ပညာရေး ဒုန်ကြီး ဦးအေးကြူ၊ ရထားပို့ဆောင်ရေးဝန်ကြီး သူရ ဦးသောင်းလွင်တို့ကို ရာထူးက နှုတ်ထွက် ခွင့် ပြုလိုက်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၂ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့
ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(ခ) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ
ဒုတိယဝန်ကြီးများအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ
နုတ်ထွက်ခွင့်ပြုလိုက်သည်-
(၁) |
ဦးအေးကြူ |
ပညာရေးဝန်ကြီးဌာန |
(၂) |
သူရဦးသောင်းလွင် |
ရထားပို့ဆောင်ရေးဝန်ကြီးဌာန |
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုဝန်ကြီး တာဝန်ပေးအပ်တာကတော့ ယခင် ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကို ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အမိန့်ထုတ်ပြန် လိုက်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၃ /၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်စေခြင်း
ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးနှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန် ပူးတွဲ ထမ်းဆောင်သူ
ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်
ထမ်းဆောင်စေ လိုက် သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်