မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 10 July 2013

အာကာသထဲမှ ထူးဆန်းသည့် အသံများ ဖမ်းယူရရှိ

ရေဒီယို တယ်လီစကုတ် ရေဒါဖမ်းစက်ကြီး များဖြင့် အာကာသ အတွင်းသို့ စူးစမ်း လေ့လာနေကြသည့် နက္ခတ်ဗေဒ ပညာရှင်များသည် အာကာသ အတွင်းမှ ထူးဆန်းသည့် အသံများကို ဖမ်းယူ ရရှိခဲ့ကြောင်း ပါကာ ရေဒီယို နက္ခတ်စခန်းက ထုတ်ပြန် ကြေညာခဲ့သည်။
ထိုအသံများကို ဓာတ်မှန်လှိုင်း နည်းစနစ်များဖြင့် စူးစမ်း အဖြေထုတ်နေသော် လည်း လက်ရှိတွင် ဖော်ထုတ်၍ မရနိုင်သေးဟု သုတေသန ပညာရှင်များ က ပြောကြားခဲ့သည်။ ထိုအသံ လှိုင်းများသည် နောက်ထပ် ဆက်လက်
ထုတ်လွှင့်မှု မရှိတော့ဘဲ အာကာသထဲမှ ထုတ်လွှင့်ခြင်း ဖြစ်သည် ဆိုခြင်း ကိုသာ ပြောနိုင်သေးသည်။
ပညာရှင် တစ်ဦးကမူ အာကာသထဲမှ ထွက်ပေါ်လာသည့် ထိုအသံသည် အန္တရာယ် တစ်ခုခု ကျရောက်လာမည်ကို ကြိုတင် သတိပေးခြင်း ဖြစ်မည်ဟု သုံးသပ်သည်။ ထိုသို့ ထွက်ပေါ်လာသည့် အသံများကို နေရာ လေး နေရာမှ ခွဲပြီး ဖမ်းမိခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ နေရာအနှံ့ ထောင်ပေါင်း များစွာသော နေရာများတွင်လည်း ထိုအသံများကို ဖမ်းယူ ရရှိနိုင်ကြောင်း သုတေသီများက ဆိုသည်။
အသံများကို ဖော်ထုတ်ရန် ပညာရှင်များ ဆန်းစစ်လျက်ရှိကြပြီး ထိုအသံများ အနက် အသံ လေးသံ သည် ကမ္ဘာမြေသို့ ၅ မီလီ စက္ကန့်နှုန်းဖြင့် ရောက်ရှိ လာသည့် အသံများဖြစ်ပြီး အသံလှိုင်းများသည် အလွန် စွမ်းအားထက် လှကြောင်း၊ လက်ရှိ အနေအထားတွင် မိမိတို့၌ရှိသော ရေဒီယို တယ်လီ စကုတ်များက ထိုအသံများကို ဖမ်းယူနိုင်ရန် စွမ်းအားထက်သော်လည်း မည်သည့် နေရာက ထုတ်လွှင့်သည့် အသံများဖြစ်သည် ဆိုခြင်းကိုမူ ထောက်လှမ်းရန် မဖြစ်နိုင်သေးကြောင်း ပညာရှင်များ က ပြောကြားခဲ့သည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်