မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 2 August 2015

ရေကြီးမှုအတွက် အစိုးရအကူအညီ နောက်ကျရခြင်းအဖြစ်မှန်

Aye Min Soe's photo.

         

မြန်မာနိုင်ငံတ၀ှမ်းလုံးရေတွေကြီး နေတာမှာ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းက ပိုပြီးဆိုးဝါးတာကိုတွေ့ ရတယ်၊
အစိုးရက ရုတ်တရက် အရေးပေါ်အခြေအနေ မကြေညာပဲ နောက်ကျနေရတာဟာ အဲဒီဒေသတွေမှာ စစ်ဆင်ရေးအရ အရေးကြိးတဲ့ လျှို့ ဝှက်လှိုင်ခေါင်းတွေ အများဆုံး ရှိနေလို့ ပဲဖြစ်တယ်၊စစ်အစိုးရဟာ နေပြည်တော် စပြိးတည်ဆောက် ချိန်ကတည်းက တနိုင်ငံလုံးအနှ့ံ့ လှိုင်းခေါင်းကွန်ယက်ကို ဒေါ်လာဘီလျှံ နဲ့ ချီ အကုန်အကျခံပြီးတည်ဆောက်ခဲ့တယ်၊လှိုင်းခေါင်းတွေ ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူ့ စစ်မဟာဗျုဟာလို့ သူတို့  နာမည်တပ်ထားတဲ့ စစ်ရေးဗျုဟာရဲ့ အဓိ က အမိန့် ပေး ဌာန (centeral comman posts) တွေကို မြေအောက်က နေကွပ်ကဲဘို့ ပဲဖြစ်တယ်၊ ဒါတွေဟာ ပြည်တွင်း လက်နက်ကိုင်တွေကို ကာကွယ်ဘို့ မဟုတ်ဘူး ပြည်ပက တိုက်ခိုက်လာရင် ရင်ဆိုင်ဘို့ ဖြစ်တယ်၊ စစ်အစိုးရတခုလုံးကို နောက်ဆုံးအချိန်ထိ အကာအကွယ်
ပေးဘို့ ဖြစ်တယ် ၊ လှိုင်ခေါင်းကြီးတွေကို မြို့ ပြ တခုနီးပါးတည်ဆောက်ထားတယ်၊ မြေအောက်ရထားလမ်းတွေ ၊ ဇိမ်ခံဟိုတယ်လို မျိုးတွေတောင်ပါတယ်။
မြေပေါ်မှာလူထုက အနိုင်ရရင် ဘယ်နိုင်ငံမှပြေးနေစရာမလိုပဲလှိုင်ခေါင်းတွေ ထဲမှာနေပြီး စစ်တပ်ကိုကွယ်ကဲလို့ လဲရတယ်၊အခုရေမြုပ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက လှိုင်းခေါင်းတွေ နဲ့  ကာကွယ်ရေးလက်နက်ပစ္စည်းစက်ရုံ (Defense Industry) တွေ အများဆုံးရှိနေတာမို့  နိုင်ငံတကာအကူအညီတွေကိုချက်ခြင်း ပေးမ၀င်ရဲဘူးဖြစ်နေတယ် ၊ မအလတို့  သမတတို့ သွားကြည့်တာက သူ တို့ တပ်က ဟာတွေ ဘယ်လောက် ပျက် စီးတယ်ဆိုတာ သိခြင်တာလဲပါတယ်၊အဲဒါတွေနဲ့ ပတ်သက်ပြီးလွှတ်တော်ထဲမှာ လဲ တခါမှမေးသံမကြားမိဘူး ၊အန်အယ်ဒီအမတ်တွေ ကလှိုင်ခေါင်းတွေ အကြောင်း မေးသင့်တယ်၊ လှိုင်ခေါင်းတွေ ရဲ့ကုန်ကျစရိတ်ကို ဖုန်းကွယ်ဘို့  ရေကာတာ စီမံကိန်းကြီးတွေ လုပ်ပြီး စာရင်းဖျောက်ထားရတယ်၊ ရေကာတာ အတွက် လှိုင်းခေါင်းတူးစက်တွေ နိုင်ငံခြားက မှာ ဘို့ အတွက်လဲဖြစ်တယ်၊ ဒါကြောင့်နိုင်ငံတော်ဘက်ဂျက်ကို ဆည်မြောင်းမှာ ပုံအောသုံးပြီး နောက်ကွယ်မှာ လှို့ ဝှက်လှိုင်ခေါင်းတွေ ဖေါက်နေတာဖြစ်ပါတယ်၊
အချက်အလက်များပေးပို့ သော တပ်မတော် အရာရှိကြိးများကို ကျေးဇူးတင်ရှိပါသည်။
အေးမင်းစိုး
(၈၈၈၈ အရေးတော်ပုံကျောင်းသားဟောင်း)
(ဆက်လက်ဖေါ်ပြပါမည်)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်