မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 8 July 2013

"ဈေးကွက်စီးပွားရေး သင်ယူနိုင်မည့် ပညာရေးလမ်းကြောင်းများ


"ဈေးကွက်စီးပွားရေးတွင်မရှိမဖြ
စ်လိုအပ်မည့် Marketing ပညာနှင့် သင်ယူနိုင်မည့် ပညာရေးလမ်းကြောင်းများ"
Marketing Institute of Singapore(MIS) ကျောင်းတာဝန်ရှိသူ Mr.Ace မှ ခေတ်သစ်ဈေး ကွက်ဖော်ဆောင်မူ့ နည်းဗျူဟာများနှင့် ဈေးကွက်တွင်ရှင် သန်နေစေရန် ဆန်းသစ်တီထွင်မူ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဇွန်လိုင်လ (၁၂)ရက်၊ သောကြာနေ့ နံနက်(၁၀)နာရီမှ နေ့ လည် (၁၂)နာရီထိ CROWN Education Learning Center တွင်ပြုလုပ်သွားမည်ဖြစ်သည်။
MIS သည် not-for-profit organization ဖြစ်ပြီး Asia Marketing Federation(AMF) အဖွဲ့ကိုစတင်တည်ထောင်ခဲ့ သော ကျောင်း လည်းဖြစ် သည်။ ၁၉၇၃ခုနှစ်တွင်တည်ထောင်ခဲ့ပြီး Sales and Marketing ဘာသာရပ်များပို့ချရာ စီးပွားရေး အတိုင်ပင်ခံများ၊စီးပွားရေးနယ်ပယ် တွင် ထင်ရှားေ အာင်မြင် သည့်Lecturer များကိုယ်တိုင်မှာ သင်ကြားပို့ချသောကြောင့် အထူးနာမည် ကျော်သော ကျောင်းဖြစ်သည်။ (၁၀)တန်းအောင်မြင်ပြီး သူများအနေဖြင့် Diploma in Sales & Marketing Management/Business Management ကိုလည်းကောင်း၊ ဘွဲ့ရရှိပြီးသူများ Graduate Diploma in Marketing/ Business Management ကိုလည်းကောင်း လျှောက်ထား နိုင်ပါသည်။
မြန်မာနိုင်ငံမှကျောင်းသားများအနေဖြင့် MIS တွင် တက်ရောက်ပြီးUniversity of Buckingham ၊ University of West of England နှင့် Northumbria University တို့မှပေးအပ်ချီးမြင့်သော BA(Hos) Marketing Management ၊ MSc in Marketing ၊ MSc in International Management နှင့်Master of Business Administration ကိုရယူနိုင်ပါသည်
“ ကိုယ့်ပစ္စည်းခြင်းတူမယ်၊ ဆိုရင်ဝန်ဆောင်မှုသာရပါမယ်၊၊ ဝန်ဆောင်မှုခြင်းတူနေပြီဆိုရင်တော့ Marketing ပညာသာတဲ့သူက ဈေးကွက်ဝေစုပိုရနိုင်ပါတယ်၊၊ ကုန်ပစ္စည်းတွေမှာ Product Life Cycle အရ ကျဆုံးချိန်တွေရှိနိုင်ပေမယ့် Microsoft တို့  Coca Cola တို့ လိုမျိုး သက်တမ်းရင့်ကမ္ဘာကျော် Brand တွေ Company တွေဟာ ဒီအနေအထားတွေ ကို တော်လှန်ပြနိုင်တာကိုတွေ ရပါတယ်။ ဒါကတော့ ဈေးကွက်ရှင်သန်ရေးဗျူဟာ (Extension Strategy) တွေဟာ Product Life Cycle ရဲ ကျဆင်းခြင်းအဆင့်ကို ရှောင်လွားပြီး ဆက်လက်ရပ်တည် ဖို့ ကြိုးစားကြတာတွေနဲ့ပတ်သက်ပြီးMIS ကျောင်းတာဝန်ရှိသူမှ လာရောက် ရှင်းလင်းပြော ကြားပေးမှာဖြစ်ပါတယ်။” ဟု CROWN Education မှတာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊၊
အသေးစိတ်သိရှိလိုသူများ CROWN Education အမှတ် ၂၇၀၊ ပထမထပ်၊အခန်း(1 B)ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇ နှင့် ၀၉ ၅၀၈၅၁၈၅ တို့သို့ဆက်သွယ်စုံ စမ်းမေးမြန်းနိုင်ပါသည်။

1 မှတ်ချက်ပြုသည်။:

  1. "ဈေးကွက်စီးပွားရေး သင်ယူနိုင်မည့် ပညာရေးလမ်းကြောင်းများ >>>>> Download Now

    >>>>> Download Full

    "ဈေးကွက်စီးပွားရေး သင်ယူနိုင်မည့် ပညာရေးလမ်းကြောင်းများ >>>>> Download LINK

    >>>>> Download Now

    "ဈေးကွက်စီးပွားရေး သင်ယူနိုင်မည့် ပညာရေးလမ်းကြောင်းများ >>>>> Download Full

    >>>>> Download LINK

    ReplyDelete

အောင်ရဲရင့်