မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 20 December 2014

တရားမ၀င်ခိုးဝင်လာသည့် တူရကီနိုင်ငံခြားသား(၅)ဦးကိစ္စဖြစ်ကြောင်းစုံလင်များ


သို့
နိုင်ငံတော်သမ္မတကြီး
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်
ဒုတိယဗိုလ်ချုပ်ကြီး ကိုကို
ပြည်ထဲရေးဝန်ကြီး
နေပြည်တော်
ရက်စွဲ၊ ၁၈ - ၁၂ - ၂၀၁၄
အကြောင်းအရာ။ ကျိုင်းတုံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခဲ့သည့် သက်ထွန်း၊ နိုင်နိုင်ဝင်း၊ စိုင်းသီဟထွန်း၊ ကျော်စိုးပိုင်တို့(၄)ဦးအား ပြစ်ဒဏ်မှလျှော့ပေါ့စဉ်းစားပေးနိုင်ပါရန် လျှောက်ထားတင်ပြခြင်း
၁။ လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်ကြီးခင်ဗျား -
ကျွန်တော်ကတော့ တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ အိမ်အမှတ် ၃၁၉ တွင် နေထိုင်သူ ကိုအောင်ကြီး၊ နိုင်ငံသားမှတ်ပုံတင်အမှတ် ၁၃/တကန(နိုင်)250896 လူငယ်ကွန်ယက်အဖွဲ့ဝင်ဖြစ်ပါတယ်ခင်ဗျာ။
၂။ (16.10.2014)ရက်နေ့တွင် ကျိုင်းတုံမြို့၊ မြို့မရဲစခန်းတွင် တူရကီနိုင်ငံသား(၅)ဦးပို့ဆောင်သည့်ကိစ္စတွင် အမှန်တကယ်မသိနားမလည်ပဲ တောင်ကြီးမြို့မှ ကျိုင်းတုံမြို့သို့ အဓိကတရားခံမြင့်နိုင်နှင့်အတူ Taxi
လိုက်ပါပို့ဆောင်သည့်(၄)ဦးမှာ ပြဿနာဖြစ်မည့်အကြောင်းအရာကိုမသိခဲ့ခြင်း၊ နိုင်ငံခြားသားဖြစ်မှန်းမသိခဲ့သောကြောင့် ပို့ဆောင်ခဲ့မိသည့်အတွက် အပြစ်တစ်ခုခံစားရကြောင်း တွေ့ရှိရပါသည်။
၃။ ကျွန်တော်သည် ကျိုင်းတုံမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့်
သက်ထွန်း၊ နိုင်နိုင်ဝင်း၊ စိုင်းသီဟထွန်း၊ ကျော်စိုးပိုင်တို့၏ ညီတစ်ဦးဖြစ်ပါသည်။ ၄င်းတို့(၄)ဦးထောင်ဒဏ်ကျခံရသည့်ကိစ္စများအား
ပြစ်ဒဏ်လျှော့ပေါ့စဉ်းစားပေးနိုင်ပါရန်နှင့် သိမ်းဆည်းခံထားရသည့်(Taxi)ဆိုင်ကယ်များ ပြန်လည်ရရှိနိုင်ရေးအတွက်လည်းကောင်း၊ အမှုနှင့်ပတ်သက်သူများ(နည်းလမ်းတစ်စုံတစ်ရာဖြင့်)အမှုမှ လွတ်မြောက်သွားသည်
များကို တွေ့ရှိရပါသဖြင့် ဆက်စပ်ရရှိသည့်အကြောင်းအချက်များအား “နိုင်ငံတော်သမ္မတကြီး”နှင့် ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်တို့မှ သိသင့်သည့်ကိစ္စဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးအနေဖြင့်လည်းကောင်း စဉ်းစားဆုံး
ဖြတ်၍တင်ပြရခြင်းဖြစ်ပါကြောင်း ကြိုတင်အစီရင်ခံအပ်ပါသည်။
(က) ဆက်စပ်ရရှိသည့်အကြောင်းအရာများနှင့် အရေးယူသင့်သည့်ကိစ္စများတင်ပြခြင်း
(၁) မူဆယ်မြို့မှ တရားမ၀င်သည့် နည်းလမ်းများဖြင့်ဝင်ရောက်လာသည့် တူရကီနိုင်ငံသား(၅)ဦးအား ဦးမြင့်နိုင် ဦးဆောင်ပြီး မူဆယ်မြို့မှတောင်ကြီးမြို့အရောက်ပို့ဆောင်ပေးခဲ့သည် Taxi (၄)စီးမှာ
ဤအမှုတွင်မပါဘဲလွတ်မြောက်နေပါကြောင်း တင်ပြပါသည်။
(၂) ကျိုင်းတုံထောင်တွင်ပြစ်ဒဏ်ကျခံနေရသည့် ကိုသက်ထွန်း၊ နိုင်နိုင်ဝင်း၊ စိုင်းသီဟထွန်း၊ ကျော်စိုးပိုင်တို့(၄)ဦးအား တောင်ကြီးမြို့မှကျိုင်းတုံမြို့သို့ Taxi ပို့ရန်လာငှားသည့် အေးသာယာရပ်ကွက်မှ
