မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 26 July 2013

မစုံစမ်းပဲနဲ့ရမ်း သမ်းလိုရာ ဆွဲပြီးရေးသားခြင်း


ယနေ့ထွက်ရှိလာသော သံတော်ဆင့် ဂျာနယ်ရဲ့မျက်နှာဖုံးသတင်းမှာ သံလျင်နည်းပညာပါချုပ် နှုတ်ထွက် တဲ့သတင်းဖတ်လိုက်ရပါတယ်။ အွန်လိုင်းမှာနံမည်ကြီးနေတဲ့ TU စုံတွဲ ရဲ့ movie ကို projector နဲ့ထိုးပြလို ပါ တဲ့။ ကျွန်တော် တော်တော်လေး ကိုအံသြသွားပြီး ဂျာနယ်အတွင်းပိုင်း မှာပါတဲ့ သတင်းကို ဖတ်ကြည့် လိုက်မိတယ်။ အဲဒါမှာ ကျွန်တော်သိလိုက်ရပါတယ် တော်တော်အသုံးမကျတဲ့ ဂျာနယ်ပါလားဆို တာသိလိုက် ရပါတယ်။ ဘာလိုလည်းဆိုတော့ စပြီး ခေါင်းစီး တက်ထားကတည်း GTCတဲ့ အထဲမှာရေးထား တော့ နည်းပညာတက္ကသိုလ်တဲ့ ဘယ်လောက်တောင်ဖွ ချင်နေလည်း နေလည်းမသိဘူး။ GTC ဆိုတာ အစိုးရနည်းပညာကောလိပ်ပါ။ အခုကျောင်းတော်တော်များများ နည်းပညာတက္ကသိုလ်ဖြစ်နေကြပါပြီ။သေချာလည်စုံစမ်းကြပါအုံး။
၂) နည်းပညာပါချုပ်အလုပ်အနားပေး ထားတာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးအဖွဲ့က အတည်ပြုထားပါ တယ်။ ဒါပေမယ်ဘာကြောင့်နား ခိုင်းထားတယ်ဆိုတာမပြောပါဘူး။ ပြီးတော့ ကျောင်းမှာရှိတဲ့ ဆရာတွေနဲ့ ကျောင်းသားတွေကို အင်တာဗျူး တယ် ပြောပါတယ်။ အဲ့ဒီမှာလည်း နည်းပညာပါချုပ် ရာထူးနားထားတာ ပဲပါတယ်။ Projector နဲ့ပြတာ သူတို့မသိ ပါဘူးလို့ရေးထားတာ လေ။ ဘယ်လောက် ဖွချင်နေလည်း မသိဘူး ကိုယ်လိုရာဆွဲပြီးရေးသား ထားအသိသာကြီးပါ။ သတင်းအတည်ပြုဖို့ ပါချုပ်ကို အင်တာဗျူးတာ အင်တာဗျူးခွင့် မရပါဘူးတဲ့ ။ ဒီအကွက်တွေက နိုင်ငံခြားမီဒီယာတွေ သုံးနေကြ ပုံစံတွေပါ။ ဖွချင်နေလည်းတခြားပုံစံ နဲ့ရေးပါဗျာ။
၃) နည်းပညာတက္ကသိုလ် အားလုံး ဟာ ပညာရေးဝန်ကြီး ဌာန ရဲ့လက်အောက်မှာလား သေချာစုံစမ်းကြည့်လိုက်ပါ အုံးဖွချင် ဇောတွေများပြီး သောက်တလွဲတွေ မရေးပါနဲ့အုံး။
တစ်ဦးတစ်ယောက်မကောင်း တာနဲ့ ကျန်နေတဲ့လူတွေကိုပါ ထိခိုက် အောင်ရေးထားတာကတော့ ဂျာနယ်ကျင့်ဝတ်နဲ့ညီရဲ့လား ဆိုတာ ကိုယ်ဘာသာစဉ်းစားကြည့်ကြပါ သံတော်ဆင့် မှ တာဝန်ရှိသူများ ခင်ဗျား ။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်