ Download ဆိုတာကိုနှိပ်ကိုက်ပါ။ အဆင့် ၂ နောက်ထပ် Download ဆိုတာကိုထပ်နှိပ်ရပါဦးမည်။ အဆင့် ၃ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။ အဆင့် ၄ << SKIP AD>> ကို နှိပ်ပေးပါ။ အဆင့် ၅ Download link ကျလာပါလိမ့်မယ်။ အဆင့် ၆ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။ အဆင့် ၇ အဆင်ပြေပါသွားပြီး

Make Money at : http://bit.ly/copy_win

    

ဦးအောင်သောင်း အမည်ပျက်စာရင်း အသွင်းခံရမှု ကန့်ကွက်ပွဲမှာ ဒန်ပေါက်လုရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်

- See more at: http://thevoicemyanmar.com/index.php/news/item/4148-uat#sthash.CLUJTvAp.dpuf
    

ဦးအောင်သောင်း အမည်ပျက်စာရင်း အသွင်းခံရမှု ကန့်ကွက်ပွဲမှာ ဒန်ပေါက်လုရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်

- See more at: http://thevoicemyanmar.com/index.php/news/item/4148-uat#sthash.CLUJTvAp.dpuf

ကရင်ပြည်နယ်တွင် ဟတ်ကြီးဆည်ကဲ့သို့ အလွန်ကြီးမားသည့်စီမံကိန်း တည်ဆောက်မည်ဆိုပါက...

ကရင်ပြည်နယ်တွင် ဟတ်ကြီးဆည်ကဲ့သို့ အလွန်ကြီးမားသည့်စီမံကိန်း တည်ဆောက်မည်ဆိုပါက ပြဿနာကြီးမားစွာပေါ်ပေါက်လာမည်ဟု ကေအင်န်ယူ ဒုတိယစစ်ဦးစီးချုပ် ပြောကြား
Published on: November 20, 2014
Written by:
နွဲ့ယဉ်အေး
KNU ဒုတိယစစ်ဦးစီးချုပ်နှင့် မီဒီယာများ တွေ့ဆုံစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)
ကရင်ပြည်နယ်တွင် ဟတ်ကြီးဆည်ကဲ့သို့ အလွန်ကြီးမားသည့် ဆည်စီမံကိန်း ဖော်ဆောင်မည်ဆိုပါက ပြဿနာကြီးမားစွာပေါ်ပေါက်လာမည်ဟု ကေအင်န်ယူ ဒုတိယစစ်ဦးစီးချုပ် General Baw Kyaw Hei က မြန်မာ-ထိုင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“၂ဝဝ၆ ခုနှစ်ကတည်းက ဟတ်ကြီးဆည် တည်ဆောက်မယ့်အခြေအနေကို

Monday 17 November 2014

NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီဝင်က သံဃာတော်များအား ရစရာ မရှိအောင် စော်ကားသဖြင့် ကာယကံရှင်နှင့် NLD ပါတီက ၀န်ချတောင်းပန်ရန် ဆရာတော်ကြီးများ တောင်းဆိုပြီ



နိုဝင်ဘာလ ၁၄ရက်၊ ၂၀၁၄
ဗုဒ္ဓဘာသာ ရဟန်းတော်များအား မိုက်မိုက်ရိုင်းရိုင်း ထိပါးစော်ကားခဲ့သော NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးထင်လင်းဦးအား သာသနာတော်ညှိုးနွမ်းစေခြင်းကြောင့် ကာယကံရှင်နှင့် NLD ပါတီက တစ်နိုင်ငံလုံးရှိ သံဃာတော်များ အားလုံးကို ၀န်ချတောင်းပန်ရန် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက မိန့်ကြားသည်။
“NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးထင်လင်းဦးရဲ့ ချောင်းဦးမြို့နယ်ထဲက ဟောပြောပွဲမှာ
တော်တော်ကြီးကို မိုက်မိုက်ရိုင်းရိုင်း ပြောသွားတယ်။ မုံရွာဘက်က NLD ပါတီ တာဝန်ရှိသူတွေက အရက်မူးပြီး လျှောက်ပြောတာပါ ဆိုပြီး ကာကွယ်တယ်။ တော်တော်ကြီးကို စိတ်ထိခိုက်ရပါတယ်။ ဘယ်လိုမှ လက်မခံနိုင်တဲ့ အသုံးအနှုံးမျိုးတွေနဲ့ ပြောသွားလိုက်တာ။ နားထောင်ဖို့တောင် မသင့်တဲ့ ပြောကြားချက်တွေပါပဲ။ တော်တော်လည်း တုန်လှုပ်မိပါတယ်။ သံဃာတော်တွေကို သိမ်းကျုံးပြီး မိုက်မိုက်ရိုင်းရိုင်း စော်ကားလိုက်တာ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် ပါတီလူကြီး တဲ့။ ဘုန်းကြီးတို့ ဘယ်လိုမှ သည်းခံလို့၊ လက်ခံလို့ မရတော့ဘူး။ မကြာခင်မှာ တရားဝင်

