မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 7 August 2015

ထိုင်ဝမ်နိုင်ငံအတွက်ဒီနှစ်အတွင်းအင်အားအကြီးဆုံးလို့ ဆိုရမယ့် "Soudelor" တိုင်ဖုန်းမုန်တိုင်းကြီး

Heaven Jade's photo.

 ထိုင်ဝမ်နိုင်ငံအတွက်ဒီနှစ်အတွင်းအင်အားအကြီးဆုံးလို့ ဆိုရမယ့် "Soudelor" တိုင်ဖုန်းမုန်တိုင်းကြီးရဲ့  ရှေ့ ပြေးစက်ဝန်းဟာထိုင်ဝမ်နိုင်ငံအတွင်းကိုယခုနေ့ လည်အချိန်မှာကတည်းက၀င်ရောက်လာပြီးလေပြင်းကစတိုက်နေပါတယ်။ မုန်တိုင်းရဲ့ ဗဟိုချက်ကတော့ဒီညပိုင်းမှာထိုင်ဝမ်နိုင်ငံအရှေ့ ပိုင်းမှနေပြီး ကုန်းပေါ်ကိုတက်လာမှာမို့  ထိုင်ဝမ်နိုင်ငံအရှေ့ ဒေသများကို ယနေ့ မွန်းလွဲကတည်းက အလုပ်ပိတ်/ကျောင်းပိတ်အမိန့် ထုတ်ထားနှင့်ပြီး မြို့ တော်ထိုင်ပေအပါအ၀င်ထိုင်ဝမ်တနိုင်ငံလုံးနီးပါးကိုတော့ ယနေ့ ညမှစပြီး အလုပ်ပိတ်/ကျောင်းပိတ်အမိန့် ထုတ်ထားပါတယ်။ အမိန့် နှင့်အကျူံးမ၀င်တဲ့ စစ်တပ်/ကမ်းခြေစောင့်တပ်/ဆေးဖက်ဆိုင်ရာ/မီးသတ်/ကယ်ဆယ်ရေးအဖွဲ့ အစည်းတွေကတော့ ထုံးစံအတိုင်း အင်အားတိုးပြီး ၂၄နာရီပတ်လုံး On Duty ပါ။ ပြည်သူများအား မလိုအပ်ပါကပြင်ပမထွက်ဘဲ မိမိနေအိမ်တွင်း၌သာ လုံခြုံစွာနေကြဖို့  အစိုးရမှတိုက်တွန်းဆော်သြော်ထားပါတယ်။
အများပြည်သူများသွားလာရင်းထိခိုက်ဒဏ်ရာရမှုနည်းပါးအောင် ဆေးရုံများရဲ့  OPDများ/ပြင်ပဆေးခန်းများကိုလည်းယာယီပိတ်ထားမှာဖြစ်ပြီး ဆေးရုံရဲ

့အရေးပေါ်ဌါန/ခွဲစိတ်ဌါန/အထူးကြပ်မတ်ကုသဆောင်ပိုင်းဆိုင်ရာ သမားတော်/သူနာပြု/ဆေးဝန်ထမ်းများ နားခွင့်မရှိဘဲ ၂၄နာရီပတ်လုံး ဆေးရုံတွင်းမှာ On Duty ဖြစ်ပြီး အရေးပေါ် Case များအပြင် OPD ပြင်ပလူနာများ/ပြင်ပဆေးခန်းလူနာများကိုပါ ထပ်မံဖြည့်စွက်ကြည့်ရှုကုသပေးရပါမယ်။ နောက်တနေ့  တာဝန်လာဆက်လွှဲယူမယ့် သမားတော်/သူနာပြုများ အကယ်၍ရာသီဥတုအခြေအနေအရ ဆေးရုံသို့ မလာရောက်နိုင်ခဲ့သော် ဆေးရုံတွင်းရှိ သမားတော်/သူနာပြုများမှ နေအိမ်မပြန်ရဘဲ On Duty ဆက်လက်ထမ်းဆောင်ရလေ့ရှိပါတယ်။
--- ထိုင်ဝမ်နိုင်ငံအတွင်း ရောက်ရှိနေထိုင်ကြသူအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်