မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 25 September 2013

Sabrro ထုတ် စတိုင်ကျကျ နည်းပညာအဆင့်မြင့်ပြိုင်ကား

ဆွစ်ဇာလန် ပြိုင်ကားကုမ္မဏီ Sabrro မှထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် Sabrro ဒီဇိုင်းကျောင်းမှ ကောင်းသားတွေ ၈ ပတ်တည်းအချိန် ယူပြီး ဖန်တီးလိုက်တဲ့ နည်းပညာအဆင့်မြင်ပြိုင်ကား ESpera Eight Concept ဖြစ်ပါတယ်။

အတွင်းက အင်ဂျင်ကိုတော့ အီတလီကားကုမ္မဏီ Maserati ထုတ် ရှစ်လုံးပူး V သဏ္ဍန်ကို အသုံးပြု ထားပါတယ်။ ပြိုင်ကားဖြစ်ပါတယ်။ ဒါကြောင့် တစ်ဦးတည်း မောင်းနှင် လိုက်ပါနိုင်တဲ့ ကားဖြစ်ပါတယ်။ ကားမှာ ၆.၂ လက်မကျယ်တဲ့ ထိတွေ့မျက်နှာပြင် တီဗီပါရှိပါတယ်။ ယင်းဟာ ရိုးရိုး တီဗီတွေမဟုတ်ပဲ Android OS သုံး Tablet တစ်လုံးလို ဖြစ်ပြီး ကားရဲ့  system အားလုံးကို ထိန်းချုပ်ပေးနိုင်မယ့် Admin လည်း ဖြစ်ပါတယ်။ အင်တာနက်နဲ့ချိတ်ပြီးတော့လည်း App တွေဒေါင်းလုခ်ဆွဲနိုင်ပါတယ်။

ကားမှာ ဘလူးတော့ပါရှိပြီး ဖုန်းပြောဆိုရန်လည်း အဆင်ပြေတဲ့ကားဖြစ် ပါတယ်။ ကားမှာ Parrot Asteriod Smart ထုတ် ရေဒီယိုလည်း ရှိပါတယ်။ လုပ်ဆောင်ချက်ကလည်း Maserati ထုတ် ပါဝါကြီး အင်ဂျင် ဖြစ်တဲ့ အတွက် မြင်းကောင်ရေအား ၃၆၀ ရှိပါတယ်။ လုံးဝ ထူးခြားသွားတာ တစ်ခုက ယင်းပြိုင်ကားကို ဝါရင့် ဒီဇိုင်နာ၊ အင်ဂျင်နေယာ တို့ ပြုလုပ် ဖန်တီးထားခြင်း မဟုတ်ပဲ ဆွစ်ဇာလန် ဒီဇိုင်း ကျောင်းမှ လူငယ်ကျောင်းသား များ ဖန်တီးထားခြင်း ဖြစ်ပါတယ်။

Concept သဘောပဲ ရှိပါသေးတယ်။ တကယ်ထုတ်လုပ်ရန်အတွက်ကတော့ Sbarro က ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ Sbarro ဆိုတာကလည်း ဆွစ်ဇာလန်မှာ ခေတ်အဆက်ဆက် ရပ်တည်လာတဲ့ ပြိုင်ကား ကုမ္မဏီဖြစ်တဲ့ အတွက် Espera Sbarro Eight Concept ကို ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:autoblog.
Aung Kham (ရိုးရာလေး)

http://www.yoyarlay.com/science-tech/134-inventions/38079-sabrro-high-tech-sport-car

.

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်