Saturday 15 November 2014

ဦးအောင်သောင်းအတွက် အမေရိကန် မိုးကြိုး




မေရိကန်နိုင်ငံမှ ဦးအောင်သောင်းအား စတင်ခြေရာခံလာသော အကြောင်းရင်းများ ခိုင်ခိုင်မာမာပင်ရှိခဲ့လေသည်။ ယခု လွှတ်တော်ကြီးမှ အမေရိကန် ဆန့်ကျင်ရေး ဆုံးဖြတ်ချက်အားထောက်ခံပေးလိုက်ကြသော ဦးအောင်သောင်းအတွက် ထောက်ခံပေးမှုနှင့် အမေရိကန်နိုင်ငံ၏ ဦးအောင်သောင်းအပေါ်ချမှတ်သောအရေးယူ မှုအား ဆန့်ကျင်ကြသည့် လွှတ်တော် အမတ်မင်းများ အမတ်မယ်များသည် ပြည်သူ့အသံ လွှတ်တော် အသံ ဆိုသော ဆောင်ပုဒ်အားဆန့်ကျင်ကန့်လန့်တိုက်၍ မိမိတို့ဆန္ဒ အကြောက်တရားများဖြင့်သာ လက်မရွံ့  လူမိုက်ကြီးအတွက် ထွက်ပေါ်လာသော အသံတခု ဖြစ်ကြောင်း စာရေးသူ တင်ပြပေးရပေတော့မည်။
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု ဖြစ်ပွုားပြီးနောက် န၀တ မှ နအဖသို့ မပြောင်းခင်လေးမှာပင် ဦးအောင်သောင်း၏ သားအကြီး ဦးနေအောင်တို့ စကာင်္ပူနိုင်ငံသို့ ထွက်ခွာလာပြီး ၄င်းတို့နှင့်အတူ တကမ္ဘာလုံးမှ စောင့်ကြည့်နေကြသော န၀တ ပတ္တမြားကြီးပါ ယူလာခဲ့ပြီး ဟောင်ကောင်းမှ တရုတ်ကုန်သယ်များထံသို့ ပြ၍ စတင် လေလံပစ်သော ကိစ္စတွင် အမေရိကန်နိုင်ငံမှ

Friday 14 November 2014

အမေရိကန်နိုင်ငံက ဦးအောင်သောင်းအား အမျိုးသားရင်ကြားစေ့ရေးကိုသာ ဆက်လက်အရေးယူခြင်း


အမေရိကန်နိုင်ငံက ဦးအောင်သောင်းအား အရေးယူခြင်းကိစ္စသည် NLD နှင့်လုံးဝမဆိုင်ဘဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဆက်လက် ဦးတည်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
အမေရိကန်နိုင်ငံက ဦးအောင်သောင်းအား အရေးယူခြင်းကိစ္စသည် NLD ပါတီနှင့်လုံးဝမဆိုင်ဘဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဆက်လက်ဦးတည်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
သတင်းထောက်များကမေးမြန်းသည့် ဦးအောင်သောင်းအရေးယူခံရခြင်းသည် NLD နှင့်ပတ်သက်မှု ရှိ၊ မရှိ မေးခွန်းအား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် "လုံးဝမဟုတ်ဘူး။ အန်တီတို့ကလေ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်လေ သူတို့က လုပ်ပြီးမှသိတယ်။ လုံးဝအန်တီတို့နဲ့တိုင်ပင်ပြီးလုပ်တာလည်း မဟုတ်ဘူး။ ဒီလိုဟာမျိုးတွေက အခုရှေ့မှာဖြစ်ပြီးတော့

