မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 20 November 2013

တန်ဇန်းနီးယားနိုင်ငံ၊ ဗလီတစ်ခုအတွင်း၌ ကလေးငယ်များအား လူသတ်အကြမ်းဖက်ရန် သင်ကြားပေးနေသည်ကို တွေ့ရှိရ

တန်ဇန်နီးယား ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၈ နှင့် နိုဝင်ဘာ ၅ အတွင်း တန်ဇန်နီးယားနိုင်ငံ၊ တန်ဂါဒေသရှိ အယ်လ်ရှာဘတ်တို့ တည်ထောင်ထားသော အစ္စလာမ်အကြမ်းဖက် လေ့ကျင့်ရေးစခန်းများအား စစ်ဆင်ရေးဆင်နွှဲခဲ့သည်။ 

စစ်ဆင်ရေးအတွင်း အစ္စလမ္မစ် ၆၉ ယောက်အား ဖမ်းဆီးနိုင်ခဲ့ပြီး အသက် ၄ နှစ်မှသည် ၁၃ နှစ် အကြီးဆုံးရှိသော အဓမ္မစုဆောင်းခံထားရသည့် ကလေးတပ်သားသစ်များစွာကိုလည်း ကယ်တင်နိုင်ခဲ့သည်။ 

စစ်ဆင်ရေးဆင်နွှဲစဉ် ကလေးငယ် ၅၄ ယောက်နှင့် အမျိုးသမီး ၃၂ ယောက်ကို ကယ်တင်နိုင်ခဲ့သည်။ 

ထို့ပြင် အသက် ၄ နှစ်မှ ၁၃ နှစ်ကြားရှိသော ကလေးငယ် အယောက် ၂၀ ကိုလည်း ဗလီတစ်ခုအတွင်း၌ ထပ်မံ တွေ့ရှိခဲ့ရပြီး ကလေးငယ်များသည် အစ္စလာမ်အကြမ်းဖက်ဝါဒကို အတင်းအကြပ်ရိုက်သွင်းခြင်း ခံထားရသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ 

တန်ဇန်နီးယားရဲများမှ ထိုကလေးငယ်များကို လက်ထဲ၌ စာအုပ်တစ်အုပ်ကို ကိုင်လျက်အနေအထားနှင့် မဒီနာဗလီ၌ တွေ့ရှိခဲ့သည်။ 

၎င်းစာအုပ်တွင်

- ဓား (သို့မဟုတ်) သားခုတ်ဓားမကို အသုံးပြု၍ လူသတ်နည်း၊

- ရန်သူအား လက်နက် (သို့မဟုတ်) လက်နက်မဲ့ တိုက်ခိုက်နည်း၊

- မူဆလင်မဟုတ်သူတို့၏ စီးပွားရေးအား ဖျက်ဆီးပုံ နည်းလမ်းများ နှင့် 

- အရှေ့အာဖရိကကို မူဆလင်မဟုတ်သူများလက်မှ လွတ်မြောက်အောင် ဆောင်ရွက်ရန် နည်းလမ်းများ  တို့ ပါဝင်သည်။ 

အယ်လ်ရှာဘတ်များမှ ကလေးငယ်များအား " ....မင်းတို့မိဘတွေက ကာဖိရ် (မူဆလင်မဟုတ်သူ) တွေနှင့် ဆက်ဆံနေကြတော့ သူတို့က မူဆလင်မစစ်တော့ဘူး.... ဒါကြောင့် မင်းတို့မိဘတွေက မင်းတို့ကို မပိုင်တော့ဘူး...." ဟု ဦးနှောက်ကျင်းထားကြသည်။ 

အယ်လ်ရှာဘတ်များသည် ကလေးငယ်များအား အစ္စလာမ်အကြမ်းဖက်ဝါဒများ လေ့ကျင့်သင်ကြားပေးပြီးနောက် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်စေရန် ဆိုမာလီယာသို့ မွန်ဘာဆာ၊ ကင်ညာတို့မှတစ်ဆင့် ပို့ဆောင်ကြသည်။ 

http://sabahionline.com/en_GB/articles/hoa/articles/features/2013/11/15/feature-01

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်