မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 20 September 2013

မြန်မာ့ မီးရထားလမ်းတွေ ဂျပန် JICA အကူအညီနဲ့ ကမ္ဘာ့အဆင့်မီတော့မယ်


Friday, September 20, 2013

မန်မာနိုင်ငံတွင်းက မီးရထားလမ်းတွေကို နိုင်ငံတကာအဆင့်မီဖြစ်စေ ဖို့ မြန်မာ့မီးရထားအနေနဲ့ ဂျပန်နိုင်ငံ က နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ JICA အဖွဲ့ရဲ့ အကူအညီနဲ့ အတူပူးပေါင်းလုပ်ဆောင်သွားမှာဖြစ် ပါတယ်။

အခုလို မြန်မာနိုင်ငံက မီးရထားလမ်းတွေ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို မြန်မာ့မီးရထားနဲ့ JICA တို့က ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ မြန်မာ့ မီးရထား တိုင်း လက်ထောက် အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးကို ကိုးကားပြီး ယနေ့ထုတ် နိုင် ငံပိုင် မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြထားပါတယ်။

JICA က ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က ရန်ကုန်- ပဲခူး လမ်းပိုင်းက ကီလိုမီတာ ၂၀ ကို တိုင် ထွာ လေ့ လာ စမ်းစစ်မှုတွေ

လုပ်ခဲ့ကြပါတယ်တဲ့။

“မြန်မာနိုင်ငံမှာ ရှိတဲ့ ရထားလမ်းပိုင်းတွေကို သူတို့ဆီမှာလို အဆင့်မြှင့်တင်ပေးချင်တယ်။ နည်းပညာ
တွေ ပေးချင်တယ်” လို့ ဦးကျော်ကျော်မျိုးက JICA ကို ရည်ညွှန်း ပြောသွားတာပါ။

ရထားသံလမ်း လုပ်တဲ့ နေရာမှာ ဂျပန်နိုင်ငံက အဆင့်မြှင့် ပစ္စည်း ၇၅ မျိုးနဲ့ လမ်းပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင် တွေကပါ စံနမူနာအဖြစ် လာရောက်ပူးပေါင်း လုပ်ကိုင်သွားမှာပါ။

မြန်မာ့ မီးရထားဌာနကလည်း သူတို့ရဲ့ နည်းပ ညာတွေနဲ့ ထိန်းသိမ်းမှု နည်းနာတွေ လေ့လာ သင်ယူ
ပြီး နိုင်ငံတ၀န်းလုံး က မီးရထားလမ်းတွေကို အဆင့်မြှင့်တင် သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဂျပန်နိုင်ငံက ပညာရှင်တွေလည်း မကြာခင် ရောက်လာတော့မှာဖြစ်ပြီး မြန်မာ့မီးရထားက သင်တန်းသား ၃၀ နဲ့ အနီးကပ် လေ့လာ သင်ယူမှုတွေ လုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပင်မ ရထားလမ်းဖြစ်တဲ့ ရန်ကုန်-မန္တလေး လမ်း ကို အဓိက အဆင့်မြှင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အခုလို ဂျပန် နည်းပညာ၊ ဂျပန် ပညာရှင်တွေရဲ့ အကူအညီနဲ့ မြန်မာ့ မီးရထား လမ်း ပိုင်းတွေ ကမ္ဘာ့ အဆင့်မီ ကောင်းမွန်လာမယ်ဆိုရင်တော့ မြန်မာ့မီးရထား ခရီးသွားတွေလည်း ဇိမ်ကျကျ မီးရထားစီးလို့ ရနိုင်ပါတော့မယ်။


အိမ့်သံစဉ်
ဧရာဝတီ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်