ကွန်ပျူတာLaptopနဲ့ပါသက်တဲ့စာအုပ်လေးတွေတင်ပေးလိုက်ပါတယ်


ကွန်ပျူတာLaptopနဲ့ပါသက်တဲ့စာအုပ်လေးတွေတင်ပေးလိုက်ပါတယ်။laptopကိုခုမစသုံးတဲ့ညီလေးတွေရယ်ကွန်ပျူတာသင်တန်းမတတ်နိုင်တဲ့ညီလေးတွေရယ်နိုင်ငံခြားရောက်နေတဲ့ညီလေးတွေအတွက်ပေါ့။ဒီစာအုပ်လေးတွေကမိမိကိုင်ထားတဲ့laptopတလုံးရဲ့အကြောင်းစုံကိုပြောပြလိမ့်မယ်။
ကွန်ပျူတာဝယ်ဖို့ပြင်နေတဲ့ညီလေးတွေလဲဒေါင်းထားသင့်ပါတယ်။ကွန်ပျူတာဝယ်တဲ့အခါအထောက်အကူပေးလိမ့်မယ်။ကွန်ပျူတာသုံးနေတဲ့သူတိုင်းယူထားသင့်တဲ့စာအုပ်လေးတွေပါ။
ခုလိုင်းမကောင်းလို့မဒေါင်းနိုင်ရင်လဲရှယ်ထားပေါ့လိုင်းကောင်းမှဒေါင်း။ဒီပို့ကိုcopyကူးပီးသိမ်းထားချင်လဲသိမ်းထားပေါ့။မသိသေးတဲ့ကိုယ့်သူငယ်ချင်းတွေကိုလဲဝေမျှပေးပေါ့။
1။ ။လက်တော့အကြောင်းစုံစာအုပ်
http://pc.cd/QXC
2။ ။Laptop_Hard_Driveပြောင်းလဲခြင်းနှင့်
Memory_Upgradeပြုလုပ်ချင်း။
http://pc.cd/kkC
3။ ။ Laptop_Hardwareပိုင်းပျက်စီးခြင်းကို
Externalဖြစ်ပြုပြင်ခြင်း
http://pc.cd/iXC
4။ ။ Laptop_Motherboardရဲ့Keyboard
Connector.ပြသာနာဖြေရှင်းနည်း။
http://pc.cd/EVC
5။ ။Laptopတစ်လုံးဝယ်မည်ဆို
http://pc.cd/ekC

bတ် ၃၀ ဖိုး ကောက်ညှင်းနဲ့ ကြက်သား ကြော်ထုပ် ပျောက်ရာ ကနေ ပရိသတ်သန်းကျော်နဲ့ နာမည်ကြီး


နိုဝင်ဘာလ ၁၄ ရက် ၂၀၁၄

ထိုင်းနိုင်ငံ စတွန်းခရိုင်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းခလေး - ခနစ်ထာ ကျန်ဆဝမ် (နောင့်လိုင်လာ့) ဟာ ကောက်ညှင်းပေါင်းနဲ့ကြက် သားကြော်ထုပ်ပျောက်လို့ မကျေမနပ်မှုကို ဗီဒီယိုခလစ်နဲ့ရင်ဖွင့်ပြီး အွန်လိုင်းပေါ်တင်လိုက်တာနဲ့ ၁ ရက် ၂ ရက်အတွင်းမှာ ပရိသတ်သန်းကျော် ကြည့်ရှုအားပေးလို့ ယခုပတ်အတွင်း ထိုင်းနိုင်ငံတဝှမ်းမှာ နာမည်အကြီးဆုံး ဖြစ်နေပါတယ်။

အခုဆိုရင် နောင့်လိုင်လာ့ကို လက်ကိုင်ဖုန်းအရောင်း ကိုယ်စားလှယ်တော်တော် များများက ပရီစင်တာ လုပ်ပေးဖို့ ဖုန်းဆက်ပြော ဆိုလာကြတဲ့အထိဖြစ် လာတာပါ။

နောင့်လိုင်လာ့ဟာ စတွန်းခရိုင် စတွန်းမြို့တွင်းမြို့နယ် မှာနေထိုင်တဲ့ ဆင်းရဲသားမိသားစု က ပေါက်ဖွားလာတာဖြစ်ပါတယ်။ သူမဟာ အဖွားနဲ့ အတူနေထိုင်ပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့က သူတို့ ရပ်ကွက်ရဲ့လမ်းထိပ် ဆဲဗင့်အီလဲဗင့်စတိုးရဲ့ရှေ့က

Tuesday 28 October 2014

အင်တာနက်သုံးတဲ့သူများအတွက် အင်တာနက် setting ချိန်နည်း

အသုံးဝင်သော ဖုန်းဆော့ဝဲများ မျှဝေမည်'s photo.









 မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်း အော်ပရေတာများဖြင့် အင်တာနက်သုံးတဲ့သူများအတွက် အင်တာနက် setting ချိန်နည်း၊ ၀န်ဆောင်မှုစသည် ဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါတယ်။
အိုရီဒူး ကဒ်ဆိုရင် ဘာမျှလုပ်စရာမလိုပဲ အလွယ်တကူ အင်တာနက်အသုံးပြုနိုင်ပါတယ်။
တယ်လီနော်ကဒ်လည်း အတူတူပါပဲ။
MPT၊ WCDMA နဲ့ GSM တွေအတွက်ကတော့ လိုအပ်လာပါပြီ။ အင်တာနက်ဖွင့်ဖို့ မလျောက်ရသေးဘူးဆိုရင် ကျပ်ငွေ(၁၀၀၀၀)ကို သွင်း sms နဲ့ 1331 ဖုန်းနံပါတ်ကို ဒီလိုလေးရေးပေးလိုက်ရမှာဖြစ်ပါတယ်။
Orderdata service ဆိုပြီးရေးကာ message ပို့လိုက်ရပါတယ်။ သူက message ပြန်ပို့လာရင် အတည်ပြုပြီးဖြစ်သွားပါတယ်။ နောက်ထပ်ကတော့

Tuesday 21 October 2014

တော်တော်လေးကို တရားလွန်သွားပြီ ... ကိုယ်တွေကျောင်းတက်ခဲ့ရတဲ့ မာလာဆောင်ကြီးကို အမျိုးသမီးဆောင် ပြန်လုပ်မယ်ဆိုကတည်းက တင်းနေတာ ...



ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နေသည့် ဒီပလိုမာသင်တန်းများ အားလုံး ရပ်ဆိုင်းရဖွယ်ရှိနေ
=================================================
အောင်အောင်၊ အောင်သက်ကို
ရန်ကုန်၊ အောက်တိုဘာ ၁၉
ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ (HRD) ဒီပလိုမာသင်တန်းများဖွင့် လှစ်မှုကို လာမည့်နှစ်မှ စတင်ကာ ရပ်ဆိုင်းရဖွယ်ရှိနေကြောင်း ရန်ကုန် တက္ကသိုလ်မှ စုံစမ်းသိရသည်။
အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းများမှရရှိလာသော ငွေကြေး များအနက် ၇၅ရာခိုင်နှုန်းကို နိုင်ငံ တော်သို့ပေးသွင်းရပြီး ၁ဝရာခိုင်နှုန်း ကို သင်ကြားရေးဆရာ၊ ဆရာမများ အား အချိုးကျခွဲဝေပေးရပြီး ကျန် ၁၅ရာခိုင်နှုန်းကို ကျောင်းရန်ပုံငွေအ ဖြစ် ထားရှိခဲ့ရကြောင်း သိရသည်။
သို့သော် ယခုနှစ်မှစတင်ကာ သင်တန်းကြေးများကို နိုင်ငံတော်သို့ အပြည့်အဝပေးသွင်းရတော့မည်ဖြစ် သဖြင့် အဆိုပါတက္ကသိုလ်တွင် ဖွင့် လှစ်လျက်ရှိသည့် သင်တန်းများကို ယင်းကဲ့သို့ ရပ်ဆိုင်းရန် စီစဉ်နေကြခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများ အသိုင်းအဝန်းမှ သိရသည်။
''ကျောင်းချိန်ပြင်ပမှာ သင် တာပါ။ လာတက်ကြတဲ့ကျောင်းသား တွေက

