မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 29 January 2014

ဝန်ထမ်း ၁၇ဝ ကို YouTube က တဆင့် အလုပ်ဖြုတ်


 

အာဂျင်တီးနားနိုင်ငံက ပြည်နယ်မှူးတယောက်ဟာ ဝန်ထမ်း ၁၇ဝ ကို အလုပ်ထုတ်လိုက်ပါတယ်။
ဒီသတင်း စာနယ်ဇင်းထဲရောက်လာရခြင်းက ဝန်ထမ်းလျှော့ချတဲ့ အရေအတွက် များလွန်းတာကြောင့် မဟုတ်ပါဘူး၊ ဒီလို လျှော့ချလိုက်ကြောင်းကို YouTube အင်တာနက်ရုပ်သံကနေ ကြေညာတာကြောင့် ဖြစ်ပါတယ်။
 -
 -  ဒါဟာ သူ့လက်အောက်ဝန်ထမ်း ထက်ဝက်လောက်ကို အလုပ်ဖြုတ်လိုက်ခြင်းပါပဲ။
ဒီလို လျှော့ချရခြင်းကတော့ ဘတ်ဂျက်နည်းတဲ့အတွက်ပါ တဲ့။
အလုပ်မပြုတ်တဲ့ဝန်ထမ်းတွေလည်း ကံကောင်းတယ်လို့တော့ မဆိုနိုင်ပါ။ သူတို့ရဲ့ လစာ ၁၅ ရာခိုင်နှုန်း ဖြတ်မယ်လို့ သူ့ရဲ့ ရုပ်သံ ပြောဆိုချက်မှာ

ကြားရမှာပါ။
လျှော့ချလိုက်ရတဲ့အရေအတွက်ကြောင့်  တယောက်ချင်း သို့မဟုတ် အုပ်စုလိုက် ခေါ်မပြောတာလည်း ဖြစ်နိုင်ပါတယ်။
၁၇၀ ကို ဆယ်ကြိမ် ခွဲတွေ့ပြီးပြောရင် သူ ဆယ်ခါ လေကုန်မယ်၊ စာတိုက်ကနေ အကြောင်းကြားရင်လည်း ပိုက်ဆံကုန်မယ် ဆိုတော့ အခုလို အွန်လိုင်းကနေ လှမ်းပြောလိုက်ခြင်းက ပိုအဆင်ပြေလိမ့်မယ်လို့ ဆိုရမယ် ထင်ပါတယ်၊ ခေါ်ပြောရင် ကော်ဖီတိုက် ဘာတိုက် လုပ်နေရဦးမယ်မဟုတ်လားလို့ ဧရာဝတီဘလော့ http://blog.irrawaddy.org ဖတ်သူ တဦးက လှမ်းပြီး မှတ်ချက်ပြုပါတယ်။
အင်း... စာပို့ပြီးအကြောင်းကြားတာမျိုးတို့ဘာတို့လည်း လုပ်ရမယ် ထင်တယ်၊ အဲသလို အသိမပေးရင် You Tube မကြည့်တဲ့ဝန်ထမ်းက သူ အလုပ်ဖြုတ်ခံရမှန်း ဘယ်သိနိုင်ပါ့မလဲ။
  - ပြည်နယ်မှူးနာမည်က Alberto Weretilneck ဖြစ်ပါတယ်။
ဝန်ထမ်းတွေကို ခေါ်မပြောဘဲ
သူ့မိန့်ခွန်းကို ရုပ်သံရိုက် You Tube ကနေတဆင့် အသိပေးတယ် ဆိုတော့ သူတို့ဆီမှာ အင်တာနက်မြန်နှုန်းက ရွှတ်ခနဲ ရွှတ်ခနဲ ဖြစ်ပါလိမ့်မယ်။
မြန်မာပြည်မှာ You Tube က တဆင့် ပြောရင်တော့ တပတ်ဆယ်ရက်လောက်တော့ ကြိုပြောမှ အဆင်ပြေမယ်လို့ ယူဆရပါတယ်။



0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်