မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 13 December 2013

တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက်








"အရင်ကကျား အခုတော့နွား" ******************* လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ဖမ်းဆီးပြီး ပုဒ်မ-၅၀၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ကျန်နှစ်ဦးဖြစ်သည့် ကိုအောင်စိုးနှင့် ကိုစည်သူတို့အား ၀ရမ်းထုတ်ထားတယ်တဲ့ . . . ဒီသတင်းကိုဖတ်ရတဲ့အချိန်မှာ မကြာသေးသော အချိန်လေးတုန်းက ကိုယ့်မြန်မာနိုင်ငံသားဖြစ်တဲ့ စိုင်းနော်ခမ်းရဲ့ တရုတ်ရဲအရာရှိတွေရှေ့မှာ ဒူးထောက်ပြီး ဆေးထိုးအသတ်ခံရခါနီး ကြိုးနဲ့တုပ်၊ ကားပေါ်တင်တဲ့ အချိန်ထိ လူ့သိက္ခာတပြားသားမှ မရှိသဖွယ် မီဒီယာတွေကနေ တင်ဆက်ပြသခံခဲ့ရပြီး ကြက်လေးငှက်လေးတစ်ကောင်လို လွယ်လွယ်ကူသတ်သွားတဲ့ ပုံရိပ်တွေဟာ မျက်စိထဲ တရစ်ဝဲဝဲ မြင်ယောင် လာတယ်ဗျာ။ တရုတ်အလံလေး မီးရှို့မှုအတွက်ကြတော့ မိမိနိုင်ငံသားကို ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ပြီး ကိုယ့်နိုင်ငံသားတစ်ယောက် သူများနိုင်ငံမှာ စော်ကားမော်ကားခံရပြီး အသတ်ခံရတုန်းက ကျူပ်တို့ အစိုးရခေါင်းဆောင်တွေက ဘာသံမှ မထွက်ခဲ့တာ ဘာကြောင့်လဲ။ နော်ခမ်းမှာ အပြစ်ရှိလို့ အပြစ်ပေးခံရတာကို နားလည်လို့ရပါတယ်။ ဒါပေမယ့် တစ်ချက်လောက်စဉ်းစားကြည့်ရအောင် စိုင်းနော်ခမ်းက ကတရုတ်နိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ အခုလို ပြစ်မှုကျူးလွန်ခဲ့ရင်
ခင်ဗျားတို့ဘယ်လို အရေးယူမလဲဆိုတာ သိချင်တယ်ဗျာ။ အခုအပြစ်ပေးခံရတဲ့ နော်ခမ်းက မြန်မာနိုင်ငံသားမဟုတ်ဘဲ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ရော တရုတ်တွေ အခုလို ချိုးချိုးနှိမ်နှိမ် ဆက်ဆံပြီး လွယ်ကူစွာ အပြစ်ပေးလို့ရမလား။ အမေရိကန်ကရော သူ့နိုင်ငံသားအတွက် ဘာမှဝင်မပါဘဲ မျက်နှာလွဲခဲပစ်လုပ်နေမယ်ထင်ပါသလား။ ကိုယ့်နိုင်ငံသားတစ်ဦးကို သူများနိုင်ငံက မတရားပြုလုပ်တာဟာ အဲဒီနိုင်ငံကို စော်ကားတာပဲဖြစ်တယ်လို့ ကျွန်တော်ကတော့ယူဆတယ်။ ကိုယ့်နိုင်ငံအလံ ကိုယ့်ခေါင်းဆောင်ပုံတွေကို သူများနိုင်ငံမှာ မြေပေါ်မှာချနင်းကြ၊ မီးနဲ့ရှိုကြလုပ်တုန်းကရော ခင်းဗျားတို့ဘာသံထွက်ခဲ့ဘူးလဲ။ တရုတ်တွေက ကိုယ့်နိုင်ငံက မြေပေါ်မြေအောက် သဘာဝ သယံဇာတတွေ မတရား ခိုးယူနေတော့ရော ခင်ဗျားတို့ အစိုးရခေါင်းဆောင်တွေက ဘာသံထွက်ခဲ့လဲ . . . ကိုယ့်နိုင်ငံက အမျိုးသမီးတွေ အပျော်မယားအဖြစ် ၀ယ်ယူပေါင်းသင်းပြီး လိင်ကျွန်အဖြစ်ဆက်ဆံနေတော့ရော ခင်းဗျားတို့က ကိုယ့်နိုင်ငံသားတွေဘက်က ဘယ်လိုကာကွယ်ပြီး ရပ်တည်ပြောဆိုခဲ့သလဲ . . . ပြောကြပါအုံး . . မလေးရှားမှာ ကိုယ့်နိုင်ငံသားတွေ အနိုင်ကျင့် အသတ်အဖြတ်ခံရတော့ရော ခင်ဗျားတို့ ဘယ်လို ထိထိရောက် ရပ်တည်ကာကွယ်ပေးခဲ့သလဲ။ အခုတရုတ်အလံမီးရှို့တဲ့ ကိစ္စမှာ တရုတ်နိုင်ငံကတောင် ဘာမှဝင်ရောက်ပြောဆိုတာမရှိသေးဘူး ခင်ဗျားတို့က မျက်နှာအားရ ကျွန်ပါးဝ လုပ်ပြီး ကိုယ့်နိုင်ငံသားတွေအပေါ် ဒီလိုမျိုးလုပ်ဆောင်တာ တွေးလေတွေးလေ အရိုးထိအောင်နာပြီး ကမ္ဘာတုန်အောင် ကုန်အော်ပစ်လိုက်ချင်တယ်ဗျာ။ နှစ်ငါးဆယ်ကျော်တိုင်အောင် တိုင်းပြည်မှာ အမိန့်အာဏာနဲ့ အပြစ်ဒဏ်ကို နှစ်ခုတွဲပြီး စစ်အာဏာရှင်တွေ ထင်သလို ဆွဲဇာတ်ခင်းခဲ့တာကြောင့် ကမ္ဘာမှာ ကိုယ့်နိုင်ငံဟာ "အာရှကျား" အဖြစ်ကနေ "အာရှနွား" အဆင့်ကို ရောက်သွားခဲ့ရပါပြီ . . အရင်က အာရှတစ်လွှားမှာ "ကျားရဲ" လို ဆတ်ဆတ်ထိမခံ အသံဟိန်းခဲ့တဲ့ နိုင်ငံဟာ ချွတ်ခြုံကျအောင် ဆင်းရဲမွဲတေသွားတယ်။ တိုင်းတစ်ပါးသားတွေရဲ့ နာရွက် တံတွေးဆွတ် အနိုင်ကျင့်စော်ကားတာကိုခံနေရပါပြီ။ တိုင်းသူပြည်သားတွေမှာ ရောက်လေရာနိုင်ငံမှာ မျက်နှာအောက်ကျို့နေရပြီး မိဘမဲ့သားသမီးများလို လူမလေး ခွေးမခန့်ဖြစ်နေရပါပြီ။ တိုင်းပြည်ဆင်းရဲလာတော့ နိုင်ငံသားတွေဟာ အိမ်နီးချင်း သူတစ်ပါးနိုင်ငံတွေမှာ နွားလို အထုခံ၊ အထောင်းခံပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပါတယ် . . . ကမ္ဘာ့အလယ်မှာ ကျူပ်တို့နိုင်ငံသားတွေဟာ နေရာတကာ မျက်နှာငယ်နေရပြီး အနိုင်ကျင့်အစော်ကားခံနေရတယ် ကိုယ့်နိုင်ငံမှာနေတော့လည်း နေရာတကာ အနိုင်ကျင့်ခံနေရပြီး မတရားလုပ်သမျှ ခံနေရတယ် . . . နောက်ဆုံး ကျွန်တော်ပြောချင်တာက အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားဖို့ဆိုတာက အခုလို ငွေကျပ်သန်းပေါင်း သိန်းချီအကုန်အကျခံပြီး အားကစားပွဲကြီးတွေကို လက်ခံကျင်းပ ပေးနေယုံနဲ့ မရဘူးဆိုတာပါဘဲ . . . ချစ်ခြင်းအားဖြင့် . . . ကျော်ကြီး https://www.facebook.com/KyawGyi.333 မှီငြမ်းကိုးကား။ ။EMG , ကိုနေစကြာနိုင်ရဲ့ မလေးရှားမှ ညီအစ်ကိုမောင်နှမများ ဆောင်းပါး။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်