Sunday 12 October 2014

တောင်ကြီးတန်ဆောင်တိုင် နောက်ခံသမိုင်း



ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ယခင်ခေတ်များကပင် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပခဲ့ကြသည်။ တောင်ကြီးမြို့ကို အင်္ဂလိပ်ခေတ်ကာလ ၁၈၉၄ ခုနှစ် စတင် တည်ထောင်ခဲ့သည်။ ယင်းကာလ တန်ဆောင်တိုင်ပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် မကျင်းပကြသေးပေ။ မီးထွန်းခြင်း ၊ မီးရှူးမီးပန်းလွတ်ခြင်း ၊ ဗျောက်အိုး များသာရှိပါသည်။ ယင်းကာလ တောင်ကြီးမြို့တွင် နေသူများသည် ရပ်ရွာအတွင်းမှ မကောင်းဆိုးဝါးများ နှင်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဗျောက်အိုးများဖောက်ကြကြောင်း မှတ်သားဖူးပါသည်။ တန်ဆောင်တိုင်ကာလတွင် တာဝတိံသာ နတ်ပြည်မှ ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံလွတ်တင် ပူဇော်သည့် အမှုကို ဆောင်ရွက်ကြသည်။ ထိုပြင် တာဝတိံသာ နတ်ပြည်၌ သကြားမင်းတည်ထားကိုးကွယ်သော စူဠာမုဏိစေတီတော်အား ပူဇော်သည့် အမှုအဖြစ် မှတ်ယူကာ မီးပုံးပျံပူဇော်ခဲ့ကြသည်။ တောင်ကြီးမြို့တွင် ဒုတိယ ကမ္ဘာစစ်မဖြစ်မှီ တနှစ် အလိုတွင်

phone sim unlock လုပ်ချင်သူများအတွက်



 sim unlock code ကိုတွက်ချက်ပေးမဲ့  software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို့ ဦးဏှောက်နဲ့ တော်တော်လေး တွက်ချက် ရမဲ့ အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ ဆော့ ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ ရဲ့ မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့  sim unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်....ကျွန်တော်ကတော့ ဖရီးအနေနဲ့ ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့ ....အသုံးပြု လိုတယ်ဆိုရင်

Monday 6 October 2014

မန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲအကြောင်း

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲအကြောင်း (TACHILEIK BIKE WEEK )
http://www.tachileik.net/2014/08/tachileik-bike-week.html

သတင်းဆောင်းပါးရှင်။ ။ Iron Eagle
.....................................

BIKE WEEK ပွဲဆိုသည်
.............................
BIKE WEEK ပွဲဆိုသည်မှာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲဖြစ်သည်။ ယခုနှစ် ဒီဇင်ဘာလ 14 -15ရက်နေ့များတွင် မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်သော BIKE WEEK ပွဲကို တာချီလိတ်မြို့တွင် ကျင်းပနိုင်ရန် တာချီလိတ်မြို့ အခြေစိုက် EASTERN EAGLE မော်တော်ဆိုင်ကယ်ကလပ်မှ စီစဉ် ဆောင်ရွက်လျှက်ရှိပါသည်။

ပွဲကျင်းပရေးအတွက် ဒေသအုပ်ချုပ်ရေးများထံမှခွင့်ပြုချက် ရရှိပြီးဖြစ်ရာ နိုင်ငံတကာမှ မော်တော် ဆိုင်ကယ်ကလပ်များအား ဖိတ်ခေါ်ရေး၊ တေးဂီတ အစီအစဉ်ဖြင့် ဧည့်ခံရေးနှင့် ပွဲခင်း အပြင်အဆင်နှင့် အခြား လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

EMPEROR နှင့် CARABAO တို့ တွေ့ဆုံမည့်ပွဲ 
.............................
.နိုင်ငံတကာမှ လာရောက်သော ဆိုင်ကယ်စီးသမား BIKER များ၊ ဒေသခံ ဆိုင်ကယ်ဝါသနာရှင်များ နှင့် စိတ်ပါဝင်စားသူ ပြည်သူများအား သီဆိုဖျော်ဖြေရန် မြန်မာနိုင်ငံမှ နာမည်ကျော် ROCK အဆိုတော် ဇော်ဝင်းထွဋ် နှင့် EMPEROR အင်ပါယာ တေးဂီတအဖွဲ့အား လည်းကောင်း၊ ထိုင်းနိုင်ငံမှ နာမည်ကြီး တေးဂီတ အဖွဲ့ဖြစ်သော ကရာဘောင်းတေးဂီတအဖွဲ့ (CARABAO BAND) အားလည်းကောင်း စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါသည်။ CARABAO BAND သည် ထိုင်းနှင့် အခြားအာရှ နိုင်ငံများတွင် အောင်မြင်ကျော်ကြားသော တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လွန်ခဲ့သော 21.10.2013 တွင် ရန်ကုန်မြို့ JUNCTION စကွဲယားတွင် ကျင်းပပြုလုပ်သော ဆီးဂိမ်းအကြိုလှုံ့ဆော်မှု ဖျော်ဖြေပွဲကြီးတွင် သွားရောက်သီဆို ဖျော်ဖြေခဲ့ပြီး မြန်မာနိုင်ငံ၌ ဒုတိယအကြိမ်အဖြစ် TACHILEIK BIKE WEEK ပွဲတွင် လာရောက်သီဆို ဖျော်ဖြေပေးမှာ ဖြစ်ပါသည်။

