မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 9 April 2015

ပည်သူကို ပါးရိုက်မည်ဟု ပြောခဲ့သည့် မွေး/ကျေးဖွံဖြိုးရေး ၀န်ကြီး ကိုယ်တိုင် ပါး (၄) ချက် အရိုက်ခံရတော့မည်ဟု လွှတ်တော်အမတ် ဦးလှဆွေ ဆို

9 April 2015 02:51(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)




အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ ဆွေးနွေးချက်များကြောင့် မွေး/ကျေးဖွံဖြိုးရေး ၀န်ကြီးဌာန ကိုယ်တိုင်ပါးရိုက် ခံရတော့မည် ထင်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

၎င်းဝေဖန်ခဲ့သည့် အကြောင်းရင်းမှာ မွေးကျေး ဖွံဖြိုးရေး ၀န်ကြီး ဌာန၏ တာဝန်ယူမှုဖြင့်ဆောက်ရသည့် တံတားကို ဆောက်လုပ်ပြီးစီးကြောင်း တင်ပြထားသော် လည်းလက်ရှိ တွင် အာစီတိုင်သာ စိုက်ထားရသေးသည့် အဆင့်သာရှိသေးကြောင်း အမျိုသားလွှတ်တော်အမတ်တစ်ဦးက လွှတ်တော်တွင် အထောက်အထား ဓာတ်ပုံများနှင့်ပြသတင်ပြသွားခဲ့ခြင်းနှင့်စပ်လျဉ် ၍ ဦးလှဆွေက ထိုသို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“ပလက်ဝ ကြံ့ခိုင်ရေးအမတ် ဆလိုင်းခွဲရန်က ၁၀၀%ပြီးပါပြီ လို့ ဆိုသော ပလက်ဝမြို့နယ် ထဲက တံတား တခုဟာ ၄.၄.၂၀၁၅ မှာမှ အာစီ တိုင်အချို့ ဘဲစိုက်ထူထားရပါသေးကြောင်း ၊ ဖုံးဖြင့်ဓါတ်ပုံရိုက်၍ အွန်လိုင်း မှ ပေးပို့ခဲ့ သောပုံများ ကို လွှတ်တော် ပရိုဂျက်တာကြီးမှာ ထိုးပြသွားပါတယ် ၊ ဒါဆို မပြီးသေးတာကိုပြီးပြီလို့ပြောတာ ဟာ လိမ်တာပေါ့ ၊"ပါးတချက်" ဟု ၄င်းက ရေးသားထားသည်။

ထိုပြင် ကလေးမြို့နယ်အတွင်းက အာစီခရိုင်ချင်းစက်တံတား တည်ဆောက် မှုကြောင့် ပြည်သူများ အဆင်မပြေ ဖြစ်နေရပုံကို တင်ပြချက်နှင့် ပတ်သက်၍ လည်း ၄င်းက ဒုတိယမြောက် ပါးတစ်ချက် ဟု ရေးသားထားသည်။

“ကလေးမြို့နယ် ကြံ့ခိုင်ရေးအမတ် ဦးသိန်းလှိုင်က ကလေးဝ မြို့နယ် အတွင်း က ခရိုင်ခြင်းဆက် အာစီ တံတားသစ်ကြီးဟာ တိုနေပြီး ပေ ၄၀ ကွားခြားနေကြောင်း ၊ ဒေသခံ များက ဒါနဲ့ပြီးလို့ ဘယ်ရမလဲ ကမ်းအထိ ထိုးပေးပါမှ ဒီတံတား သုံးလို့ရမှာပေါ့ ဆိုတော့ ကန်ထရိုက်က အက်စတီမိတ် တွင်ပါသည့် အတိုင်းထိုးခြင်းဖြစ်၍ တံတားထိုးခြင်းကိစ္စ ဒီမှာတင် ပြီးပြီ လို့ ဆိုပါတယ်တဲ့ ၊ ဖြစ်ပုံက တံတားက တိုနေပြီး ချောင်းစပ်ကို ပေ ၄၀ အကွာ မှာဘဲကမ်းကပ်ခုံဆိုတာကြီးကို တည်ဆောက်ထားသဗျ။
အဲ့မှာ ပါးတချက်” ဟူ ၍ လည်းရေးသားထားသည်။

ပလက်ဝမြို့နယ်အတွင်းက မပြီးသေးသည့် တံတားသည် ချောင် ကျခြင်းကြောင့် မည်သူမျှ လာမကြည့်နိုင်သြ ဖင့် အပြီးပြခိုင်း သည့် သဘော ရှိကြောင်း အလုပ်လုပ်သည့် အမတ် ရှိနေသည်ကို သိဟန်မတူဟု လည်း ၎င်းက ဆိုထားသည်။

ထို့နောက် စစ်ဆေးရေးအဖွဲ့များ အရေးယူရန်ကိစ္စများ အရေးမယူခြင်း အတွက် တတိယမြောက် ပါးတစ်ချက် အဖြစ် အရိုက်ခံရတော့မည်ဖြစ်ကြောင်း ဦးလှဆွေက ပြောဆိုထားသည်။

