မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 23 December 2014

internet လိုင်းကောင်းတာ ဒါ့ကြောင့်ကိုး


ဟန် မိုး's photo.






 
 ကျွန်တော်တို့ တစ်နိုင်ငံလုံး အားထားပြီး သုံးနေရတဲ့
SEMEWAY 3 အင်တာနက် ဖိုင်ဘာကေဘယ်လိုင်းပါ၊ နိုင်ငံတကာ ဆက်ကြောင်းနဲ့ ပင်လယ်ထဲမှာချိတ်ဆက်ပြီး ဖျာပုံမြို့နယ် ကုလားထိပ်ကမ်းခြေကနေ ဖျာပုံမြို့ကတဆင့် ရန်ကုန်မြို့ဆီမြေအောက်လိုင်းနဲ့ ဆက်သွယ်ထားတာပါ၊ အဲဒီကေဘယ်လိုင်းနဲ့အတူ လွန်ခဲ့သော အနှစ် ၂၀ ဝန်းကျင်က ကားလမ်းပါ ဖောက်ပေးခဲ့ပါတယ်၊ တစ်အိမ်ထောင် မြေကြီးဘယ်နှစ်ကျင်းဆိုပြီး သူတို့အမည်ခံ ကိုယ့်ဘာသာမြေကြီးပေါက်ပြီး ဖောက်ခဲ့တဲ့ကားလမ်းပါ၊ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်၊ သွားလမ်းသာလို့ လာလမ်းဖြောင့်ခဲ့တယ်၊ ခုကားဟောင်းအပ်ပြီး အဆင့်မြင့်ကားတွေလဲ လဲရော ဂျစ်ကားမှ သွားလို့ရတဲ့လမ်းက ဘာကားမှ သွားလို့မရတော့ပါ၊ မနှစ်ကတော့ ကုမ္ပဏီတစ်ခုက လမ်းတစ်ဝက် ကို ဘတ်ဂျက်နဲ့ လာပြင်ပေးသော်လည်း မည်သည့်ယာဉ်မှ မသွားရဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတော့ ဘယ်လို ခိုးသွားမှန်း မသိခဲ့ရဘူး၊ သွားချင်ရင် လယ်ထဲက မြေကြီးခြောက်မှ
သွားရတယ်၊
ပြောချင်တာက လမ်းမဟုတ်ပါ၊
အင်တာနက်လိုင်းကို လမ်းအောက်မှာ မြှုပ်ထားပြီး လမ်းပျက်စီးနေသည့်အတွက် ကြိုးလိုင်းများပေါ်နေပြီး အောက်မှာချောင်းငယ်လေးဖြစ်၍ ရေတောထဲ ရောက်နေပါသည်၊
၎င်း အင်တာနက်လိုင်းပေါ်မှာ မြင်ရတဲ့အတိုင်း တံတားသဖွယ် လူရော ဝက်ရော နွားများပါမကျန် သွားလာနေပါသည်၊ အခုလို သေချာမှု မရှိတာ ဘယ်နေရာတွေမှာ ရှိသေးလဲ ကျွန်တော်မသိပါ၊
နိုင်ငံနှင့်အဝှမ်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော သည်အင်တာနက် ဆက်ကြောင်းသည် ခုလို ပရမ်းပတာ မဖြစ်သင့်ပါ၊ ခုလို ပုံမှာတွေ့တဲ့အတိုင်း တာဝန်ရှိ ဆက်သွယ်ရေး ဝန်ကြီး မြင်စေချင်ပါတယ်၊ သေချာစွာ စစ်ဆေး၍ ပြုပြင်သင့်ပါတယ်၊ ကျွန်တော်တို့ အားထားပြီး သုံးနေတဲ့ ဒီလိုင်းကြီး ခုလို ဖြစ်နေတာ တာဝန်သိစွာ ဝိုင်းဝန်း ရှဲပေးလို့ တာဝန်ရှိတဲ့ သူတွေ အမြန်ဆုံးပြုပြင်နိုင်ပါစေ၊ ခု မြင်ရတာကတော့ ဖျာပုံ ဘုန်းကြီးသောင် ကားလမ်း အစမှာပါ///

့ credit to Kyaw Yadanar

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်