ထိုင်းဆိုင်ကယ်စတန့် ချန်ပီယံဆုရ မြန်မာနိုင်ငံသား
.............................
.မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျောင်းတက်နေရာမှ ထိုင်းဆိုင်ကယ်စတန့် ချန်ပီယံဆုကို ရရှိခဲ့သော နာမည်ကျော် ဆိုင်ကယ်စတန့်သမား ကိုနောင်သည်လည်း ပွဲသို့လာရောက်ပြီး သူ၏ ကျော်ကြားသော ဆိုင်ကယ်စတန့် ပြကွက်များကို ပြသမှာဖြစ်ပါသည်။

BIKE WEEK ပွဲ၏ အခင်းအကျင်း
.............................
BIKE WEEK ပွဲသို့ လာရောက်ကြသူများသည် ပွဲခင်းထဲတွင် ပြသထားသော ရက်အင်ဒီးယန်းကျေးရွာ နှင့် ရက်အင်ဒီးယန်းများ၊ မော်တော်ဆိုင်ကယ်ကလပ် (MC) အသီးသီး၏ ဆိုင်ကယ်ပြခန်းများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ခန်းများ၊ သရေထည်ပစ္စည်း အရောင်းဆိုင်များ၊ ဆိုင်ကယ်အလှဆင်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ ဆိုင်ကယ်ကုမ္ပဏီများ၏ ဆိုင်ကယ်ပြခန်းများ၊ စားသောက်ဆိုင်ခန်းများနှင့် အခြားစိတ်ဝင်စားစရာများကို လေ့လာကြည့်ရှု နိုင်မှာဖြစ်ပါသည်။

ဆိုင်ကယ်အလှပြ စီတန်းလှည့်လည်
.............................
(15.12.2014) ရက်နေ့ ညနေ (03း00) နာရီတွင် BIKE WEEK ပွဲသို့ လာရောက်ကြသော BIG BIKE ဆိုင်ကယ်ကြီးများ အားလုံးစုပေါင်းပြီး ပွဲကျင်းပရာ ရှမ်းရိုးမကွင်းမှ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားထိပ်အထိ အတူစီးနင်းကြပြီး ထိုမှတဖန် တာချီလိတ်ရွှေတိဂုံဘုရားသို့ သွားရောက်ကာ စုပေါင်းဓါတ်ပုံရိုက်ကူးကြမည် ဖြစ်သည်။ ပြီးလျှင် ရှမ်းရိုးမကွင်းသို့ အတူတကွပြန်လည်ဝင်ရောက်ကြပြီး ဆိုင်ကယ်အားလုံးကို ပွဲသို့လာရောက်သူများ လေ့လာကြည့်ရှုနိုင်ရန် တစ်စုတစ်စည်းထဲ ထားရှိမှာဖြစ်သည်။ ပြီးလျှင် ကိုနောင်၏စတန့်ပြကွက်များကို ရှုစားကြရမှာဖြစ်သည်။

ဖွင့်ပွဲနှင့် ပံ့ပိုးကူညီပေးကြသော ကုမ္ပဏီများအား ကြေငြာပေးခြင်း
.............................
ညနေ (05း00)နာရီတွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသော TACHILEIK BIKE WEEK ပွဲကို မြန်မာနိုင်ငံမှတာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး အစီအစဉ်များကို စတင်မှာဖြစ်ပါသည်။ ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပွဲအား ကမကထပြုပေးသူများ၊ ပွဲအား ပံ့ပိုးကူညီပေးကြသော ကုမ္ပဏီများ စသည်တို့ကို ကြေငြာပြီးနောက် ညစာစားပွဲကို စတင်မှာဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမှ ဆိုင်ကယ်ကလပ်များ စုပေါင်း၍ ပရဟိတအဖြစ် စုပေါင်းလှူဒါန်းမည်
.............................
MC များ၏ ပရဟိတပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အနေဖြင့် အပြည်ပြည်ဆိုင်ရာမှ လာရောက် ကြသော ဆိုင်ကယ်စီးသမား (BIKER) များမှ စုပေါင်းထည့်ဝင်လှူဒါန်းငွေနှင့် ပွဲအားစီစဉ်ကျင်းပသော EASTERN EAGLE MC မှလှူဒါန်းငွေတို့ကို တာချီလိတ်ခရိုင်အတွင်းရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာများတွင် အသုံးပြုရန် ရံပုံငွေအဖြစ် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းမှာဖြစ်ပါသည်။

