မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 10 August 2015

ကျန်းမာရေးဌာနသို့ရောက်ရှိလာတဲ့စစ်ဘက်ဆိုင်ရာ အရာရှိများကို မကျေနပ်၍ မန္တလေးအရိုးဆေးရုံမှ ဆရာဝန်များက ဖဲကြိုးနက်များ လက်ပတ်နက်များပတ်ပြီး ကန့်ကွက်ဆန္ဒပြနေ

 
 
 
 
 

၁၀..၈..၁၅

တပ်သားစုဆောင်းရေးတပ်က ဒုဗိုလ်မှုးကြီးက ကျန်းမာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှုးဖြစ်စေဆိုပီး လုပ်ထည့်လိုက်သတဲ့။
-
ဆရာဝန်ကြီးတွေအထူးကုကြီးတွေပါမောက္ခကြီးတွေ လက်မခံ၊
ဒေါသထွက်လည်း ထွက်ချင်စရာပဲလေ
မန္တလေးအရိုးရောဂါကုဌာနက အထူးကုဆရာဝန်ကြီးများကတော့ လက်မခံနိုင်တဲ့အတွက်ဆိုပီး အနက်ရောင်ဖဲပွင့်တွေဝတ်ဆင်ပီး
ကမ်ပိန်းလုပ်

ကန့်ကွက်ရှုတ်ချမှူ လုပ်ကြမယ်တဲ့။

ဒီကမ်ပိန်းသာအောင်မြင်ပီး ဆေးဝန်ထမ်းလောက ကျန်းမာရေး
ဝန်ထမ်းလောကနဲ့ တစ်တိုင်းပြည်လုံးပျံ့နှံ့သွားမယ်ဆိုရင် မြန်မာပြည်မှာ အစဉ်အဆက်ဖြစ်လာနေတဲ့ အော်တိုမိုးကျရွှေကိုယ်များကို တော်လှန်ရဲ ငြင်းဆန်ရဲတဲ့ အကျင့်ကောင်း လုပ်ရပ်ကောင်းတစ်ခု ဖြစ်ထွန်းတိုးတက်လာမှုလို့ဆိုရတော့မှာပဲ။
-
မိုးကျရွှေကိုယ် သောက်ကျင့်များကို ရိုက်ချိုးဖျက်ဆီးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်ကြီးများရဲ့ အနက်ရောင်ဖဲပွင့် ကမ်ပိန်းကို ထောက်ခံအားပေးကြပါစို့

 https://www.facebook.com/BlackRibbonMM

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်