မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 14 November 2014

အမေရိကန်နိုင်ငံက ဦးအောင်သောင်းအား အမျိုးသားရင်ကြားစေ့ရေးကိုသာ ဆက်လက်အရေးယူခြင်း


အမေရိကန်နိုင်ငံက ဦးအောင်သောင်းအား အရေးယူခြင်းကိစ္စသည် NLD နှင့်လုံးဝမဆိုင်ဘဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဆက်လက် ဦးတည်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
အမေရိကန်နိုင်ငံက ဦးအောင်သောင်းအား အရေးယူခြင်းကိစ္စသည် NLD ပါတီနှင့်လုံးဝမဆိုင်ဘဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဆက်လက်ဦးတည်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
သတင်းထောက်များကမေးမြန်းသည့် ဦးအောင်သောင်းအရေးယူခံရခြင်းသည် NLD နှင့်ပတ်သက်မှု ရှိ၊ မရှိ မေးခွန်းအား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် "လုံးဝမဟုတ်ဘူး။ အန်တီတို့ကလေ ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်လေ သူတို့က လုပ်ပြီးမှသိတယ်။ လုံးဝအန်တီတို့နဲ့တိုင်ပင်ပြီးလုပ်တာလည်း မဟုတ်ဘူး။ ဒီလိုဟာမျိုးတွေက အခုရှေ့မှာဖြစ်ပြီးတော့
အမျိုးသားရင်ကြားစေ့ရေးကို သွားဖို့လုပ်နေတဲ့အချိန်မှာ နောက်ကြောင်းပြန်တာတွေကိုလည်း အန်တီတို့က သိပ်ပြီးတော့စိတ်မပါဘူး။ ဒါက ဘယ်သူ့ကိုမှအကျိုးမပြုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာဘာလဲ အခုအချိန်မှာ ငြိမ်းချမ်းရေးအတွက် လုပ်နေတယ်ဆိုပြီး တစ်ချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတဲ့အဖွဲ့တွေတောင်မှ အဆင်ပြေအောင်လုပ်နေတဲ့အချိန်မှာ ဒီဟာတွေလုပ်တာဟာ ဘယ်လိုနိုင်ငံကိုအကျိုးပြုနိုင်လဲဆိုတာကို ကြည့်ရမယ်။ ဒါက NLD နဲ့လုံးဝမဆိုင်ဘူး။ အမေတို့ကလည်းမသိဘူး။ သူတို့ထုတ်ပြန်ပြီးမှပဲ အန်တီတို့သိမယ်။ အမေက အစကတည်းကပြောပြီး ကလဲ့စားချေဖို့ ဒါကိုဘယ်တုန်းကမှ စိတ်ထဲမရှိခဲ့ဘူး။ ကလဲ့စားချေဖို့က အဓိကမဟုတ်ဘူး ရင်ကြားစေ့ဖို့ကအဓိက။ ဒါဟာ တိုင်းပြည်အတွက်အကျိုးရှိမှာက ရင်ကြားစေ့ခြင်းပဲ။ ကလဲ့စားချေခြင်းမဟုတ်ဘူး။ ဒါဟာ အန်တီရဲ့အမြင်ပဲ။ အစကတည်းက အမြဲပဲ တစ်စိုက်မတ်မတ်ပြောခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်မပြောင်းပါဘူး" ဟု ပြန်လည်ဖြေကြားသည်။
အလားတူ အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူခံရသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းအား သတင်းထောက်များက အတိုက်အခံပါတီများနှင့် ပတ်သက်မှု ရှိ၊ မရှိ မေးခွန်းအား ဦးအောင်သောင်းက ပြန်လည်ဖြေကြားရာတွင် "ဒါကတော့ မပြောတတ်ပါဘူး။ ဖြစ်ချင်မှလည်းဖြစ်မှာပါ။ သိပ်ပြီးတော့ ပြိုင်ဘက်ပါတီကမလုပ်နိုင်ဘူးလို့ ထင်ပါတယ်" ဟု ပြန်လည်ဖြေကြားသည်။
ထို့ပြင် ဦးအောင်သောင်းက အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေးယူခြင်းသည် မိမိအားအတိုင်ပင်ခံအဖြစ်ဆောင်ရွက်နေသည့် ပြည်ခိုင်ဖြိုးပါတီအား အင်အားလျော့နည်းစေချင်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ပြောကြားသည်။

news-eleven.com

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်