အဟောင်းဆုံးဆိုင်ကယ် ရွေးချယ်မယ်
.............................
.ပြီးလျှင် ရှေးဟောင်းဆိုင်ကယ်ရွေးချယ်မှု အစီအစဉ် စတင်မှာဖြစ်ပါသည်။ ပွဲသို့လာရောက်သော ဆိုင်ကယ်များထဲမှ အဟောင်းဆုံးဆိုင်ကယ်(3) စီးကိုရွေးချယ်ပြီး ဆုချီးမြှင့်မှာဖြစ်ပါသည်။ ပြီးလျှင် အလှဆုံး ဆိုင်ကယ်ရွေးချယ်မှု အစီအစဉ် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သော ဆိုင်ကယ်များထဲမှ အလှဆုံးဆိုင်ကယ် (3) စီးကို ရွေးချယ်ပြီး ဆုချီးမြှင့်ပေးမှာဖြစ်ပါသည်။

ည (၈)နာရီ
.............................
ည (08း00) နာရီတွင် မြန်မာနိုင်ငံမှ နာမည်ကျော် ROCK အဆိုတော် ဇော်ဝင်းထွဋ်နှင့် အင်ပါယာ တေးဂီတအဖွဲ့မှ စတင် သီဆိုဖျော်ဖြေမှာဖြစ်ပါသည်။

ည(၉း၃၀)နာရီ
.............................
.ည (093း0) နာရီတွင် ထိုင်းနိုင်ငံမှ နာမည်ကျော် CARABAO ကရာဘောင်း တေးဂီတ၀ိုင်းကြီးမှ (2) နာရီကြာ သီဆိုဖျော်ဖြေပြီးနောက် အစီအစဉ် ပြီးဆုံးမှာဖြစ်ပါသည်။

BIKE WEEK ပွဲနှင့် ပတ်သက်၍ ပိုမိုသိရှိလိုလျှင်
.............................
ပွဲနှင့်ပတ်သက်သည်များကို 1ST MYANMAR TACHILEIK BIKE WEEK ဖေ့စ်ဘုတ် စာမျက်နှာတွင် ၀င်ရောက် လေ့လာကြည့်ရှုနိုင်ပြီး စုံစမ်းမေးမြန်းလိုသည်များကိုလည်း မက်ဆေ့မှမေးမြန်းနိုင်သည်။ tachileikbikeweek@gmail.com အီးမေးလ်သို့လည်း စာရေးသား မေးမြန်းနိုင်သည်။ လူကိုယ်တိုင် သွားရောက်စုံစမ်းလိုပါက အမှတ် ၅၃၊ သဇင်လမ်း၊ တာလော့ရပ်၊ တာချီလိတ်မြို့တွင် ဖွင့်လှစ်ထားသော EASTERN EAGLE MC CLUB HOUSE မြန်မာဖုန်း 084-51176 နှင့် ထိုင်းဖုန်း 095-709-3331 သို့လည်း သွားရောက်မေးမြန်းနိုင်သည်။

ဤ TACHILEIK BIKE WEEK ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ အပြည်ပြည်ဆိုင်ရာမှ ဆိုင်ကယ်ဝါသနာရှင်များနှင့် BIKER များကြားတွင် များစွာ စိတ်ဝင်စားလျှက်ရှိပြီး အများအပြား လာရောက်ကြမည်ဟု ခန့်မှန်းထားပါသည်။ 

လက်ရှိကာလတွင်ပင် ထိုင်း၊ စင်ကာပူ၊ မလေးရှား နှင့် ကမ္ဘောဒီးယားရှိ ဆိုင်ကယ်ကလပ်များမှ လာရောက်မှာ သေချာကြောင်းနှင့် ဟိုတယ်ခန်းဘွတ်ကင် ယူထားပေးပါရန် ကြိုတင်မှာကြားမှုများ ရှိနေပါသည်။ သြစတေးလျ၊ အမေရိကန် နှင့် ဂျာမနီတို့မှ MC များလည်း အချက်အလက်များကို စုံစမ်းမေးမြန်းလာပါသည်။

