မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 1 August 2015

သစ်တော သစ်ပင်တွေ ပြုန်းတီးသွားတာကလဲ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်

ပညာရှင်စကား
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍမျိုးစုံ
ပကတိအခြေအနေနှင့် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို စာဖတ်သူများ
ရှုမြင်သုံးသပ်နိုင်ရန်အတွက် ''ပညာရှင်စကား'' ကဏ္ဍကို အပတ်စဉ် ဖော်ပြပေးလျက်ရှိပါသည်။
(အယ်ဒီတာ)

သစ်တော သစ်ပင်တွေ ပြုန်းတီးသွားတာကလဲ
မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်။ အရင် က မိုးရွာရင် သစ်တောသစ်ပင်တွေက တားထား တဲ့ အတွက် မြစ်ဆီကို ရေက တန်းမရောက်ဘူး။ ဖြည်းဖြည်းချင်းပဲ ရောက်တယ်။ အခုကျ ရွာသမျှ ရေက မြစ်ထဲဒလဟော စီးဝင်သွားတော့ ရုတ်တ ရက် မြစ်ရေကြီးမှုတွေ ဖြစ်ကုန်တယ်။ အခုဟာက သစ်တောတွေမရှိတဲ့ ဒဏ်ကို ခံနေရပြီ။ ရန်ကုန်မှာ ဆိုရင် မိုးရွာလိုက်ပြီဆိုတာနဲ့ ကားတစ်ဝက်လောက်ကို ရေ မြုပ်နေပြီ။
အရင်တုန်းက တော့ ဆယ်နှစ်မှတစ်ခါ၊ ဆယ့်ငါးနှစ်မှတစ်ခါ ဖြစ် ချင်ဖြစ်မယ်။ ကမ္ဘာပေါ် မှာ ရာသီဥတုပြောင်းလဲ မှုကြီး ဖြစ်ပြီးတဲ့နောက် ပိုင်း မိုးကြီးတာတွေ၊ မိုး ခေါင်တာတွေက
နောက် ပိုင်းမှာတော့ ခပ်စိပ်စိပ် ဖြစ်လာတယ်။
အခု မိုးကြီးရေ ကြီးဖြစ်နေတယ်။ နောက် နှစ်မဖြစ်နိုင်ဘူးလို့ မပြောနိုင် ဘူး။ ဒီမှာရှိတဲ့ဆည်တွေ တော်တော်များများက ရာသီ ဥတုပြောင်းလဲမှုကြီး မဖြစ်ပေါ်ခင်ကတည်းက ဆောက် ထားကြတာ။ ဒါဆိုရင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံ နိုင်ရည်ရှိရဲ့လား ဒါတွေကို စိစစ်သင့်တယ်။ အရင်တုန်း က မှန်းထားတဲ့ ရေဝင်နိုင်တဲ့ ပမာဏထက်မများဘူးလို့ မပြောနိုင်ဘူး။
ပြီးတော့ မြန်မာနိုင်ငံက တမံတွေက မြေ သားတမံတွေက များတယ်။ မြေသားတမံတွေဖြစ်တဲ့အ တွက် ရေလျှံတာတွေ၊ ရေကျော်တာတွေ ဖြစ်လို့မရ ဘူး။ ရေကျော်ကျပြီဆိုတာနဲ့ ကျိုးကျတယ်။ ဒါကြောင့် တမံတွေ ဆောက်ပြီဆိုရင်
မိုးကြီးတာမျိုး၊ ငလျင်လှုပ် တာမျိုးတို့လို မမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရာယ် တွေကို ကြိုတင်တွေးထားသင့်တယ်။
အစိုးရက ဘတ်ဂျက်တစ်ဝက်လောက်၊ ကျေးရွာ ရန်ပုံငွေနဲ့ဆောက်တဲ့ ကျေးရွာဆည်လိုမျိုး တစ်ဖက်ရပ် ဆည်တွေက မိုးများရင် ကျိုးတတ်တယ်။
ဒါပေမဲ့ အန္တရာယ် ကတော့ သိပ်မရှိပါဘူး။
တမံတွေ ဆောက်ပြီဆိုရင် သဘာဝဘေးအန္တ ရာယ်တွေကို ခံနိုင်ရည်ရှိဖို့၊
စီးပွားရေးအရလဲ တွက် ခြေကိုက်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ဖြစ်ဖို့ဆိုတာ တွေ ချိန်ဆပြီးမှ လုပ်သင့်တယ်။ လက်ရှိဆောက်ထား တဲ့ ဆည်တွေကတော့ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိမရှိကိုလည်း စဉ်းစားတွက်ချက်ခဲ့တာမျိုး
မရှိဘူး''။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်