မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 26 November 2013

ရန်ကုန်မြို.မှ နိုင်ငံခြားသားပိုင် စားသောက်ဆိုင်တစ်ဆိုင် မြန်မာမ၀င်ရဟုပြောကြောင်း သတင်းထွက်ပေါ်

Monday, November 25, 2013

ရန်ကုန်မြို.တွင် ပြင်သစ်လူမျိုးနိုင်ငံခြားသားတစ်ဦးမှလာရောက်ဖွင်.လှစ်ထားသော ရွှေစားပွဲစားသေါက်ဆိုင် ( Shwe Sa Bwe Restaurant ) American Club အနီး ၂၀ မလိခလမ်း မရမ်းကုန်းမြို.နယ် ၊ရန်ကုန် ဖုန်း ၆၆၁၉၈၃ ( https://www.facebook.com/ShweSaBwe )တွင်မြန်မာများကိုအထင်အမြင်သေးသည်. ပုံစံဖြင်.
မြန်မာမ၀င်ရ ပိုင်ရှင်မှ ရိုင်းပြစွာပြုမူပြောဆိုနေကြောင်းသတင်းများထွက်ပေါ်နေပါသည် ။ ကိုယ်တိုင်ကြုံတွေ.ရသော ဧည်.လမ်းညွှန် ကိုသိုက်ဦး ကပြောပြရာတွင်

“ ကျွန်တော် (၂၂.၁၁.၂၀၁၃) ရက်နေ့က ပြင်သစ်လူမျိုး(၁၁)ဦးကို
နေ့လည်စာကျွေးဖို့ "ရွှေစားပွဲ"စားသောက်ဆိုင် ကိုခေါ်ဆောင်သွားပါတယ်။
ဆိုင်ပိုင်ရှင်ဟုဆိုသူ ပြင်သစ်လူမျိုး (Francois ဟုခေါ်ကြောင်း
ဆိုင်ဝန်ထမ်းတစ်ဦးမှပြောပါတယ်) ရဲ့ ဧည့်လမ်ညွှန်များအပေါ်
ရိုင်းစိုင်းမောက်မာစွာ ဆက်ဆံခြင်းကို နားမလည်နိုင်လောက်အောင် နှဖူးတွေ့၊
ဒူးတွေ့ တွေ့ကြုံခဲ့ရပါတယ်။ "မင်းတို့ဧည့်လမ်းညွှန်တွေ
ငါ့ဆိုင်က၀န်ထမ်းတွေကို လေးလေးစားစား ဆက်ဆံ။ အဲဒီလိုမဆက်ဆံနိုင်ရင်
ငါ့ဆိုင်ကို ဘယ်ဂိုက်မှမလာခဲ့နဲ့လို"့ ရိုင်းရိုင်းစိုင်းစိုင်း
ဘလိုင်းကြီးခွပ်ပါတယ်။
ကျွန်တော်လည်း ၎င်းရဲ့ရိုင်းစိုင်းမှုကိုပြန်လည်တုံ့ပြန်ခဲ့ပြီး
"အခုချိန်ကစပြီး ခင်းဗျားရဲ့ဆိုင်အရိပ်တောင် မနင်းဘူး" ဆိုပြီး
ခြံအပြင်ထွက်ထိုင်နေခဲ့ပါတယ်။ ဘာကြောင့်ကျွန်တော့်ကို
အကြောင်းမဲ့ရိုင်းရိုင်းပြပြ ဒီလိုဆက်ဆံခဲ့တာလည်းလို့
ထိုင်စဉ်းစားနေတုန်းမှာပဲ ဧည့်လမ်းညွှန် မငြိမ်းငြိမ်းအောင် ဆိုင်ထဲကနေ
ဒေါသတကြီးနဲ့ ထွက်လာတာကို တွေ့လိုက်ရပါတယ်။ Menu တောင်းကြည့်တာကို
မချေမငံ ရိုင်းရိုင်းပြပြဆက်ဆံပြီး ဆိုင်ထဲကနေ
သူ့ကိုမောင်းထုတ်လိုက်တာတဲ့။
မငြိမ်းငြိမ်းအောင်ကလည်း ဒီအရိုင်းအစိုင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
တန်အောင်ပြန်ပြောပစ်ခဲ့ပါတယ်။ မငြိမ်းငြိမ်းအောင်ရဲ့
အမှန်တရားဘက်ကရပ်တည်ပြီး မြန်မာနိုင်ငံသား များအခွင့်အရေးအတွက်
လက်သံပြောင်မှုကို ချီးကျူးထောပနာမိပါတယ်။ ၎င်းကိုလိုနီလက်သစ်ရဲ့
ရိုင်းစိုင်းပြောဆိုမှုများဟာ ဧည့်လမ်းညွှန်များအားလုံး နဲ. မြန်မာတွေကို
ရည်ညွှန်းပြောဆိုခဲ့တဲ့ အသုံးအနှုန်းများ ပါဝင်ခဲ့ပါတယ်။ ဒါဟာအမှန်တွေပါ။ ကျွန်တော်သက်သေရှိပါတယ်။

ဒီကိစ္စကို မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းကို ကျွန်တော်တိုင်ကြားသွားပါ့မယ် “ ဟူ၍ ဖြစ်သည် ။ အဆိုပါဆိုင်အားဖုန်းဆက်ကြည်.ရာ ပထမအကြိမ်တွင် မဟုတ်ဘူးဟုပြောကာ ဖုန်းချသွားပြီး ၊နောက်တစ်ကြိမ်ဖုန်းထပ်ဆက်ရာတွင် နောက်နောင်သူတို.ဘက်မှ ထိုသို. ဆက်ဆံမှုမပြုတော.ပါဟုပြောကြားကြောင်းသိရပါသည် ။

နောင်အနာဂါတ်တွင် မြန်မာပြည်၌ လုပ်ငန်းလာလုပ်သော နိုင်ငံခြားသားများ
မြန်မာလူမျိုးများအား လေးစားသမှုရှိစေရန် နှင့်
မြန်မာပြည်ရှိ စားသုံးသူအခွင့်အရေးများကို ကာကွယ်ပေးနိုင်သော ဥပဒေများ
ပြန်လည်ပြင်ဆင်၊ ပြဌာန်းနိုင်ရန် လိုအပ်ကောင်းလိုအပ်လာမည်ဟု ပြည်သူများကဝေဖန်ပြောကြားလျက်ရှိပါသည် ။ 

Ko Nyi
ဧရာဝတီမြစ်ဖျားဆီက
 
0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်