skip to main |
skip to sidebar
အလွန်အားကောင်းသော စူပါတိုင်ဖွန်းမုန်တိုင်းကြီuးsagi ဟောင်ကောင်ကျွန်းကို ဒီကနေ့ ညသန်းကောင်ယံတွင် ဝင်ရောက်တိုက်ခိုက်မည်
ပစိဖိတ်သမုဒ္ဒယာရေပြင်ပေါ်တွင်အားပိုကောင်းလာနေပြီးတစ်နာရီမိုင်(၁၈၀)နှုန်းလေတိုက်နှုန်းတွေရှိနေတဲ့အားအကောင်းဆုံးစူပါတိုင်ဖွန်uးsagiကို
ဟောင်ကောက်ကျွန်းတိုက်ခတ်ခံရဖွယ်ရှိနေပါတယ်။တရုတ်ပြည်တောင်ပိုင်းကမ်းခြေကိုထုနှက်မဖြတ်သန်းမ၀င်ရောက်မှီမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံနဲ့ထိုင်ဝမ်နိုင်ငံတို့ကြား
ရေပြင်ကို ဗြောင်းဆန်အောင်
မွှေနှောက် သောင်းကြမ်းလျက် ရှိနေပါတယ်။
အဆိုပါမကောင်းဆိုးဝါးကောင်ကြီးတစ်ကောင်အလားကြီးထွားပြင်ထန်လာခဲ့တဲ့စူပါတိုင်ဖွန်းUSAGIဟာလွန်ခဲ့တဲ့(၂၄)နာရီအတွင်းမှာအင်အားတဟုန်ထိုးကြီးမားလာခဲ့တာဖြစ်ပါတယ်။ထိုင်ဝမ်နဲ့ဖိလစ်ပိုင်နိုင်ငံတို့ကိုအဖျားခတ်ဝင်ရောက်နှိုင်ပြီးအဓိကအားဖြင့်
ဟောင်ကောင်ကိုဦးတည်နေပါတယ်။
ယမန်နေ့ကအထိ
တိုင်ဖွန်း USAGI ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ (၇၅)မိုင်ခန့်သာရှိနေခဲ့ရာမှယနေ့မှာတော့ တစ်နာရီ (၁၆၀)မိုင်အထိ ပြင်း ထန်လာခဲ့ပါတယ်။
အမျိုးအစားအားဖြင့် Category V အဆင့်ရှိတဲ့ Super Typhoon ဖြစ်ပါတယ်။
တိုင်ဖွန်းမုန်တိုင်း USAGI ဟာ လက်ရှိအင်အားအခြေအနေကို နောက်ထပ်
(၂၄)
နာရီခန့် အကြာအထိ ဆက်လက်ထိန်းထားလိမ့်မယ်လို့ ခန့်မှန်းရ ပါတယ်။ နောက် (၃)
ရက် အတွင်း မိုးရေချိန် ၁၀၀၀ မီလီမီတာ (လက်မ
၄၀)ခန့်ရွာသွန်းမယ်လို့ခန့်မှန်းရပါတယ်။(မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့တစ်နှစ်ပတ်လုံးမိုးရေချိန်ထက်၁ဆမှ၂ဆခန့်အထိ
ကျော်လွန်ပါတယ်)။
တိုင်းဖွန်းမုန်တိုင်း USAGI ဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း
ကမ္ဘာတလွှား တွင်ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းများအနက် အားအကောင်းဆုံး
မုန်တိုင်းဖြစ်ပြီး မုန်တိုင်းဗဟိုချက်ဖိအားမှာ 882 millibars အထိ
ကျဆင်းနေပြီဖြစ် ပါတယ်။ ဟောင်ကောင်ကျွန်းကို ၀င်ရောက် စဉ်လေတိုက်နှုန်း 100
mph သို့ကျဆင်းသွားနှိုင်ပေမယ့် အပျက်အစီးနဲ့ အသေ အပျောက် များမှာကို
စိုးရိမ်နေရဆဲဖြစ်ပါတယ်။
အဆိုးဝါးဆုံးမှာမုန်တိုင်းရဲ့အရှိန်ကြောင့်ပင်လယ်ပြင်မှာလှိုင်းအမြင့်
ပေ(၅၀)ခန့်အထိရှိနှိုင်တယ်လို့ခန့်မှန်းရပါတယ်။မုန်တိုင်းရဲ့အချင်းအကျယ်အ၀န်းဟာလည်း1,100km(650miles)အထိရှိနှို်င်ပါတယ်။ဖိလစ်ပိုင်နိုင်ငံLuzonကျွန်းနဲ့Taiwanကျွန်းတွေမှာ
လေတိုက်နှုန်း135mphအထိရှိနှို်င်ပါတယ်။
ဒေါက်တာထွန်းလွင်
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်