ဆယ်အိမ်မှူး ကိုဖိုးကြူး၏သား ဘိုဘိုဆိုသူသည် ”တူရကီနိုင်ငံခြားသားများဖြစ်သည်ကို ပွင့်ပွင့်လင်းလင်းမပြောဆိုပဲ ထိမ်ချန်၍ Taxi လာငှားသူဖြစ်သည့်အတွက် ဤအမှုနှင့်ပတ်သက်သူတစ်ဦး
ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
(၃) တရားမ၀င်ခိုးဝင်လာသည့် တူရကီနိုင်ငံခြားသား(၅)ဦးအား အမှုစစ်တရားသူကြီးမှ ဆုံးဖြတ်ချက်တွင် တစ်ဦးလျှင်ဒဏ်ငွေကျပ်(၁)သိန်းစီကျခံစေပြီး ဆုံးဖြတ်သည့်အတွက် တူရကီနိုင်ငံခြားသား
(၅)ဦးအတွက် ငွေကျပ်(၅)သိန်းမှာ မည်သူမှကျခံပါသနည်း။ မေးခွန်းထုတ်စရာ (အမှန်ကိုဖုံးကွယ်၍ ဆုံးဖြတ်ချက်များဖြစ်နေပါကြောင်း တင်ပြအပ်ပါသည်)
(၄) ကျိုင်းတုံမြို့သို့ရောက်ရှိစဉ် မြင့်နိုင်ဆိုသူမှ တူရကီနိုင်ငံခြားသား(၅)ဦးအား တာချီလိတ်မြို့သို့ဆက်လက်ပို့ဆောင်ရန်အစီအစဉ်ဖြင့် ဖုန်းဆက်ရာဖမ်းဆီးခံကြရပါသည်။ အဆိုပါဖြစ်စဉ်အရ တူရကီ
နိုင်ငံခြားသား တာချီလိတ်မြို့သို့ တရားမ၀င်ဆက်လက်ထွက်ခွာမည့်အစီအစဉ်ရှိပါသည်။ သို့ရာတွင် တာချီလိတ်မြို့သို့ ဆက်လက်လက်ခံမည့်(၂)ဦးအား ဖမ်းမိခဲ့ပါသော်လည်း ၄င်းတို့(၂)ဦးအား
ဒဏ်ငွေ(၁)သိန်းစီကျခံစေကာ(သံသယ)အနေဖြင့် ဆုံးဖြတ်ချက်သည် လမ်းကြောင်းပေါ်လာနိုင်သည့်အတွက် ပိတ်လိုက်ခြင်းဖြစ်သည်။ မရိုးသားပါကြောင်း တာချီလိတ်မှ(၂)ဦးမှာ ယခင်ကလည်း
အလားတူ တဆင့်ပြီးတဆင့်လုပ်ဆောင်ခြင်းမျိုးသော်လည်းကောင်း ဖြစ်နိုင်ခြေရှိကြောင်း (သံသယ)ဖြစ်နိုင်ပါသည်။
(ခ) သို့ဖြစ်ပါ၍ ကျွန်တော်၏ဆက်စပ်သိရှိရသည့်အကြောင်းအရာ တင်ပြချက်များနှင့်ပတ်သက်၍ သက်ဆိုင်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသင့်ပါကြောင်းနှင့် နောင်အလားတူထိန်ချိန်၍ရပါလား
ဆိုသည့် အမြင်မျိုး၊ နိုင်ငံတော်အကြီးအကဲများဘာမှ မသိပါလားဟု မှတ်ယူသွားနိုင်ပါသဖြင့် ဖြစ်စဉ်များအားစီစစ်၍ အမှန်အတိုင်းဆုံးဖြတ်ပေးသင့်ပါကြောင်း တာဝန်သိပြည်သူတစ်ဦးအနေဖြင့် တင်ပြအပ်
ပါသည်။
၎။ တရားမ၀င်ခိုးဝင်လာသည့် တူရကီနိုင်ငံခြားသား(၅)ဦးကိစ္စဖြစ်ကြောင်းစုံလင်များ တင်ပြသူကျွန်တော်အောင်ကြီး၏ အစ်ကိုတော်သူများဖြစ်သည့် ကိုသက်ထွန်း၊ နိုင်နိုင်ဝင်း၊ စိုင်းသီဟထွန်း၊ ကျော်စိုးပိုင်တို့(၄)
ဦးမှာ သနားစရာ၊ အသိ၍မှားမိသည့်တစ်ကြိမ်တစ်ခါကြုံတွေ့ရသော လောကဓံ၏အလှည့်အပြောင်းအား ”နိုင်ငံတော်အကြီးအကဲများမှ” သနားကြင်နာစွာစောင့်ရှောက်ပေးသင့်သည့် အတိုင်းအတာအလျောက် ပြစ်ဒဏ်
လျော့ပေါ့စဉ်းစားပေးနိုင်ပါရန်နှင့် ၄င်းတို့ပိုင်ဆိုင်သည့်ဆိုင်ကယ်Taxi (၄)စီးအား မိသားစုများသို့သက်ညှာကြည့်ရှုသည့်အနေဖြင့် ပြန်လည်ပေးအပ်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် တရားရုံးဆုံးဖြတ်
ချက်အမှုတွဲနှင့်အတူ အသနားခံလျှောက်ထားတင်ပြအပ်ပါသည်။
အောင်ကြီး
အိမ်အမှတ်(၃၁၉)၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်