မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 20 July 2013

သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အကျိုးအမြတ်အဖြစ်

အော်...သမ္မတကြီး....သမ္မတကြီး.....
နိုင်ငံခြားတိုင်းပြည်တွေကို ချစ်ကြည်ရေးခရီးတွေသွားလေသမျှ...
သူ့ကိုယ်ကျိုးအတွက်တစ်ခုမှ မပါခဲ့ရှာဘူး.....
ပုခက်ထဲကကလေးငကယ်လေးကနေ....
သက်ကြီးရွယ်အို ဘိုးဘွားတွေအထိ စဉ်းစားပြီး
ကောင်းကျိုးရှာ တောင်းဆိုပေးခဲ့ရှာတယ်...။
အလုပ်လုပ်နိုင်သူမှန်သမျှ အလုပ်အကိုင်
အခွင့်အလမ်းတွေရစေဖို့....
ရင်းနှီးမြှုပ်နှံမှုတွေလာရောက်ဖို့ ဖိတ်ခေါ်ဆိုတာတောင်မှ
အနာဂတ်အတွက်ရည်မျှော်ပြီး နည်းပညာ၊
လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေမယ့်
လုပ်ငန်းတွေကိုအလေးပေးဖိတ်ခေါ်ခဲ့တယ်...။
ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းပြည်မှာ
အတူမှီတင်းနေထိုင်ကြတဲ့ မတူညီတဲ့ဘာသာဝင်တွေ
အချင်းချင်းအေးချမ်း ညီညွတ်စွာအတူ
ယှဉ်တွဲနေထိုင်နိုင်ဖို့အရေး သူ....အလေးပေးဆောင်ရွက်ခဲ့တယ်...။
တိုင်းရင်းသားအဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိစေဖို့
မနေမနားကြိုးစားခဲ့ရှာတယ်...။
ပညာရေး၊ကျန်းမာရေး၊ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး....စတဲ့...စတဲ့
ဘာအရေး ညာအရေးတစ်ခုတလေမှမကျန်ရလေအောင်
နိုင်ငံသူ၊နိုင်ငံသားတွေအတွက် သူ...ရိုးသားစွာကြိုးစား
ဆောင်ရွက်ခဲ့တယ်...။
သူလုပ်ခဲ့သမျှ၊ရပ်တည်ခဲ့သမျှ၊ပေးဆပ်မှုတွေအားလုံး
ကိုယ်ကျိုးအပါ အတ္တမာနကင်းခဲ့တယ်...။
၂၀၁၅သမ္မတဖြစ်ရေးတစ်ခွန်းမှ မပါခဲ့ဘူး...။
နောင်တက်လာမယ့် အစိုးရသစ်အတွက်
ကောင်းမွန်တဲ့အခြေခံတွေ ချန်ထားဖို့အရေးကြိုးစားပေးရှာတဲ့ သမ္မတကြီး...။
အော်...လူထဲကလူဆိုတော့လည်း လောကဓံတရားမရှောင်လွဲနိုင်ရှာဘူးပေါ့...။
ချီးမွမ်းသူတွေရှိသလို ကဲ့ရဲ့ပြစ်တင်နေတဲ့သူတွေလည်းဒုနဲ့ဒေးပေါ့....။
ဘယ်သူတွေဘယ်လိုပြောပြော.....
ကမ္ဘာမှာ မြန်မာဟေ့လို့ ပြန်လည်ဝင့်ကြွားနိုင်ဖို့၊
အတိတ်သမိုင်းဟောင်းအရိပ်မည်းတွေခြေဖျက်
အနာဂတ်လှစေဖို့အရေးကြိုးစားဆောင်ရွက်နေတဲ့သမ္မတကြီးအတွက် ကျွန်တော်တို့တတွေအမြဲတမ်းဂုဏ်ယူလျက်ပါ...။ ။
(Lin Yone)
= ၊ x ၊ = ၊ x ၊= ၊ x ၊ = ၊ x ၊ = ၊ + ၊ = ၊ + ၊ = ၊ + ၊ = ၊ + ၊ = ၊ + ၊ = ၊
Saturday, 20 July 2013 သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အကျိုးအမြတ်အဖြစ် မြန်မာကို ဗြိတိန် လက်နက် ဝယ်ယူခွင့်ပြု ဥရောပ သမဂ္ဂ (အီးယူ) က ပိတ်ပင် ထားသည့်ကြားမှ မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ၅သန်း(ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ လက်နက်များ တင်သွင်းခွင့် လိုင်စင် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဗြိတိန်အစိုးရ က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးအပ် လိုက်ကြောင်း ဗြိတိန် အစိုးရ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။ ဗြိတိန် အစိုးရက ဇူလိုင်လ ၁၇ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ တန်ဖိုးရှိ လက်နက် တင်သွင်းခွင့် လိုင်စင် ၃၀၀၀ ကျော် ကို နိုင်ငံပေါင်း ၂၇ နိုင်ငံအား ပေးအပ်ကြောင်း ကြေညာခဲ့သည်။ ယင်းနိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေသည့် သတိထား စောင့်ကြည့် ရမည့် မြန်မာနိုင်ငံ အပါအဝင် တရုတ်၊ အီရန်၊ အီရတ်၊ အစ္စရေး၊ လစ်ဗျားနှင့် ဆီးရီးယား ကဲ့သို့သော နိုင်ငံများ ပါဝင်နေ၍ ယင်းနိုင်ငံ များသို့ လက်နက် တင်သွင်းခွင့် လိုင်စင် ထုတ်ပေးသည့်အပေါ် ဗြိတိန် ပါလီမန်က ဗြိတိန် အစိုးရထံ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံသို့ ပေးအပ်သည့် လက်နက် တင်သွင်းခွင့် လိုင်စင် ရှစ်ခု ရှိပြီး စစ်ဘက်သုံး တိုက်ခိုက်ရေး လေယာဉ်များ ထိန်းချုပ်သည့် ဆော့ဖ်ဝဲ၊ ချပ်ဝတ်တန်ဆာများ၊ လျှို့ဝှက် သင်္ကေတများ ရှာဖွေသည့် ဆော့ဖ်ဝဲ များ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ၊ ရေတပ်နှင့် လေတပ် လမ်းညွှန်သုံး စနစ် များနှင့် ဒုံးကျည်များ ပါဝင်ကြောင်း ယင်းသတင်း စာမျက်နှာတွင် ဖော်ပြ ထားသည်။ ဗြိတိန် အစိုးရ ခွင့်ပြုသည့် လက်နက် တင်သွင်းခွင့် လိုင်စင် အများဆုံး ရရှိသည့် နိုင်ငံများမှာ တရုတ်၊ ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ဇူလိုင်လ ၁၅ ရက်နေ့ တွင် ရောက်ရှိခဲ့စဉ်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Philip Hammond တို့နှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝ တာဝန်ယူနိုင်သော တပ်မတော် ဖြစ်လာစေရန် အတွက် ဗြိတိန် တပ်မတော်က မြန်မာ့ တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ၊ စစ်ရေး လေ့ကျင့်ပေး မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကမ်းလှမ်း ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ရုံးသို့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။ From:Voice

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်