မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 11 December 2013

ပြည်သူ့ လွှတ်တော် ဖျက်သိမ်းရခြင်း နှင့် ထိုင်း နိုင်ငံရေး အခြေအနေ





 10.12.2013 ပြည်သူ့ လွှတ်တော်ဖျက် သိမ်းလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ထပ် စင်ချင်န၀ပ်ထိုင်းစံတော်ချိန် ယမာန်နေ့ နံနက် ၉ နာရီ နီးပါး အချိန်၌ကြေညာ လိုက်ပါသည်။ ထိုင်းလွှတ်တော် သက်တမ်း ၄နှစ်အနက် ယင့်လတ်ခ် အစိုးရသည် ၂နှစ်နှင့် (၅)လ အကြာ တွင် ဖျက်သိမ်း ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအစိုးရ ဖျက်သိမ်းမှုကို လုပ်ထုံးလုပ်နည်းအရ ၀န်ကြီးချုပ် တင်ပြချက် လွှာကို ထိုင်းဘုရင် မင်းမြတ်မှ လက်မှတ် ရေး ပြီး လာမည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ရွေး ကောက်ပွဲ ပြန်လည်ကျင်း ပရန် ရက်သတ်မှတ် ထားပါသည်။ လွှတ်တော် ထဲရှိ အဓိကအတိုက်အခံ ပါတီဖြစ်သည့် ဒီမိုကရက်ပါတီ လွှတ်တော် အမတ် 153 ဦးတို့သည် လွှတ်တော် အမတ် အဖြစ်မှနှုတ်ထွက် လိုက် ခြင်းကြောင့်
လည်းကောင်း၊ လနှင့်ချီကြာနေပြီး ဖြစ်သော ဆန္ဒပြပွဲများမှ တိုးပြီးဖိ အားပေး လာခဲ့သဖြင့် ပြည်သူ့အာဏာကို ပြည်သူထံ ပြန်လည် အပ်နှံလိုက်သည့်သဘော အနေဖြင့် လွှတ်တော် ဖျက် သိမ်း လိုက်ခြင်း ပင်ဖြစ်ကြောင်း ၀န်ကြီး ချုပ်က ဆိုသွားခဲ့ပါသည်။ အစိုးရ ပြုတ်ကျရန် ဆန္ဒပြ နေသူများကမူ လွှတ်တော် ဖျက်သိမ်းရုံနှင့် မပြီးသေးဘဲ ယင့်လတ် အစိုးရမှကြားဖြတ် အစိုးရအဖြစ် လုပ်ဆောင် နေမှုမှ လည်း အပြီးနှုတ် ထွက်ပေးရ မည်ဟု တောင်း ဆိုခဲ့ပါသည်။ ပြည်သူ ကိုယ်စားပြု လွှတ်တော် (ပြည်သူ့ ကောင်စီ) ဖွဲ့ စည်းပေးရန်နှင့်ပြည်ပတွင် တိန်းရှောင် နေရသော လက်ရှိနှုတ် ထွက်သွားသည့် ၀န်ကြီးချုပ်၏ အကို ၀န်ကြီးချုပ် ဟောင်းထပ်စင် ချင်န၀ပ်၏ မျိုးရိုးများ နိုင်ငံရေး လောကမှ လုံးဝ ဖယ်ရှား ပေးရမည် ဆက်လက် တောင်းဆို နေဆဲဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ဖွဲ့ စည်းပုံအရ လွှတ်တော် ဖျက်သိမ်းပါက ၄၅ရက်အတွင်း ရွေးကောက်ပွဲအသစ်ပြန်လည် ကျင်းပပေး ရန်ပြဌာန်း ထားပါ သည်။ ရွေး ကောက် ပွဲ ပြန်လည်ကျင်းပပါက ၀န်ကြီးချုပ် ဝှေ့ယာထိုင်းပါတီကဘဲ နိုင်လိမ့်မယ်လို့ အ များက သုံးသပ်ကြပါသည်။ သို့သော် ၀န်ကြီးချုပ် ဟောင်း ယင်လတ်ကမူ ၄င်းဆက်လက် အရွေးခံမှာ မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်ပြီး