မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 19 July 2013

ထိုင်းနိုင်ငံ ဖိုးသူတော် ဦးဆောင်သည့်ထိုင်း ပြည်သူများ တာချီလိတ်မြို့တွင် ဘာသာရေးအလှူ လာရောက်လုပ်ဆောင်ခဲ့ခြင်း။

       

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာ အောင်ဇေယျာသီရိ

ဘုန်းတော်ကြီးကျောင်းသို့ထိုင်းနိုင်ငံဖယောင်းမြို့ ဖိုးသူတော် အာကျန်ခုန်းစံနှစ်ထိုင်းဆုန် မှဦးဆောင်

ပြီး ဘုန်းတော်ကြီးများ ထိုင်းပြည်သူ(၂၂၀)ဦးသည် (၁၅-၇-၂၀၁၃)ရက်နေ့      နံနက်တွင် ထိုင်းနိုင်ငံ

မယ်ဆိုင်မြို့မှတဆင့် အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တာချီလိတ်မြို့သို့လာရောက်ခဲ့ပါသည်။
 
  အဆိုပါဖိုးသူတော် အာကျန်းခုန်းစံနှစ်ထိုင်းဆုန် နှင့်အဖွဲ့အား တာချီလိတ်မြို့တွင် ကျောင်းဂေါပက
အဖွဲ့ဝင်များဖြစ်သည့် ဦးသိန်းထွန်း၊ဦးသန်းဇော်၊ ဦးမောင်ဌေး တို့နှင့်အတူမေတ္တာရှင်(သာရေး/နာရေး)
အသင်းဥက္ကဌ ဦးဘိုစံ၊ ဒု-ဥက္ကဌ ဦးအောင်အောင်၊အတွင်းရေးမှူးဦးကျော်စွာဝင်း၊တွဲဖက်အတွင်းရေးမှူး
ဦးကျော်ဆွေ၊  ကော်မတီဝင်များဖြစ်သည့်  ဦးအောင်ဝင်း၊  ဦးဂျီဝမ်း၊ ဦးဖိုးရွှေ၊  ဦးခိုင်ဇော်၊   ဦးတင်မြင့်၊
ဒေါ်ရွှေစင်ခက် တို့မှ ဦးဆောင်သည့် ဆပ်ကော်မတီများ၊အသင်းဝင်(၄၀)ဦးတို့မှ      ခရီးဦးကြိုဆိုကာ
ကားများဖြင့် အောင်ဇေယျာသီရိ ကျောင်းသို့သွားရောက်ကာ  ဖိုးသူတော် ဦးဆောင်သည့်ထိုင်းအဖွဲ့မှ
အောက်ပါလှူဘွယ်များကို
လှူဒါန်းခဲ့ပါသည်။
     ၁။   ထိုင်းဘတ်(၅)သောင်းတန်ဘိုးရှိ သစ်သားမြန်မာလက်ရာဆင်းတုတော်    (၁)ဆူ
     ၂။  ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးအတွက် ထိုင်းဘတ်(၁)သိန်း၊(၅)သောင်းငွေပဒေသာ
          ပင်။
    ၃။ ထိုင်းဘတ်(၆)သောင်းကျော် တန်ဘိုးရှိ ခေါက်ဆွဲ၊ဆန် နှင့်မုန့်မျိုးစုံများ။
    ၄။  ထိုင်းဘတ်(၂)သိန်း(၅)သောင်းတန်ဘိုးရှိလူကြီး၊ကလေးဝတ်အကျီင်္အ၀တ်အစား၊ဘိနပ်၊
        လက်ကိုင်အိပ်များဖြစ်ပါတယ်။
      ရန်အောင်မြေ(၃)ရပ်ကွက် အာခါဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်မှဦးဆောင်ကာနေ့လည်
(၁၂း၃၀)အချိန်တွင် လှူဒါန်းမှုအသီးသီးကို ရေစက်ချတရားနာပြီး ဖိုးသူတော်နှင့်အဖွဲ့သည့်နေ့လည်
(၂)နာရီတွင် တာချီလိတ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသတင်းရရှိပါ
သည်။
     ယခုလိုထိုင်းနိုင်ငံမှ လာရောက်ကာ ဘာသာရေးလုပ်သွားသော အလှူဟာ အင်မတန်မှကိုမွန်မြတ်
လှပါတယ်၊ အောင်ဇေယျာသီရိ ကျောင်းဟာ ဝေးလံသလိုကျေးရွာအနီးရှိပြည်သူအများစုမှာခရစ်ယာန်
ကိုးကွယ်သူများပြားလှပါတယ်၊ ယခုလိုလှူဒါန်းမှုကြောင့် ဆရာတော်မျှော်မှန်းထားသည့် ဘာသာရေး
လုပ်ငန်းများ စောလျှင်စွာလုပ်ဆောင်ပြီးစီးသွားမှာဖြစ်ပါတယ်၊ ယနေ့လှူဒါန်းသည့် အ၀တ်အစားများ၊
ဘိနပ်များ၊လက်ကိုင်အိပ်များကို ဘုန်းတော်ကြီးကျောင်းအနီးရှိ တောင်ပေါ်ဒေသခံများအား   ပေးဝေ
မှုမလုပ်ဘဲ မိမိကြိုက်နှစ်သက်ရာ ရွေးယူခွင့်ပေးတဲ့အတွက် ဒေသခံပြည်သူများလည်း ပျော်ရွှင်မှုများ
ခံစားရတယ်လို့ သတင်းများရရှိပါတယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်