မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 19 January 2014

အထက်မြန်မာပြည် သံဃာ့ညီလာခံကြီးက အပြန် ၀ီရ ရဲမင်းဦး၏ ရင်တွင်းစကား



အထက်မြန်မာပြည် မန္တလေးမှာ အမျိုးဘာသာ ၊ သာနာစောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်းခြင်း နှင့် သြ၀ါဒ ခံယူပွဲကြီးကို (၁၅ - ၁ - ၂၀၁၄) ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ပါတယ်။ မဟာအတုလ ဝေယံဘုံသာ ကျောင်းတိုက် ကြီးမှာ ကျင်းပသွားခဲ့တဲ့ အထက်မြန်မာပြည် အမျိုးဘာသာ သာသနာစောင့်အဖွဲ့ ဖွဲ့စည်းခြင်း နှင့် သြ၀ါဒ ခံယူပွဲဟာ သံဃာတော်သုံးသောင်းကျော် တက်ရောက်ခဲ့တာဖြစ်လို့ မဟာအတုလ ဝေယံဘုံသာ ကျောင်း တော်ကြီးမှာ ကျင်းပခဲ့တဲ့ အတုမရှိ သံဃာ့ညီလာခံကြီးလို့ ကင်ပွန်းတပ်ခဲ့ရပါတယ်။ သံဃာ့ညီလာခံကြီးက ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ကြေညာချက် (၁၀)ချက်ဟာဆိုရင်လည်း ကျွန်တော်တို့ ကြားသိရတယ်ဆိုရင်ဘဲ လက်မခံနိုင်စရာ တစ်ချက်မှ မရှိတဲ့ အမျိုးသားအကျိုးစီးပွား ၊ အမျိုးဘာသာ သာသနာ ရေရှည်တည်တံ့ရေးကို မျှော်ကိုးပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ပါပဲ။ မြန်မာ့အမျိုးသားရေး ကွန်ယက်က
ကိုသီရိမောင် တက်ရောက်ခဲ့သလို ၊ အမျိုးသာရေး ဆောင်ရွက် ချက်တွေကြောင့် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကိုရဲမင်းဦးတစ်ယောက်လည်း သံဃာ့ညီလာကြီးမှာ ရှိနေခဲ့ပါတယ်။ အမျိုးသားရေးအတွက် ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့သူဖြစ်လို့ ၀ီရ ရဲမင်းဦးဆိုတဲ့ အမည်ကို ဆရာတော်ကြီးတွေက ကဗျည်းထိုးပေးခဲ့ပါတယ်။ သူလွတ်မြောက်လာမယ့်နေ့မှာ ၀ီရရဲမင်းဦးဆိုတဲ့ အမည်တပ်ပြီး ကျွန်တော်တို့ ကြိုဆိုခဲ့ကြတာကိုလည်း မြင်ယောင်နေဆဲပါပဲ။ အခုလို လွတ်မြောက်လာတာနဲ့ တပြိုင်နက် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူတစ်ဦး အတုမရှိ သံဃာ့ညီလာခံကြီးကို တက်ရောက်ခွင့် ရခဲ့တဲ့အပေါ်မှာ ညီရင်း အကိုလို မေးမြန်းပြောဆိုခဲ့ရာမှ ၀ီရ ရဲမင်းဦးရဲ့ ရင်တွင်းပီတိကို ဖော်ပြလိုပါတယ်။ မေး - အကို အခုတက်ရောက်ခွင့် ရခဲ့တဲ့ သံဃာ့ညီလာခံကြီးနဲ့ ပတ်သက်ပြီး ရင်ထဲစွဲကျန်ခဲ့တာလေး အရင်ဆုံး ပြောပြပါလားအကို။ ဖြေ - တက်ရောက်လာတဲ့ သံဃာတော်သုံးသောင်းကျော်က အခမ်းအနားအစီအစဉ် (၂)မှာ ရဟန်းရှင်လူ ပြည်သူတွေအတွက် ဂုဏ်ပြုကြတယ်။ နောင်တစ်ခုက ရခိုင်မှာ (၂)ကြိမ်ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းမှာ ရဟန်းသံဃာတော်တွေနဲ့ ပြည်သူတွေ သွေးမြေကျခဲ့ရတယ်။ အသက်ဆုံးရှုံးခဲ့ရတာတွေအတွက် ဂုဏ်ပြုတယ်။ နောက်တစ်ခုက မိတ္ထီလာမှာ အသက်ဆုံးရှုံးခံသွားရတဲ့ ဆရာတော် ဦးသောဘိတအတွက် ဂုဏ်ပြုတယ်။ အဲဒီလိုဖြစ်ခဲ့ရတာတွေအတွက် ၀မ်းနည်းကြောင်း စက္ကန့်(၃၀)ငြိမ်သက်ခြင်းအစီအစဉ်မှာ သုံးသောင်း ကျော် သော သံဃာထုကြီးနဲ့ လူထုကြီးက တကယ်ကို ငြိမ်သက်ကျသွားတယ်။ အလွန့်အလွန်မှ အံ့သြ၀မ်းမြောက် စရာ အဖြစ်မျိုးကြုံခဲ့ရတာပါ။ မေး - အကိုအခုလို ပြန်လည်လွတ်မြောက်လာပြီးချိန်မှာ မမျှော်လင့်ဘဲ တက်ခွင့်ရလိုက်တဲ့ သံဃာ့ ညီလာကြီး ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘယ်လောက်အထိ ဂုဏ်ယူဖွယ်ဖြစ်နိုင်တယ်ဆိုတာလေး ပြောပေးပါ။ ဖြေ - အထက်မြန်မာပြည် မန္တလေးမှာရှိတဲ့ မဟာအတုလ ဝေယံဘုံသာ ကျောင်းတော်ကြီးဟာ မင်းတုန်းမင်း ရဲ့ကောင်းမှုတော် ကျောင်းတော်ကြီး ဖြစ်တဲ့အတွက်ကြောင့် ထင်ရှားတဲ့ကျောင်းတော်ကြီးမှာ ထင်ရှားတဲ့ အတုမရှိ သံဃာ့ညီလာခံကြီးဟာ အထက် မြန်မာပြည်တင်မကဘူး။ အောက်မြန်မာပြည်ဖြစ်တဲ့ ဧရာဝတီတိုင်း ပါတယ်။ ရန်ကုန်တိုင်းပါတယ်။ ဗဟို (မဘသ)တွေလည်း ပါတယ်။ တကယ်ကို သာသနာ့ဥသျှောင် ဆရာတော်ဘုရားကြီးတွေရဲ့ သြ၀ါဒကိုလည်း နာကြားရတယ်။ အတိုင်းမသိ ၀မ်းမြောက်ဖွယ်ရာဖြစ်ခဲ့ရတယ်။ ဒီလိုသံဃာ့ညီလာခံကြီးက ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်(၁၀)ချက်ကလည်း နောင်အနာဂတ် မြန်မာ့ အမျိုးသားရေး ၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုတဲ့ အချက်တွေဖြစ်တယ်။ ဒါဟာ တကယ့်ကို အတိုင်းမသိ (အတိုင်းမသိ)၀မ်းသာပီတိဖြစ်စရာပါ။ မေး - ဆရာတော်ကြီးတွေ ပြောဆိုသွားတဲ့အချက်အလက်တွေနဲ့ မီဒီယာမှ ဖော်ပြသွားတဲ့ပုံစံဟာ တကယ့်ကို ထင်မှတ်မထားတဲ့အခြေအနေမျိုးထိဖြစ်သွားတယ်ပေါ့။ မီဒီယာက ထုတ်ဖော်ပြသွားတဲ့ အခင်းအကျဉ်းကို အကိုဘယ်လိုသုံးသပ်လို့ ရမလဲ။ ဖြေ - သူတို့တွေထုတ်နှုတ်ဖော်ပြသွားတဲ့အချက်ပေါ့နော်။ အတုမရှိ သံဃာ့ညီလာခံကြီးဟာ အတုမရှိ မဟာဝေယံဘုံသာ ကျောင်းတော်ကြီးမှာ ကျင်းပတာဖြစ်တယ်။ နတ်လူသာဓု ဘ၀ဂ်ညံအောင် ခေါ်နေတဲ့ အချိန်မှာ မထင်မှတ်တဲ့ စကားတစ်ခွန်းကို လိုရာစွဲပြီးအသုံးပြုထားတဲ့ မီဒီယာလောကဟာလည်း အင်မတန် အံ့သြစရာကောင်းတယ်။ တကယ်တန်းကြတော့ ထုတ်ပြန်ကြေညာချက်(၁၀)ချက်သည် အဖွဲ့ရဲ့ ထုတ်ပြန် ချက်ဖြစ်တဲ့အပေါ်မှာ ဒါကိုပဲ ဇောင်ေးပးဖော်ပြရမယ်။ နောင်အနာဂတ် တိုင်းပြည်အတွက် အရေးကြီးတဲ့ အတွက် ဒါကိုဖော်ပြကြရမှာ။ မီဒီယာကျင့်ဝတ်လည်း မရှိဘူး။ ဆရာတော်ကြီး ဦးဥာဏ်ဏိဿရ က ပြောခဲ့ ပါတယ်။ ဒီပွဲကြီးပြီးတာနဲ့ တပြိုင်နက် ရင်ဆိုင်ရမယ့် အကျိုး အပစ်ကို ပြောပြသွားပါတယ်။ ဆရာတော်ကြီးက ဆိုရင် ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊ လိုက်လျောခြင်း ဆိုတဲ့ မူသုံးချက်ထားပြီးသွားရမယ်လို့ ဆရာတော်ကြီးက ပြောသွားတာကိုး။ ထင်တဲ့အတိုင်းပဲ။ ကဲ့ရဲ့သံတွေလည်း ရှိမယ်။ ချီးကျူးတဲ့အသံတွေလည်း ရှိမယ်။ ကဲ့ရဲ့သံတွေ ထွက်လာလို့လည်း မတုန်လှုပ်ကြပါဘူး။ ချီးကျူးတဲ့အသံတွေ ကြားရလို့လည်း မော်ကြွားခြင်း မရှိပါဘူး။ ကဲ့ရဲ့သံတွေညံသွားတယ်ဆိုတာက အာရပ်ကမ္ဘာက ငွေကြေးတွေကို အသုံးပြုပြီးတော့ မီဒီယာ လောကို လွှမ်းမိုးထိုးဖောက်ထားတာ ဘယ်လောက်အထိ ကောင်းနေပြီဆိုတာ အားလုံးသိပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီပွဲအတွက် ဆရာတော် သံဃာတော်တွေရဲ့ အတုမရှိညီလာခံကြီးက ထွက်ပေါ်လာတဲ့ ကြေညာ ချက်တွေအပေါ် ဘ၀ဂ်ညံအောင် လူနတ်ဗြဟ္မာကသာဓုခေါ်သွားတာတော့ ကျိန်းသေတယ်။ သံဃာတော် အပါးသုံးသောင်းကျော် သောင်းသောင်းဖြဖြ ထောက်ခံသွားတဲ့ပွဲကြီးပါ။ ဆရာတော် သံဃာတော်တွေဘက်က အမှားမရှိခဲ့ပါဘူး။ မေး - မီဒီယာက အဲဒီလို သရုပ်ပျက်အောင် ဖန်တီးလိုက်ခြင်းအပေါ်မှာ ဘယ်လိုမျိုး ပြန်လည်စီစဉ်ဆောင်ရွက် သွားမယ်ဆိုတာမျိုး အကိုကြားခဲ့ရတာရှိပါသလဲ။ ဖြေ - အခုလိုပေါ့ဗျာ - သံဃာ့ညီလာခံကြီးက ချမှတ်သွားတဲ့ကောင်းမွန်မှန်ကန်တဲ့မူတွေကို ဇောင်းပေး မဖော်ပြ ဘဲနဲ့ လိုရာစွဲသုံးသွားတဲ့ မီဒီယာတွေကို အခုဆိုရင် ရှင်းရှင်းလင်းလင်းပဲ မဘသ ( အမျိုးဘာသာ ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့) အထက်မြန်မာပြည် ကြေညာချက်ထုတ်ပြီးသွားပြီ။ ဆရာတော်ကြီးပြောခဲ့တဲ့ အကြောင်း အချင်းအရာအလိုက် ရှင်းလင်းထုတ်ပြန်ထားပါတယ်။ ယနေ့ မီဒီယာလောကအတွင်းမှာ ဆောင်ရွက်ချက် တွေဟာ တဖက်ဇောင်းနင်းဖြစ်နေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား ဖြစ်လာတာကို ကျွန်တော်တို့ပြည်သူတွေ အကဲခတ်လို့ ရပါပြီ။ ******* အမျိုးဘာသာ သာသနာအတွက် ရဲရဲဝံ့စွမ်းဆောင်သူတစ်ဦး ၊ လွတ်မြောက်လာတယ်ဆိုရင်ပဲ ခရီးမစိုက် ဆရာတော်ဘုရားကြီးတွေရဲ့ တရားပွဲတွေနောက် လိုက်ပါပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်ဆောင်ရွက်နေရတာကို ထောက်ရှုပြီး လိုရင်းအချက်လောက်ကိုပဲ မေးမြန်းပြီး တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မေးမြန်း ပြောဆိုနေကြစဉ် အမျိုးသားရေး ညီအစ်ကိုတွေက ထုတ်ပြန်ချက် (၁၀)ချက်အပေါ် ခြွင်းချက်မရှိကောင်းမွန် တာကြောင့် ထောက်ခံ ကြိုဆိုသင့်တယ် ဆိုတာကို ပြောဆိုဆွေးနွေးနေကြပါတယ်။ ဒီလို ဘ၀ဂ်ညံအောင် နတ်လူသာဓု ခေါ်နေတဲ့အချိန်မှာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတဲ့ မီဒီယာတွေကြောင့် အတုမရှိ သံဃာ့ညီ လာခံကြီးရဲ့ ဂုဏ်သရေကို ညှိုးနွမ်းစေတာတော့ အမှန်ပါပဲ။ ကိုရဲမင်းဦးရဲ့ သုံးသပ်ချက်ကလည်း သံဃာတော် တွေကြား စိတ်ဝမ်းကွဲအောင် ဖန်တီးတဲ့လုပ်ရပ်ဖြစ်ပေမယ့် ဆရာတော်ဘုရားကြီးတွေက ဒီအချက်တွေကို ကြို တင်ရှုမြင်သုံးသပ်ပြီးဖြစ်တယ်လို့ ပြောဆိုပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း မီဒီယာထဲ မှာမှ ကြောက်စရာကောင်းသော မီဒီယာဆိုတာတွေကို သတိထားမိမှာပါ။ ဒီလိုသွေးထိုး ပြဿနာ မီးခွက်ထွန်းရှာသူတွေကြောင့် ကိုယ်တွေရဲ့ အမျိုးဘာသာ ၊ သာသနာအပေါ်မှာ အရိုအသေတန်စေမယ့် အပြုအမူ အပြောအဆိုတွေ မလုပ်မိကြပါစေနဲ့။ တိုင်းပြည်ရဲ့အရေးကိစ္စတိုင်းမှာ ဆရာတော် ဘုရားကြီးတွေရဲ့ သြ၀ါဒတွေဟာ လွန်စွာမှ အရေးကြီးသလို အမျိုးသားရေးအမြင်နဲ့ အန္တရာယ်အသွယ်သွယ်ကို ကာကွယ်နေရ ချိန်မှာ တိုက်ခိုက်လာသူတွေဟာ ရန်သူစစ်စစ်တွေဖြစ်တယ်။ မီဒီယာဆိုတာတော့ တိုင်းပြည်ရဲ့ မဏ္ဍိုင်တစ်ခု အဖြစ် တင်စားထားပေမယ့် နေရာတကာမှာ ဗိုင်းရပ်စ်အဖြစ် မီဒီယာလောကထဲမှာ နေရာယူထားကြတာလဲ များစွာပါပဲ။ သတိထား ဆင်ခြင်ရမှာက ကျွန်တော်တို့ရဲ့ အမျိုးသားနိုင်ငံတော်ကို ပျက်စီးရာ ပျက်စီးကြောင်း အမြဲတမ်း ကြံဆနေသူတွေဟာ ဘယ်လိုသွေးခွဲရမလဲ ဆိုတဲ့ အစီအစဉ်တွေကို စနစ်တကျ လုပ်ဆောင်မှာ နေမှာ ဖြစ်တဲ့အတွက် သတိထားစောင့်ကြည့် ကာကွယ်သွားရပါလိမ့်မယ်ဆိုတာလေး သုံးသပ်ဖော်ပြလိုက်ရ ပါတယ်။

 နောင်တော်လေး (ဘိုကလေး) by Naung Taw Lay (ဓာတ်ပုံ-ရခိုင်လူငယ်)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်