မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 6 July 2013

ထိုင်းနိုင်ငံတွင် အင်တာနက်သုံးစွဲသူ နှစ်ဆ တိုးလာဖွယ်ရှိ


ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း အင်တာနက် သုံးစွဲသူ အရေအတွက်
နှစ်ဆထိ တိုးပွားလာဖွယ် ရှိနေကြောင်း သိရှိရသည်။ အင်တာနက် အသုံးပြုသူ အရေအတွက် ရုတ်တရက် မြင့်တက်လာခြင်း၏ အဓိက အကြောင်းရင်းများမှာ စမတ်ဖုန်းများဖြင့် အင်တာနက် ချိတ်ဆက် သုံးစွဲမှု များပြားလာခြင်း၊ #Broadband ချိတ်ဆက်နိုင်စွမ်း မြင့်မားလာခြင်း
တို့ကြောင့်ဟု ဆိုသည်။
သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေး နည်းပညာဌာနမှ ပညာရှင် အနူဒစ်သ် နာကွန်သပ်က တန်ဖိုးနည်း စမတ်ဖုန်းနှင့် Tablet ကွန်ပျူတာများ များပြားလာခြင်းသည် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ပြီး နှစ်ကုန်
ပိုင်းတွင် အင်တာနက်အသုံးပြုသူလက်ရှိထက်(၂)ဆမျှ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ထိုင်းနိုင်ငံတွင် လတ်တလော အင်တာနက် အသုံးပြုသူ အရေအတွက် (၂၆)သန်းမျှ ရှိပြီး ယင်းသည် နိုင်ငံ လူဦးရေ၏ (၃၇)ရာခိုင်နှုန်းနှင့် ညီမျှသည်။ ယခုနှစ်ကုန်ပိုင်းတွင် အင်တာနက် အသုံးပြုသူ အရေအတွက်သည် (၅၂)သန်းမျှ ရှိလာမည်ဟု ထိုင်းဆက်သွယ်ရေး တာဝန်ရှိသူများက မျှော်လင့်နေပြီး #Social #Networkများတွင် အင်တာနက် အသုံးပြုနိုင်သည့် စမတ်ဖုန်းနှင့် #Tablet ကွန်ပျူတာများအတွက် ဆွေးနွေးမှုများ များပြားလာခဲ့ကြောင်း သိရသည်။ ထိုင်းတွင် အင်တာနက် အသုံးပြုသူ အားလုံး၏ (၉၃.၈)ရာခိုင်နှုန်းသည် #Social #Media တစ်ခုခုတွင် ချိတ်ဆက်ထားသည်။
ယခုအခါ ထိုင်းနိုင်ငံ၏ ဝယ်ယူမှု အများဆုံး ပစ္စည်းများတွင် အဝတ်အထည်၊ ဖိနပ်နှင့် အင်တာနက် အသုံးပြုနိုင်သော နည်းပညာ Gadgetများသည် ထိပ်ဆုံးတန်းမှ ပါဝင်လာခဲ့သည်။ နိုင်ငံအတွင်း လူသုံးအများဆုံး Social Media (၅)ခုအဖြစ် #Facebook၊ #Google+၊ #LINE၊ #Instagramနှင့် Twitterတို့က ရပ်တည်နေသည်။ စစ်တမ်းတစ်ခုတွင် ဖော်ပြမှုအရ ထိုင်းနိုင်ငံ
တွင် အင်တာနက်သုံးစွဲသူများသည် ပျမ်းမျှအားဖြင့် တစ်ပတ်လျှင် (၃၂)နာရီ
မျှ အင်တာနက်အတွက် အချိန်ကုန်ခဲ့ကြောင်းလည်း သိရှိရသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်