ဖြစ်ပါသည်။ ဆန္ဒပြမှုသည် တိုင်းပြည်ငွေ အလွဲသုံး စားမှုဖြင့် ထောင်ဒဏ် ၂နှစ် အပြစ်ပေး ခံထားရသည့် ပြည်ပ၌ တိန်းရှောင် နေ ရသော ၀န်ကြီးချုပ်ဟောင်း ထပ်စင် ချင်န၀ပ် ကြောင့်တိုင်းပြည် အတွင်းတွင် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဝေဖန်ခဲ့ကြပါသည်။အာဏာဖြင့်၎င်းမိသားစု အတွက် ကိုယ်ကျိုး စီပွားရှာ ခဲ့ခြင်း ကြောင့် ထပ်စင် ချင်န၀ပ်မျိုးရိုးများ နိုင်ငံရေး လောက လုံးဝ ဖယ်ရှား ရမည်ဟု ဆန္ဒပြ သူများမှ တောင်းဆို နေကြပါသည်။ ဤသို့ကြောင့် ဆန္ဒပြမှု ထပ်မံ ဖြစ်ပွားမှုကို မလိုလားသဖြင့် အနိုင်ရရန် သေချာနေသော်လည်း ထပ်မံရွေးချယ် ခံတော့မည် မဟုတ်ကြောင်း ယင် လတ်က အတိအလင်း ကြေညာသွား ခဲ့ခြင်းဖြစ်ပါသည်။ အကယ်၍ နောင်ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲတွင် အတိုက်အခံ ဒီမိုကရက် ပါတီမှ အနိုင်ရပြီး အစိုးရဖွဲ့မည်ဆို ပါက ထပ်စင် ချင်န၀ပ်ကို ထောက်ခံသော ရှပ်နီအဖွဲ့များက ဆန့်ကျင်ပြီး ထပ်မံ ဆန္ဒပြကြမည့် အခြေအနေ ရှိကြောင်း ဆိုပါသည်။ဒီမိုကရက် ပါတီသည် လွန်ခဲ့သော ၃နှစ်ကဖြစ်ပွား ခဲ့သော ရှပ်နီများ ၏ဆန္ဒပြပွဲကို အင်အားသုံး ပြီး ဖြိုခွင်းခဲ့ရာ၌ လူ ပေါင်း ၁၀၀နီးပါး သေဆုံးပြီး ၂၅၀၀ ခန့်ဒဏ်ရာရခဲ့ပါသည်။ ဤကဲ့သို့ သွေးစွန်းထားသဖြင့် အစိုးရလုပ်ခွင့် မပြုနိုင် ကြောင်း ရှပ်နီဖက်မျ ပြောဆိုမှုများ ရှိနေပါသည်။ ဤကဲ့သို့ သောနိုင်ငံရေး တင်းမာမှု အခြေအနေ ပေါ်တွင် ထိုင်းပညာရှင်များ၏ အကြံပြုချက်မှာလွှတ်တော်ဖျက်သိမ်း လိုက်ပြီးနောက်ရွေးကောက် ပွဲ မဲဆွယ်သည့် အခါ ထိုင်း နိုင်ငံ၏ လိုအပ်ချက်များကိုတိုင်းပြည် အကျိုးအား ရှေ့ ရှူပြီးမည်သို့ပြုပြင် ကြမည်ဟုအတိအကျ ပြောကြားပြီးမှ မဲစွယ်သင့်သည်၊ ပြီးမှ လွှတ်တော် အမတ်အများဆုံး ရသည့် ပါ တီသည်လည်း၎င်းတို့မဲစွယ်ထားသည့် အတိုင်း ပြုပြင် ကြရန် လိုအပ်ကြောင်း တိုက်တွန်း ခဲ့ကြပါသည်။ နောက်တနည်းမှာ လာမည့် ရွေးကောက်ပွဲသည် ဖွဲ့ စည်းပုံပြင်ရေးအတွက် သာအဓိကဖြစ်ပါသည်၊ ဖွဲ့ စည်းပုံပြင် ဆင် ရေးဆွဲရေးကိုယ်စားလှယ်များ ရွေးချယ်ရေး အတွက် အဓိက လုပ်ဆောင်ရမည်ဟု ယူဆ သူများရှိပါသည်။ ဤသည် တိုင်းပြည် အတွက်အကောင်း ဆုံးဖြစ်မည်။ သို့မှသာနိုင်ငံရေး တည်ငြိမ်မည်ဟု ယူဆကြပါသည်။

 ရွှေဟသာင်္သတင်းဌာန

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်