မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 23 January 2014

ဂျပ်စတင်ဘီဘာ မိုင်ယာမီကမ်းခြေမှာ အဖမ်းခံရ

 ~
 -

အဆိုတော်လေး ဂျပ်စတင်ဘီဘာ ဒီမနက်စောစော မိုင်ယာမီကမ်းခြေမှာ အဖမ်းခံရတယ်လို့ မိုင်ယာမီရဲဌာနက အတည်ပြုကြောင်း နိုင်ငံတကာသတင်းတွေမှာ ရေးထားပါတယ်။  မူးယစ်ဆေးသုံးပြီး ကားပြိုင်မောင်းမှုနဲ့ သံသယဖြစ်လို့ ထိန်းသိမ်းထားတာဖြစ်တယ်လို့လည်း သတင်းတွေမှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ရင်းပိုင်း မိုင်ယာမီဝန်းကျင် ဟိုဟိုဒီဒီသွားလာ၊ ဆေးပြင်းလိပ်ခဲနေတဲ့ပုံတွေကို ဒီအဆိုတော်လေးရဲ့ အွန်လိုင်းစာမျက်နှာမှာ တက်တက်လာပါတယ်။

ဒီဖြစ်ရပ်ကတော့ ဆယ်ကျော်သက်အဆိုတော် ဂျပ်စတင်ဘီဘာကို ချစ်သူများအတွက် သတင်းဆိုးကြီးလို့ ဆိုရမှာပါ။

သူ့အကြောင်း ဧရာဝတီဘလော့ပို့စ်တခု http://blog.irrawaddy.org/2013/12/blog-post_4644.html မှာ မကြာသေးခင်က ရေးထားပါသေးတယ်။ အဆိုတော်ဘ၀ကနေ အနားယူဖို့ ပြောဆိုချက်နဲ့ ပတ်သက်တဲ့ ရေးသားချက် ဖြစ်ပါတယ်။


0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်