မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 15 November 2014

ဦးအောင်သောင်းအတွက် အမေရိကန် မိုးကြိုး




မေရိကန်နိုင်ငံမှ ဦးအောင်သောင်းအား စတင်ခြေရာခံလာသော အကြောင်းရင်းများ ခိုင်ခိုင်မာမာပင်ရှိခဲ့လေသည်။ ယခု လွှတ်တော်ကြီးမှ အမေရိကန် ဆန့်ကျင်ရေး ဆုံးဖြတ်ချက်အားထောက်ခံပေးလိုက်ကြသော ဦးအောင်သောင်းအတွက် ထောက်ခံပေးမှုနှင့် အမေရိကန်နိုင်ငံ၏ ဦးအောင်သောင်းအပေါ်ချမှတ်သောအရေးယူ မှုအား ဆန့်ကျင်ကြသည့် လွှတ်တော် အမတ်မင်းများ အမတ်မယ်များသည် ပြည်သူ့အသံ လွှတ်တော် အသံ ဆိုသော ဆောင်ပုဒ်အားဆန့်ကျင်ကန့်လန့်တိုက်၍ မိမိတို့ဆန္ဒ အကြောက်တရားများဖြင့်သာ လက်မရွံ့  လူမိုက်ကြီးအတွက် ထွက်ပေါ်လာသော အသံတခု ဖြစ်ကြောင်း စာရေးသူ တင်ပြပေးရပေတော့မည်။
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု ဖြစ်ပွုားပြီးနောက် န၀တ မှ နအဖသို့ မပြောင်းခင်လေးမှာပင် ဦးအောင်သောင်း၏ သားအကြီး ဦးနေအောင်တို့ စကာင်္ပူနိုင်ငံသို့ ထွက်ခွာလာပြီး ၄င်းတို့နှင့်အတူ တကမ္ဘာလုံးမှ စောင့်ကြည့်နေကြသော န၀တ ပတ္တမြားကြီးပါ ယူလာခဲ့ပြီး ဟောင်ကောင်းမှ တရုတ်ကုန်သယ်များထံသို့ ပြ၍ စတင် လေလံပစ်သော ကိစ္စတွင် အမေရိကန်နိုင်ငံမှ
သေချာသော မှတ်တမ်းအထောက်ထားများအပြင် ထိုပတ္တမြားကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးပတ္တများဖြစ်ခဲ့ပြီး မြန်မာပြည်သို့ ဒဏ်ခတ်ရန် ပြင်ဆင်နေသော ပထမဆုံးဒဏ်ခတ်နိုင်ရေးအတွက် လုံလောက်သော အကြောင်းရာ ဖြစ်ခဲ့ရလေသည်။
နိုင်ငံတော်တွင်းရှိ ပြည်သူပြည်သားများအားလုံးပိုင်ဆိုင်သော တန်ဘိုး ဃန ကြီးမားလွန်းသည့် အဆီအနှစ် ပစ္စည်းမျးကို မိမိ၏ မိသားစုအမည်များခံ၍ န၀တ ဗိုလ်ချုပ်ကြီးများ၏ သွေးစွန်းသော လက်ဖြင့် အုပ်ချုပ်ရေးစနစ်ကာလ သက်တမ်းခိုင်မာစေရေအတွက် စတင်၍ တိုင်းပြည်မှ အဘိုးတန်ပစ္စည်းများအား ပိပိရိ၇ိ ရောင်းချသော မိသားစုဟုပင် အမေရိကန် ထောက်လှမ်းရေးမှတ်တမ်းတွင် စာရင်းသွင်း မှတ်တမ်းတင်ခဲ့လေသည်။
ဒုတိယ အနေဖြင့် အမေရိကန် နိုင်ငံ၏ ထည့်သွင်းစဉ်းစားသောအချက်များတွင်
ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲတွင် အဓိက တရားခံ ဖြစ်ခဲ့သော စက်မှု(၁)ဝန်ကြီးအောင်သောင်းဖြစ်ကြောင်း ယခင်က ရိပ်ဖမ်းသံဖမ်း သိရှိခဲ့သော်ငြား ဒုတိယသမ္မတဦးတင်အောင်မြင့်ဦး၏ နေရာသို့ အတင်းဝင်ရောက်လာရန် ဦးအောင်သောင်း၏ ကြိုးပမ်းမှုများအား အကန့်သတ် အတားဆီးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဦးသိန်းစိန် အစိုးရအတွင်းမှပင် စိုးရိမ်မကင်းဖြစ်ခဲ့ကြသူများမှ ဦးအောင်သောင်းနှင့် ပတ်သက်သော အချက်လက်များအား အမေရိကန်သံရုံးမှတဆင့် ပေးပို့ခဲ့သောအသေးစိတ် ကျသောဒီပဲရင်းဆိုင်ရာ ကိစ္စများကို အမေရိကန်မှ လက်ခံရရှိခဲ့ပြီးဖြစ်လေသည်။
