မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 23 September 2013

facebook ကိုလော့ မကျအောင်ဘယ်လိုကာကွယ်မလဲ(ဖတ်ပေးပါရန်)

 Photo: Facebook အကောင့် လုံခြုံရေးအတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းများ

(၁) သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Question ပေးရန်ဖြစ်သည်။

Security Question ပေးရန်အတွက် https://www.facebook.com/settings?tab=security သို့ သွားပါ။

Security Question ဆိုတဲ့ ဟာကို နှိပ်ပြီး ပေးပါ။သတိထားရမှာက အဲ့ဒီ Facebook Security Question ကို Update လုပ်လို့ မရလို့  မိမိ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ။

လွယ်လင့်တကူအဖြေမျိုးလည်း မဖြစ်ပါစေနှင့်။ 

ဥပမာ - သင့်မိခင်ဧ။် မွေးရပ်မြေ ဟုရွေးချယ်ထားလျှင် Yangon,Mandalay စသည်ဖြင့် မထည့်ပါနှင့်။

မှားယွင်းသောအဖြေ ဖြည့်စွတ်သောကြောင့်လည်း သင့်ကို Facebook မှ တရားမစွဲပါ။ (မေ့တော့ မမေ့သွားစေနဲ့ ပေါ့)


(၂) Facebook အတွက် အသုံးပြုသော Email ကို နှစ်ခုသုံးပါ။Email နှစ်ခု တစ်ပြိုင်နက်ထားခိုင်းခြင်းကို ဆို လိုပါသည်။


ထို သို့ မှမိမိအကောင့် Hack ခံရလျှင် နောက် Mail တစ်ခုဖြင့် Recover လုပ်နိုင်ပါမည်။

အတက်နိုင်ဆုံး Facebook Acoount အတွက် Mail ကို မိမိ Personal Email ဖြင့် မပြုလုပ်သည်မှာ အသင့်တော်ဆုံးဖြစ်သည်။ 


(၃) Secure Browsing ကို On ထားပါ…ထိုသို့ မှ Https ဖြင့်သွား သည်ဖြစ်သောကြောင့် Data များကို ကြားဖြတ်ရယူခံရခြင်းမှ ကင်းလွတ်ပါမည်။


(၄) Login Notifications ကို လည်း On ပေးထားပါ။

မိမိ မသတ်မှတ်ထားသော Devices မှ မိမိအကောင့်ကို ၀င်ရန် ကြိုးစားမှုကို Email သို့ မဟုတ် Phone Text Message ပေးပို့ ပေးပါမည်။

(ဥပမာ - သင့်အိမ်က ကွန်ပြူတာ Device မှာ သင့် Facebook အကောင့်ကို Save လုပ်ထားလျှင် သင် Save မလုပ်ထားသော အခြား PC/Device များမှ သင့်အကောင့်ကို ၀င်ရန်ကြိုးစားနေမှုကို သင်ရွေးချယ်ထားသော Option အတိုင်း Facebook မှ အသိပေးမည်ဖြစ်သည်)


(၅) Login Approvals ပြုလုပ်ထားပါက သင် Save မလုပ်ထားသော Unrecognized Computer/Device များမှ သင့်အကောင့်ကို Access ပြုလုပ်လိုလျှင် Facebook ထံမှ Code တစ်ခါတောင်းရသည့် စနစ်ဖြစ်သည်။

(အနည်းငယ်အလုပ်ရှုတ်သော်လည်း သူတစ်ပါးလက်ထဲသို့  မရောက်အောင် တားဆီးနိုင်သည့် အဓိက နည်းလမ်းဖြစ်သည်)


(၆) Active Sessions ကို ပုံမှန် စစ်ဆေးပါ။မူမမှန်သော Login ၀င်ရောက်မှုအတွက် (ဥပမာ - များသောအားဖြင့် နိုင်ငံရပ်ခြား IP များမှ ၀င်ရောက်ခြင်း) ကို Facebook မှ သတိပေးချက် ထုတ်ပြန်တက်ပါသည်။


(၇) IP မကြာခဏ ပြောင်းလဲ အသုံးမပြုပါနှင့်။အကောင့် Lock ကျတက်သည်၊ယာယီ ပိတ်ခံရတက်သည်။


(၈) Free Wifi နေရာတွေမှာ Facebook ကို ဖြစ်နိုင်လျှင်မသုံးပါနှင့်။Same Network တစ်ခုထဲမှာ ဆိုလျှင် မိမိ သုံးနေသည့် အကောင့်ထဲကို ၀င်ရောက်ပြီး အသုံးပြုသွားနိုင်သည့် Software များ ရှိပါသည်။


(၉) မိမိ အကောင့်ကို 3 Friend Method ဖြင့် Hack ပြုလုပ်သွားနိုင်ပါသည်။ ထို့ ကြောင့် လာ Add သော အကောင့်တိုင်း လက်ခံသင့် မခံသင့် သေချာစဉ်းစားပါ။


(၁၀) Account Password ကို Dictionary ထဲတွင် ရှိသော စကားလုံးများမသုံးပါနှင့်။ !@#$% စသည့် စကားလုံးများ ကြားညှပ်၍သုံးပါ။


(၁၁) နောက်ဆုံးအနေဖြင့် မိမိ အကောင့် လုံးဝ အဟက်ခံလိုက်ရပြီဆိုလျှင် ယခင် Password အဟောင်း ဖြင့် အဟက်ခံရသော မိမိ အကောင့် မည်သူမှ အသုံးပြုလို့ မရအောင် Lock ချနိုင်ပါသည်။

  (ပြန်လည်မျှဝေပါသည်)
facebook ကိုလော့ မကျအောင်ဘယ်လိုကာကွယ်မလဲ(ဖတ်ပေးပါရန်) Facebook ဟာ ဒီရက်ပိုင်းအတွင်း ပြဿနာ တော်တော်ရှာလာတယ်လို့ ပြောရမလောက်ပါပဲ တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ ဘာကြောင့်လဲ ဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ်အကောင့်တွေ ခိုးတယ် .. နိုင်ငံရေး အမြတ် ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေ ကြံစည် လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ .. တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့ မရပါဘူး ... အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့ စနစ်တကျ
Log out(လုပ်ခြင်း) ================= Facebook ကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့ Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ် ( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ ) email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ် အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် .. အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ် နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် .. အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက Log in ၀င်လာပြန်ပြီပေါ့ ... Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ် Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး Friend Request တွေ အများကြီး ပို့နေတာမျိုး။မိမိကိုသူစိမ်းတစ်ယောက်ကလာပြီး add လုပ်တာကိုလက်ခံတဲ့ အခါမှာ facebook ကအဲဒီလူကိုသိလားစသဖြင့် မေးတာလေးတွေကိုသတိထားပြီးဖြေသင့် ပါတယ်။မသိဘူးလို့ ပေးတာကတော့  ပိုကောင်းမယ်လို့ တော့ ထင်ပါတယ်။ တခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုး facebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် ) ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ အများကြီးလို့ ဆိုရမှာဖြစ်ပါတယ် လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင် ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက် ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး .. အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ် တစ်ကယ်ကိုလွယ်ပါတယ် .. ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ် ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်

Source: http://www.aungkyaw.net/2013/09/facebook_23.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်