“အဲ့အမတ်မင်း ကပြောသွားသေးတယ် ၊ အဖေ့မြေ ကုမ္ပဏီ ရဲ့ တည်ဆောက် မှုများဟာ စံမမှီကြောင်း သူက လွှတ်တော်မှာ သတင်းပို့ခဲ့တဲ့ အတွက် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က ဆင်းစစ်ပြီး စံမမှီ တည်ဆောက် ထားတာ တွေ့သွားပါတယ်တဲ့၊ ဒါနဲ့ အဖေ့မြေ ကုမ္ပဏီ ဥက္ကဌ ကို အရင်နှစ်က ဘတ်ဂျက်မှာ မသမာမှု့လုပ်ခဲ့လို့ ပုဒ်မ ၄၂၀ နဲ့အမှု့ဖွင့် အရေးယူ ထားပါ တယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်တဲ့ ၊ အစီရင်ခံစာပါ အဲ့ရဲစခန်းကို တကယ် သွားမေးကြည့်တော့ တကယ်လည်း အရေးယူ အမှု့ဖွင့်ထားတာ မရှိပါဘူးတဲ့ ၊ တကယ် အရေးယူ ပြီး ဘလက်လစ် သွင်းပေးပါတဲ့။ ဒါဆို စစ်ဆေးရေးအဖွဲ့ ဆိုတာကလည်း အရေးမယူတာကို ယူပါတယ်ပြောတာဟာ လိမ်နေတာဘဲပေါ့။ ဒါက ပါး တချက်” ဟု ဦးလှဆွေက ဆိုသည်။

ဦးလှဆွေက နယ်ခံအမတ်များက လွှတ်တော်တွင်း တင်ပြနေသော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနဖြစ်သည့် မွေးမြူရေးနှင့်ကျေး လက်ဒေသဖွံဖြိုးရေး ၀န်ကြီး ဌာနသည် အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် စတုတ္ထမြောက် ပါးတစ်ချက် အရိုက်ခံ သင့်ကြောင်း ၄င်းကရေးသားထားသည်။

“ကလေးဝမြို့နယ်က အာစီ တံတားသစ်ကြီးကိစ္စက မြေပြင်တကယ် မရောက်ခဲ့သူက ရန်ကုန်မှာတင် အာခီတက် အင်ဂျင်နီယာအချို့ နဲ့ ခန့်မှန်း တွက်ချက်ပြီး အက်စတီမိတ် တင်လာပါလိမ့်မယ် ၊ တင်ဒါရသူက တဆင့်ပြန်ပြီး ဆပ်ကန်ထရိုက်များ ကို တဆင့် နှစ်ဆင့် သုံးဆင့် လောက် ရောင်းစား ၊ တကယ်လည်း တံတားလာဆောက်ရော ပေ ၄၀ လိုနေပြီ ၊ အထောက်ကူပြု အဖွဲ့တွေကလည်း ဒီကိစ္စမဖြစ်သင့်ကြောင်း ခဏခဏ သတင်းပို့ တယ်ပြောတယ် ၊ ဒါပေမဲ့ကန်ထရိုက်က လုံးဝ ဂရုမစိုက် ပါဘူးတဲ့ ၊ ဝန်ကြီးဌာနက တာဝန်ရှိသူများကလည်း သွားမစစ် ဘူးလား ၊ ကြည့်ရတာ နယ်ခံ အမတ်က ပရော်ဂျက်တာနဲ့ လွှတ်တော်မှာ ထိုးပြ တာတောင် ဖြုံဖြုံ ရှိဟန်မတူသေးပါဘူး။ အဲ့အတွက် ပါးတချက်။”

"တော်ပါပြီဗျာ ကုမ္ပဏီနာမယ်တွေ ဘာတွေ လွှတ်တော်ချယ်နယ်မှာ ဒီနေ့ အမျိုးသားလွှတ်တော် လာပြီဆိုကြည့် ပါလို့တိုက်တွန်းပါတယ်” ဟု လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မွေးကျေး ဖွံဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး (ဗိုလ်ချုပ်) ဦးအုန်းမြင့်သည် ကျေးလက်ဒေသဆွေးနွေးပွဲတစ်ခုတွင် အကြောင်းအရာ တစ်ခုနှင့် ပတ်သက်၍ ပါးရိုက်မည်ဟု ပြောကြားခဲ့ဘူးသဖြင့် အဆိုပါ ၀န်ကြီးကို ပါးရိုက်ဝန်ကြီး ဟု ပြည်သူအများက ကင်ပွန်းတပ် ခေါ်ဝေါ်ခဲ့ကြသောကြောင့် အမတ်ဦးလှဆွေက ယခုကဲ့သို့ ဆက်စပ်ပြော ဆိုခဲ့ခြင်းဖြစ်သည်။

ဇော်မင်းထွန်း

The Ladies News Journal
https://www.facebook.com/News.TheLadies

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်