မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 29 September 2013

အမျိုး ဘာသာ သာသနာ-ဆိုတာ ဘယ်လိုမှ ခွဲခြားလို့မရ (၀ါခင်းကုန်း) ဗြဟ္မစိုရ် ဆရာတော်ကြီး၏ သြ၀ါဒ


အမျိုး ဘာသာ သာသနာ-ဆိုတာ ဘယ်လိုမှ ခွဲခြားလို့မရ
(၀ါခင်းကုန်း) ဗြဟ္မစိုရ် ဆရာတော်ကြီး၏ သြ၀ါဒ
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရန် အကြိုညှိနှိုင်းအစည်းဝေးကို ယနေ့ 27.9.2013 ညနေ 3:30 နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် သာသနနယူပဒေသကျောင်း(အလယ်တိုက်ကြီး)၌ ကျင်းပသော အစည်းအဝေး၌..
ဆရာတော်ကြီး မိန့်ကြားတော်မူသည်မှာ . . .
အမျိုး ဘာသာ သာသနာ-ဆိုတာ ဘယ်လိုမှ ခွဲခြားလို့ မရပါဘူး .. အမျိုးဆိုတာ မြန်မာလူမျိုး..။ မြန်မာလူမျိုးလို့ ပြောလိုက်တာနဲ့ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓသာသနာ က တွဲပြီးတော့ ပါလာတော့တာပါပဲ..။ ထို့အတူပဲ.. ဗုဒ္ဓဘာသာလို့ ပြောလိုက်တာနဲ့ မြန်မာလူမျိုးနဲ့ ဗုဒ္ဓသာသနာက တွဲပြီးတော့ ပါလာတော့တာပါပဲ..။
ဥပမာ.. ရတနာသုံးကို ခွဲပြီးကြည်ညိုလို့မရသလိုပါပဲ.. ဗုဒ္ဓကိုတော့ ကြည်ညိုပါတယ်ကွာ.. သူဟောတဲ့ တရားတွေနဲ့ တပည့်သား သံဃာတွေကိုတော့ မကြိုက်ပါဘူးဆိုရင် ဘယ်လိုမှ သဘာဝကျပါဘူး.. အဲဒီလိုပဲ .. တရားတော်တွေကိုတော့ ကြိုက်တယ်.. ဗုဒ္ဓနဲ့ သူ့ တပည့်သား သံဃာတွေကိုတော့ မကြိုက်ဘူးဆိုရင်လဲ ဘယ်လိုမှ သဘာဝမကျဘူး..။ ဘာ့ကြောင့်လဲဆိုတော့ ရတနာသုံးပါးဆိုတာ ခွဲခြားလို့မှ မရတာပဲ..။ အခုလဲပဲ အမျိုးကို စောင့်ရှောက်လိုက်တာနဲ့ ဘာသာ သာသနာကိုလဲ စောင့်ရှောက်ရာရောက်ပါတယ်..။ ဘာသာ သာသနာကို စောင့်ရှောက်လိုက်တာနဲ့ အမျိုးကိုလဲ စောင့်ရှောက်ပြီးသားဖြစ်ပါတယ်..။ ဒါကြောင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဟာ ဗုဒ္ဓဘာသာဝင်တိုင်း မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်..။ အားလုံးသော သံဃာတော် အရှင်သူမြတ်များနှင့် ဒကာ ဒကာမများ အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ...။

ဦးနရပတိ ဆရာတော်
မန်း / ငြိမ်းချမ်းရေး

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်