မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 10 October 2015

တာချီလိတ်တွင် သုံးလောင်းပြိုင် လူသတ်ပြီး အိမ်မီးရှို့မှု ဖြစ်ပွား

Yangon Media Group's photo.



တာချီ လိတ်မြို့နယ်တွင် အမျိုးသမီးကြီး နှစ်ဦးနှင့်အမျိုးသားတစ်ဦးအား ရက် ရက်စက်စက်သတ်ပြီး နေအိမ်မီးရှို့ ခဲ့သည့်သုံးလောင်းပြိုင်လူသတ်မှုဖြစ် ရပ်တစ်ခု အောက်တိုဘာ ၈ ရက် ကဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ မရဲစခန်းမှ အတည်ပြုပြောကြား သည်။
အောက်တိုဘာ ၈ရက် ည ၁ဝ နာရီအချိန်တွင် တာချီလိတ်မြို့ပုန်း ထွန်ရပ်ကွက်၊ ပိတောက် (၉)လမ်း သွယ်၊ အမှတ် --- နေအိမ်တွင် မီး လောင်မှုဖြစ်ပွားနေကြောင်း သတင်း အရ သက်ဆိုင်ရာတာဝန်ရှိသူများမှသွားရောက်စစ်ဆေးရာ အိပ်ခန်း အတွင်းရှိ ခုတင်ပေါ်တွင် ဦးစိုင်း တစ် ၃၉ နှစ်မှာ ပက်လက်အနေအ ထားဖြင့် ဒဏ်ရာတချို့ရရှိကာသေဆုံး နေပြီး ဒေါ်အားညွန့် ၅၁ နှစ်ဆို သူအမျိုးသမီးမှာ အိပ်ခန်း၏ ခုတင် ခြေရင်းတွင် မှောက်လျက်အနေအ
ထားဖြင့်သေဆုံးနေကြောင်း ရဲတပ် ဖွဲ့၏စစ်ဆေးချက်များအရ သိရသည်။ ထပ်မံစစ်ဆေးချက်များအရ အခြား အိပ်ခန်းတစ်ခုတွင်ဒေါ်အားဆု ၈၆ နှစ်ဆိုသူအမျိုးသမီးကြီးကို ပြတ်ရှ ဒဏ်ရာအချို့ရရှိပြီး သေဆုံးနေ သည်ကိုတွေ့ရပြီး နေအိမ်အိပ်ခန်း တွင် အရိုးအသွား ၁၂ လက်မခန့် ရှိ မီးလောင်ကျွမ်းနေသည့်ဓားဦးချွန် တစ်ချောင်းနှင့်ဓာတ်ဆီထည့်ထားသည့် ပလတ်စတစ်ပုံးခွံတစ်ခုကို တွေ့ ရှိခဲ့ကြောင်းသိရသည်။
တာချီလိတ်မြို့မရဲစခန်းမှတာ ဝန်ရှိသူတစ်ဦးက ''လူသတ်ပြီး နေအိမ် ကို မီးရှို့တာလို့ ကနဦးသိရတယ်။ သက်သေ အထောက်အထားတချို့ ကိုရပြီးသွားပါပြီ။ တရားခံကိုအမြန် ဆုံးဖမ်းမိနိုင်အောင် စုံစမ်းစစ်ဆေး ကြည့်တော့ အမှုရဲ့ အသွားအလာ အရ အဲဒီအိမ်မှာနေတဲ့သူအချင်းချင်း ပြဿနာ တစ်စုံတစ်ခုဖြစ်ရာကနေ ဒီလိုမျိုး လူသတ်မှုဖြစ်သွားရတယ်လို့ လတ်တလော သုံးသပ်ထားတယ်။ အသက် ၈၆နှစ်အရွယ် အမျိုးသမီး ကြီးကတော့ တာချီလိတ်ဆေးရုံရောက် မှပဲဆုံးသွားတာပါ။ အိပ်ခန်းအတွင်း အပြင် မျက်နှာကြက်တချို့မီးလောင် ပျက်စီးနေတာတွေ့ရပါတယ်။ အတွင်း ပစ္စည်း ဘာတွေပါသွားခဲ့လဲဆိုတာ ကိုတော့ စုံစမ်းစစ်ဆေးနေတုန်းမို့ မသိသေးဘူး။ အမှုနဲ့ပတ်သက်မယ် ထင်တဲ့သူတွေကိုတော့ ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်''ဟု ပြောသည်။
တာချီလိတ်မြို့မရဲစခန်းမှ(ပ) ၂၁၂/၂ဝ၁၅ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃ဝ၂/၄၃၆တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
MYK, KMZ
‪#‎DemocracyToday‬ သတင်းစာမှ ကူးယူဖော်ပြသည်

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်