တတိယအချက်အနေဖြင့် ဦးအောင်သောင်း၏ ကြွယ်ဝမှုများအား တိုင်းတာရာတွင် ဦးအောင်သောင်းသည် အာရှဒေသတွင် အလွန်ချမ်းသော ဘီလီယံနာကြီးအဖြစ် ရောက်ရှိနေသောအချက်အားချေရာကောက်ခဲ့ကြလေသည်။
ပြည်သူဘဏ္ဍာငွေများဖြင့် မတရားချမ်းသာကြီးပွားနေသော အကတိတရားကို အမေရိကန်မှ ချေရာခံထားပုံများမှာ ဦးအောင်သောင်းခနတာ နေထိုင်ရန် ဆောက်လုပ် နေထိုင်သောအိမ်မှာ နန်းတော်တမျှ ခမ်းနားထည်ဝါနေပြီး၊ အင်းစိန်လမ်းမပေါ်ကနေ ကြည့်ပါလျင် ဦးအောင်သောင်း၏ အိမ်ကိုလှမ်းမြင်ရပါ၏။ လှိုင်ရတနာမွန်အိမ်ယာဝင်း၏ ထိပ်ဆုံးထောင့်ကခြံကြီးဖြစ်နေပြီး ... လှိုင်ရတနာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်၏ အကျယ်အဝန်းမှ ဦးအောင်သောင်း၏ ခြံအကျယ်အဝန်းအကျယ် ဖြစ်နေလေသည် ။လမ်း၏ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာ၏ အိမ်ရှိနေလေသည်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါသည်။ ခြံကြီးအားအုတ်တံတိုင်းခတ်ထားပုံမှာ လူနှစ်ရပ်စာလောက်ရှိပြီး အုတ်တံတိုင်းတွင် ကပ်ထားသော Granite ကြွေပြားတွေဖြစ်နေလေသည်.. ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားကြောင်းနှင့်၊ ခြံတစ်ခါးမှာတော့ ခေတ်မှီဟိုက်ဒရောလစ်နဲ့ ယန္တယားတပ်ဆင်ထား၍ ၀ိုင်ယာလက် ခလုပ်များဖြင့်သာ ဖွင့်၍ရကြောင်း တွေ့ရလေသည်....။
ခြံထဲတွင် ကြီးမားကျယ်ပြန့်သော ကားဂိုဒေါင်ရှိ၏။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းမှာ မျက်နှာစာတွင် ပေ(၅၀)ခန့်ရှိနေပြီး၊ ဥရောပမှတင်သွင်းထားသော ဈေးထိပ်ခေါင် ကားများ (၁၀)စီးကျော်အမြဲ်ရှိနေတတ်ပြန်ပါ၏။
ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းလျင် ကစားရန်အတွက် ဂေါက်ကွင်းရှိကြီး ရှိနေ၏။ ဂေါက်ကွင်းရဲ့ နံဘေးတွင် ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံကြီး ခန့်ခန့်ထည်ထည် နေရာယူထားလေသည်။ ဦးအောင်သောင်း အနေဖြင့် သူခိုးရွှေရတပြပြဖြစ်နေသော အခြေနေအား နိုင်းယှင်ပါလျှင် အမေရိကန် သမ္မတကြီး တာဝန်ထမ်းဆောင်သော ကာလတွင်းသာ နေထိုင်ခွင့်ရှိသော လက်ရှိ ၀ါရှင်တန် ဒီစီမှ အိမ်ဖြူတော် လောက်ပင် ခန့်ငြားနေခြင်းပင် ဖြစ်လေသည်။
စတ္တုထ အချက်မှာ ဦးအောင်သောင်း နှင့်သားများပိုင်ဆိုင်သော လုပ်ငန်းများ ဘဏ်များ၏ ငွေရေးကြေးရေးပမာနအား အမေရိကန် ထောက်လှမ်းရေးမှ ခြေရာခံရာတွင် အမေရိကန်ဒေါ်လာသန်းပေါင်း (၁၈) ဘီလီယံခန့်ရှိနေကြောင်းတွေ့ရပြီး ၄င်းမှ အကာကွယ်ယူသည့်အနေဖြင့် ခရိုနီ ဦးတေဇအား လက်ခုတ်ရာဓာဝင်ကိုင်ပေးသည့်အနေဖြင့် နာမည်ထိုးသွင်းကာ မြန့်မာချမ်းသားဆုံးလူသားအဖြစ် ဦးအောင်သောင်းတို့မှပင် နိင်ငံတကာ ချမ်းသာကြွယ်မှုဆိုင်ရာသူဌေးများအားဖေါ်ပြသော World Wealth စာစောင်တွင် ဦးတေဇအား ထည့်သွင့်၍ လက်လျှိုထားခြင်းလည်းဖြစ်ပြီး မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေး ၃ နှစ်တာကာလအတွင်းမှပင် တရုတ်ပြည်မှ ကြွေးမြီစုစုပေါင်း (အမေရိကန်ဒေါ်လာ) ၂၂ ဘီလီယံမြန်မာအပေါ် ရောက်ရှိ အကြွေးတင်လာနေပြီး တရုတ်တို့မှလည်း အဆိုပါ အကြွေးများအား ရသလို ပြန်လည်ယူနိုင်ရေးအတွက် ခြေလှမ်းကျဲများဖြင့် မြန်မာပြည် တနှံတလျားသို့ ၀င်ရောက် ချယ်လှယ်လာသည်ကို အမေရိကန်မှ သိကြောငုး မြင်ကြောင်း ထောက်ပြသော အခြေနေအဆင့်ဖြင့် ဦးအောင်သောင်းအား ပထမ တသီးတခြား နာမည်ပျက် စာရင်းသွင်းပြခြင်းလဲဖြစ်လေသည်။
မဉ္စမ အချက်အနေဖြင့် ၂၀၁၅ တွင် ဦးအောင်သောင်း ပါဝင်ပတ်သက်လာနိုင်သော နိုင်ငံတော် လုံခြုံရေးပိုင်းဆိုင်ရာနှင့် ရခိုင် မန္တလေး နှင့် ဒေသအသီးသီးတွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး လူမျိုးရေး ဆိုင်ရာ အရေးခင်းများတွင် လက်သံပြောင်သော လူစုများအား ကျောထောက်နောက်ခံ မွေးထုတ်၍ လက်ရှိ နိုင်ငံ အတွင်းပြုပြင်ပြောင်းလဲရေးကာလများဝယ် သမ္မတ ဦးသိန်းစိန်အဖို့ ရှေ့ဆက် မတိုးသာနိုင်သော မလွန်ဆန်နိုင်သော အခြေနေနှင့် ကြုံတွေ့နေရကြောင်းအား ဇူလိုင်လ ဒုတိယပတ် တွင် အမေရိကန် နိုင်ငံသို့ နှစ်နိုင်ငံ သတင်းနည်းနိသသျှ ဖလှယ်ရေးအတွက် (ရက် ၂၀ )သင်တန်းအား တက်ရောက်ရန် ရောက်ရှိခဲ့သော ပြန်ကြားရေးဝန်ကြီး မဖြစ်ခင် ဒုတိယ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်မှ ပေးခဲ့သော အချက်လက်များသည်လည်း ဦးအောင်သောင်းအား အမေရိကန် မိုးကြိုးသွုား တည့်တည့် ပစ်ခတ်ထိမှန်ရန် ဖြစ်ခဲ့ရလေသော အကြောင်းရင်းတရပ် ဖြစ်ကြောင်း စာရေးသူ ယူဆကြောင်းပါ……..
ဆက်လက် တင်ပြပါအုံးမည် စောင့်မျော်ဖတ်ရှု့နိုင်ရန် စနစ်တကျ ပြင်ဆင် ထားပါသည်။
စာဖတ်သူများအားလုံး တွေးတော ဆင်ချင် ၍ လက်ရှိ ဦးအောင်သောင်းနှင့် သူ၏ အခြေနေအား စောင့်ကြည့်နိုင်ရန် မျှော်လင့်ပါသည်။
ဓါတ်ပုံရှင်းတမ်း
(၁) အပေါ်ဆုံးတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ အမေရိကန် (၂၀)ရက် သင်တန်းတိုကာလ အမေရိကန် သက်ဆိုင်ရာ အသင်းဖွဲ့များနှင့် တွေ့ဆုံ သတင်းပေးပုံ
(၂) ဦးအောင်သောင်းတို့ ရောင်းစာ၍ လက်ရှိကာတာ နိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့အကြီးမားဆုံး မြန်မာ့ ပတ္တမြားကြီး (န၀တ) ပတ္တမြားဟုလည်း အများသိကြသည်
(၃) လက်ပံတောင်းဒေသတွင် သံဃာတော်များအား ပစ်ခတ်ခဲ့သော မီးလောင်ဗုံးများအားထုတ်လုပ်ရန် ကုန်ကြမ်းများကို ဦးအောင်သောင်းမိသားစုလုပ်ငန်းမှ တင်သွင်း
(၄) လက်မရွံ့ လူအုပ်ကြီး
(၅) ရွှေဝါရောင် အရေးခင်းတွင် ငွေကြာယံမှ ဖမ်းဆီးသွားသော စစ်ဆေးရင်းမှ ပျံလွန်တော်မူ၍ အစဖြောက်ခံလိုက်ရရှာသော ရဟန်း ( ဘွဲ့နာမည် မသိ) လူအမည်မှာတော့ (ဖိုးတိုးဟု သိရပြီး ) ဦးသောင်းနှင့် ပတ်သက်သော စီစဉ် စစ်ဆေးမှုအောက်တွင် ပျံလွန်တော် မူခဲ့ရကြောင်း သိရပြီး မကြာခင် တိကျစွာ ဖေါ်ထုတ်နိုင်ရန် ကြိုးစားနေဆဲပါ.........
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်