မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 17 July 2013

ဒေလီမြို့တော် ရဲတပ်ဖွဲ့ ပစ္စတို ၉၉ လက် သိမ်းဆည်းရမိ

နယူးဒေလီ   ဇူလိုင်   ၁၇
အိန္ဒိယနိုင်ငံ ဒေလီမြို့တော် ရဲတပ်ဖွဲ့သည် နယူးဒေလီမြို့ အနီးတစ်ဝိုက်တွင် လှုပ်ရှားနေသော  ဒုစရိုက်ဂိုဏ်းများ အတွက် ရည်ရွယ် သယ်ဆောင်လာသော ပစ္စတို ၉၉ လက်ကို သိမ်းဆည်း
ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ လက်နက်များကို မီရှရာနှင့် ဖီရော့ဇ် အလမ်ဆိုသူတို့က မော်တော် ကားတစ်စီး၏
ရှေ့မီးခွက်များ နောက် တွင် အံဝှက်များ ပြုလုပ်၍ သယ်ဆောင်လာစဉ် နယူးဒေလီမြို့ ဆိုနီယာ ဗီဟာအရပ်၌ ဇူလိုင် ၁၆ ရက် ညနေပိုင်းက ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ၎င်းသေနတ်များကို ဘီဟာပြည်နယ် မွန်ဂါခရိုင်တွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး သယ်ဆောင် လာသူနှစ်ဦးသည်လည်း   အဆိုပါခရိုင် မှဒေသခံများ ဖြစ်ကြောင်း၊ မကြာသေး မီကလည်း Pune ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်နေသူ ငါးဦးထံမှ မွန်ဂါခရိုင်လုပ် တရား မဝင် သေနတ်များ ဖမ်းဆီးရမိ ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်