ဤပွဲတွင် ပါဝင်ဆင်နွှဲခြင်းအားဖြင့် နိုင်ငံတကာမှ BIKER များနှင့် တွေ့ဆုံမိတ်ဖွဲ့ရသဖြင့် မိတ်ဆွေသစ်များ တိုးပွားခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိုင်ကယ်သမား (BIKER) များ၏ ချစ်ခင်စည်းလုံးသော ဓလေ့ကို ကိုယ်တွေ့ သိမြင်ရခြင်း၊ နောက်ဆုံးပေါ်ဆိုင်ကယ်မျိုးစုံကို မျက်မြင်ကိုယ်တွေ့လေ့လာ ကြည့်ရှု နိုင်ခြင်း၊ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံမှ အကျော်ကြားဆုံးတေးဂီတ အဖွဲ့ (၂)ဖွဲ့၏ သီဆို ဖျော်ဖြေမှုကို တစ်နေရာထဲ၊ တစ်ညထဲတွင် ခံစားနားဆင်နိုင်ခြင်း စသော အတွေ့အကြုံများစွာရရှိမှာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာပြည်မှ ဆိုင်ကယ်ဝါသနာရှင်များ အားလုံးနှင့် စိတ်ပါဝင်စားသူများအားလုံး အနေဖြင့် မြန်မာ့မြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပသော BIKE WEEK (ခေါ်) အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲနှင့် မိတ်ဆုံညစာစားပွဲတွင် ပါဝင်ဆင်နွှဲကြပါရန် EASTERN EAGLE MC မှဖိတ်ကြားအပ်ပါသည်။

Iron Eagle
SECRETARY
EASTERN EAGLE MC (MYANMAR)

(16.12.2014 တွင်ဧည့်သည် BIKER များနှင့် EASTERN EAGLE MC အဖွဲ့ဝင်များ စုပေါင်းပြီး တာချီလိတ်မြို့ရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာများသို့ သွားရောက်လည်ပတ်မှာဖြစ်ပြီး 17.12.2014 တွင် ကျိုင်းတုံမြို့ရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာများသို့ အတူတကွသွားရောက် လှူဒါန်း ကြရန်စီစဉ်ထားပါသည်။ ပြီးလျှင် တရုတ်နယ်စပ် မိုင်းလားမြို့သို့ သွားရောက်လည်ပတ်ပြီး 18 ရက်နေ့တွင် တာချီလိတ်မြို့ ပြန်ရောက်ကာ ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ကြမှာ ဖြစ်ပါသည်။)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲအကြောင်း (TACHILEIK BIKE WEEK )

သတင်းဆောင်းပါးရှင်။ ။ Iron Eagle
BIKE WEEK ပွဲဆိုသည်မှာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲဖြစ်သည်။ ယခုနှစ် ဒီဇင်ဘာလ 14 -15ရက်နေ့များတွင် မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်သော BIKE WEEK ပွဲကို တာချီလိတ်မြို့တွင် ကျင်းပနိုင်ရန် တာချီလိတ်မြို့ အခြေစိုက် EASTERN EAGLE မော်တော်ဆိုင်ကယ်ကလပ်မှ စီစဉ် ဆောင်ရွက်လျှက်ရှိပါသည်။
ပွဲကျင်းပရေးအတွက် ဒေသအုပ်ချုပ်ရေးများထံမှခွင့်ပြုချက် ရရှိပြီးဖြစ်ရာ နိုင်ငံတကာမှ မော်တော် ဆိုင်ကယ်ကလပ်များအား ဖိတ်ခေါ်ရေး၊ တေးဂီတ အစီအစဉ်ဖြင့် ဧည့်ခံရေးနှင့် ပွဲခင်း အပြင်အဆင်နှင့် အခြား လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
EMPEROR နှင့် CARABAO တို့ တွေ့ဆုံမည့်ပွဲ
.............................
.နိုင်ငံတကာမှ လာရောက်သော ဆိုင်ကယ်စီးသမား BIKER များ၊ ဒေသခံ ဆိုင်ကယ်ဝါသနာရှင်များ နှင့် စိတ်ပါဝင်စားသူ ပြည်သူများအား